YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22

22
အော်​ဟစ်​ခြင်း​နှ​င့်​ထော​မ​နာ​သီ​ချင်း
1အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို မ​ကယ်​တင်​ဘဲ အ​ကျွန်ုပ်​အော်​ဟစ်​သော စ​ကား​ကို နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့် အ​ဝေး​မှာ​နေ​တော်​မူ​သ​နည်း။#မ၊ ၂၇:၄၆။ မာ၊ ၁၅:၃၄။ 2အ​ကျွန်ုပ်​ဘု​ရား၊ နေ့​အ​ခါ အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း၊ ကိုယ်​တော်​သည် နား​မ​ထောင်​ပါ။ ည​အ​ခါ အော်​ဟစ်​သော်​လည်း သက်​သာ​ခြင်း​သို့ မ​ရောက်​ပါ။ 3ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။ 4အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​ကြ​ပါ၏။ ကိုး​စား​ကြ​သည်​တွင်၊ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ၏။ 5သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။
6အ​ကျွန်ုပ်​မူ​ကား၊ လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​စ​ရာ၊ လူ​စု​အ​ရှက်​ခွဲ​စ​ရာ​ဖို့ ဖြစ်​ပါ၏။ 7အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။#မ၊ ၂၇:၃၉။ မာ၊ ၁၅:၂၉။ လု၊ ၂၃:၃၅။ 8သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။#မ၊ ၂၇:၄၃။ 9သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။ 10အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။ 11အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။ 12နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။ 13ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။ 14အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။ 15အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။ 16ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ 17ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ 18အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။#မ၊ ၂၇:၃၅။ မာ၊ ၁၅:၂၄။ လု၊ ၂၃:၃၄။ ယော၊ ၁၉:၂၄။ 19အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခွန်​အား​ဗ​လ၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ 20အ​ကျွန်ုပ်​အ​သက်​ကို ဓား​ဘေး​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခွေး​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။ 21ခြင်္သေ့​ခံ​တွင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​တင်၍၊ ကြံ့​ဦး​ချို​ထဲ​မှာ အ​ကျွန်ုပ်​ခေါ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ 22အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။#ဟေ​ဗြဲ၊ ၂:၁၂။
23ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။ 24အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။ 25အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ 26နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် ချီး​မွမ်း​ကြ​လိမ့်​မည်။ သင်​တို့​စိတ်​နှ​လုံး​သည် အ​စဉ်​အ​မြဲ​အား​ဖြည့်​ရ​လိမ့်​မည်။ 27မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။ 28အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​ပိုင်​တော်​မူ၏။ လူ​မျိုး​တို့​ကို မင်း​ပြု​တော်​မူ၏။ 29မြေ​ကြီး​ပေါ်​မှာ ကြွယ်​ဝ​သော​သူ​အ​ပေါင်း​တို့​သည် စား၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။ ကိုယ်​အ​သက်​ကို မ​စောင့်​နိုင်။ မြေ​မှုန့်​သို့​ဆင်း​ရ​သော သူ​အ​ပေါင်း​တို့​သည်​လည်း၊ ရှေ့​တော်၌ ညွှတ်​ပျပ်​ဝပ်​တွား ကြ​လိမ့်​မည်။ 30သူ​တို့​အ​မျိုး​အ​နွယ်​သည်​လည်း ဝတ်​တော်​ကို ပြု​သ​ဖြင့်၊ လူ​အ​စဉ်​အ​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သ​တင်း​တော်​ကို ကြား​ရ​ကြ​လိမ့်​မည်။ 31ဤ​သို့​စီ​ရင်​တော်​မူ​ပြီ​ဟု သူ​တို့​သည် ပေါ်​လာ၍၊ တ​ရား​သော​အ​မှု​တော်​ကို ဖွား​သော​လူ​မျိုး​အား ဖော်​ပြ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။