ရှင်လုကာ 19
19
ခန်း (၁၉)
ကိုယ်တော်ယေရှုဟ ခွန်ကော့သူဇက္ခဲ အား တွီ့ဆုံခြင်း
1အဲနော့ ကိုယ်တော်ယေရှုဟ ဂျေရိခေါဗြို့ဝို ဖြတ်သန်းပီး ကြွတော်မူလေရယ်။ 2အဲဗြို့မှာ ဇက္ခဲဆိုပီးခေါ်ဝို ခွန်ကော့သူဒွေရဲ့ခေါဆော်တစ်ယော့ရှေ့ရယ်၊ သူဟ ချမ်းသာကြွယ်ဝသူဖြစ်ရယ်။ 3သူဟ ကိုယ်တော်ယေရှုဝို ရားဒိုင်း ဗြင်ရှင်ရယ်၊ အယ်ဘေမဲ့ ရပ်ဟလဲ ပု၊ ယေရှုပတ်လည်မှာလည်း လူဒွေ ဝိုင်းအုံနေရိ ဗြင်ရဘဲဖြစ်နေရယ်။ 4အဲဂျော့ ကိုယ်တော်ယေရှုသွားမဲ့ လမ်းဒိုင်းဝို ပလေးပီး သူ့ဝို ဗြင်ရအော် သဖန်းပမ်ပေါ် တက်ရယ်။
5ကိုယ်တော်ယေရှုဟ အဲမိုနေရာဝို ရော့လာခါမှာ မော့ကေ့ပီး “ဇက္ခဲ၊ ဗြန်ဗြန်ဆင်းလာ၊ အယ်နေ့ နန့်အီမှာ ငါတည်းခိုမယ်” ဆိုပီး ပြောလေရယ်။ 6ဇက္ခဲလည်း ဗြန်ဗြန်ဆင်းလာပီး ကိုယ်တော်ယေရှုဝို ဝမ်းသာအားရန ဧည့်ခံလေရယ်။
7အဲမိုဇာဝို လူဒွေဗြင်ခါမှာ “ပြစ်သားရဲ့ အီမှာ သွားတည်းခိုနေပါလော” ဆိုပီး မကျေမနပ်န ပြောဂေ့လေရယ်။
8အဲနော့ ဇက္ခဲဟ မတ်တပ်ရပ်ပီး ကိုယ်တော်ဝို “ကျနော်ရဲ့ ဥစ္စာပစ္စည်းတဝက်ဝို ဆင်းရဲသားဒွေဝို ပေးပါမယ်၊ ဟယ်သူ့ဆီဟဖြစ်ဖြစ် မတရားယူဝါးဝိုဇာဒွေဝို လေးဆပလန်ပေးပါ့မယ်” ဆိုပီး ပြောဝိုခါမှာ။
9ကိုယ်တော်ယေရှုဟ “နန်ဟလဲ အာဗြဟံရဲ့မျိုးဇစ် ဖြစ်ရိတွက် အယ်နေ့ဟစပီး ဘုရားရှင်ဟ နန့်န နန့်မိသားဇုတစ်ဇုလုံးဝို ကယ်တံလိုက်ပီ။ 10ဟဲဂျော့ဆိုဝါ ငါ၊ လူ့သားတော်ဟ ဘုရားရှင် န ဝီးကွာနေသူဒွေဝို ရှာပီး ကယ်တံဝို့ ကြွလာဇာဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
ငွေဆယ်မီနာ ပုံဥပမာ
11လူထုပရိသတ်ဒွေဟ ကိုယ်တော်ယေရှုမိတော်မူဇာမှန်သမျှဝို နားထော်နေဂေ့ရယ်။ ကိုယ်တော်ဟ ဂျေရုဆလင်ဗြို့နားဝို ရော့လာဝိုခါမှာ လူဒွေဟ ကိုယ်တော်ရော့လာန ဘုရားရှင်သာသနာတော်ဟ ချင့်ချင်း ပေါ်ထွန်းလာဝေါ့မယ် ဆိုပီး ထံနေဂေ့ရိတွက် ကိုယ်တော်ဟ ပုံဥပမာတစ်ခုန မိတော်မူလေရယ်။ 12ကိုယ်တော်ဟ “ရေးကီးဝို မိသားဇုဟ ဆင်းသက်လာဝိုလူတစ်ယော့ဟ သူ့ဒေသရဲ့ ဘုရင်ဖြစ်န ခန့်အပ်ခံရဝို့ တိုင်းတစ်ပါးဝို ခရီးထွက်သွားပီး အုပ်ချုပ်ဝို့ ပလန်လာလေရယ်။ 13သူဟ မသွားခံမှာ စေခံဆယ်ယော့လုံးဝို ခေါ်ပီး ယော့ချင်းစီဝို ငွေတစ်မီနာ#19.13 မီနာ မီနာ ဟ လုပ်သမားတစ်ယော့ရဲ့ ရစ်တစ်ရာလုပ်အားခ န ညီမျှရယ်။ဆီ ပေးပီး သူ့နို့ဝို ပြောဇာဟ ‘အယ်မိုပိုက်ဆံဝို သုံးပြုပီး ငါပလန်လာဝိုခီထိ ရင်းနှီးလုပ်ကိုင် စားသော့ဂေ့ပါ’ ဆိုပီးမှာခဲ့ရယ်။
14အဲတိုင်းပြည်ဟ လူဒွေဟ သူ့ဝို ကြိုက်ဂေ့ဘဲရိတွက် ရှေ့တော်ပလေးဒွေဝို စေလွှတ်ပီး ‘အဲလူ အုပ်ချုပ်မှာဝို နို့ မလိုလားရ’ ဆိုပီး ပြောခိုင်းရယ်။
15သူ ထီးနန်းဆစ်ခံပီးနော့ ပလန်လာဝိုခါမှာ ရင်းနှီးလုပ်ကိုင်ရားဝို မလတ်ငွေ ဟယ်လော့ရနူးဆိုဇာဝို သိဝို့ သူငွေအပ်ရစ်ဝို စေခံဒွေဝို ခေါ်လိုက်လေရယ်။
16ပထမစေခံဟ ရှေ့ထွက်လာပီး ‘အရှင်အပ်ရားဝိုငွေန ကျော် ဆယ်ဆလော့ မလတ်ရပါရယ်’ ဆိုပီး ပြောလေရယ်။
17ဘုရင်ဟ ‘တော်ဇမား၊ နန်ဟ စေခံကောတစ်ယော့ဘဲ့၊ သေးမွှား ကိစမှာဂို သစ္စာရှေ့ရယ်ဆိုလောဝါ ဗြို့ဆယ်ဗြို့ဝို ပိုင်စားဇေ’ ဆိုပီး ပြောရယ်။
18ဒုတိယစေခံဟ လာပီး ‘အရှင်အပ်ရားဝိုငွေန ကျနော် ငါးဆလော့ မလတ်ရပါရယ်’ ဆိုပီး ပြောဝိုခါမှာ။
19ဘုရင်ဟ ‘နန်လဲ ဗြို့ငါးဗြို့ဝို ပိုင်စားဇေ’ ဆိုပီး ပြောရယ်။
20စေခံနော့တစ်ယော့ဟ ‘ကေ့ပါ၊ ဘုရင်ရဲ့ ငွေပါ၊ ဝတ်နထုပ်ပီး သီးရားပါရယ်။ 21အရှင်မန်းဂီးဟ ခက်ထန်သူ၊ အရှင်ပိုင်ဆိုင်ဝို ဥစ္စာမုဘဲန သီးယူတတ်ပီး၊ စိုက်ပျိုးရားဇာမှေ့ဘဲဝို ကော့ပဲသီးနှံဒွေဝို ရိသီးတတ်သူ လယ်သမားမျိူးဖြစ်မှန်း သိရိဂျော့ ကျနော် ကြော့နေဇာဖြစ်ရယ်’ ဆိုပီး ပြောလေရယ်။
22ဘုရင်ဟ ‘ဆိုးညစ်ဝိုစေခံ၊ နန့်ရဲ့ဂါးတိုင်း နန့်ဝိုစီရင်မယ်၊ ငါဟ ခက်ထန်ဝိုသူ၊ ကိုယ်အပ်ရားဇာမှေ့ဘဲဝို အဿပြာပိုက်ဆံဝို သီးယူတတ်ပီး ကိုယ်စိုက်ရားဇာမှေ့ဘဲဝိုဇာဝို ရိသီးတတ်သူဖြစ်မှန်း နန်သိရယ်ဆိုဝါ။ 23ငါ့ပိုက်ဆံဝို တိုးခလထားသင့်ရယ်မုဝလော၊ အဲမျိုးဆိုဝါ ငါပလန်လာခီမှာ ရင်းရော တိုးပါ ရမှာမုဝလော’ ဆိုပီး ပြောလေရယ်။
24အဲနော့ နားမှာရပ်နေသူဒွေဝို ခေါ်လိုက်ပီး ‘သူ့ဆီဟ အဿပြာပိုက်ဆံဝိုယူပီး ဆယ်ဆတိုးပွားအော်လုပ်နိုင်သူဝို ပေးလိုက်’ ဆိုပီး ပြောရယ်။
25သူ့နို့ဟ ‘အရှင်၊ သူ့ဆီမှာ ပိုက်ဆံ ဆယ်ဆရှေ့ပီးသားဘဲ့’ ဆိုပီး ရှော့တံဂေ့ဝိုမှာ။
26ဘုရင်ဟ ‘နန်းနို့ဝို ငါပြောမယ်။ တစ်ခုခုရှေ့ပြီး အဲမိုဇာဝို တိုးပွားအော်လုပ်နိုင်ဝိုသူဝို ပိုပြီးပေးမယ်။ အယ်ဘေမဲ့ တိုးပွားအော် လုပ်ဘဲဝိုသူဟလောဝါ သူ့ဆီမှာရှေ့ဝိုဇာဂိုမှ သီးယူခံရမယ်။ 27ခု၊ ငါ့ဝို ဘုရင်ဖြစ် မလိုလားအပ်သူဒွေဝို ငါ့ရှေ့ဝို ခေါ်လာခဲ့လိုက်၊ ငါ့ရှေ့မှာဘဲ့ သူ့နို့ဝို သတ်လိုက်’ ဆိုပီး မိပေးလိုက်ရယ်။” ဆိုပီး မိတော်မူလေရယ်။
ဂျေရုဆလင်ဗြို့ဝို ဘုရင်ဖြစ်န ဝမ်ရော့တော်မူခြင်း
28ကိုယ်တော်ယေရှုဟ အဲမျိုးပြောပီးနော့ ဂျေရုဆလင်ဗြို့ဝို ခရီးဆစ်လေရယ်။ 29သံလွင်တော်နားမှာရှေ့ဝို ဗက်ဖာဂေဝါန ဗေသနိဝါရော့ခါမှာ ရှေ့ပြေးဖြစ်န ဗြိတော်နှေ့ယော့ဝို ကြိုတံစေလွှတ်လေရယ်။ 30ကိုယ်တော်ယေရှုဟ သူ့နို့ဝို “ရှေ့ဟ ဝါဝို သွားလိုက်ပါ၊ အဲမှာ ခါလဲ စီးရသေးဘဲဝို မြည်းတဂေါ်ဝို ခယ်ရားဇာဝို တွီ့ရလိမယ်၊ ကြိုးဖြေပီး အဲမြည်းဝို အယ်ဝိုဆွဲလာခဲ့။ 31ယော့ယော့ဟ ‘ဟဲဂျော့ မြည်းကြိုးဖြေနေနူး’ ဆိုပီး မေးရယ်ဆိုဝါ ‘ငါကိုယ်တော်ယေရှု လိုအပ်ရိဂျော့’ ဆိုပီး ပြောလိုက်” ဆိုပီး မှာလေရယ်။
32ဗြိနှေ့ယော့ဟလည်း ထွက်ရားပီး ကိုယ်တော်ယေရှုပြောတိုင်း တွီ့လေရယ်။ 33မြည်းကြိုးဝိုဖြေနေခီမှာ ပိုင်ရှင်ဟ “ဟဲဂျော့ မြည်းကြိုးဝို ဖြေနေဇာနူး” ဆိုပီး မေးဝိုခါမှာ။
34ဗြိတော်ဒွေဟ “ကိုယ်တော်ယေရှု သုံးလိုအပ်ရိဂျော့ပါ” ဆိုပီး ပလန်ဖြေလေရယ်။ 35အဲမျိုးန မြည်းဂန်းရားဝို ကိုယ်တော်ဆီဝို ဆွဲလာပီး သူ့နို့ရဲ့ ဝတ်ရုံဝို မြည်းကျောပေါ် မှာ ခမ်းပေးလေရယ်၊ ကိုယ်တော်ယေရှုဟ မြည်းဂန်းရားဝို စီးလာရယ်။ 36ကိုယ်တော်ယေရှု မြည်းစီးလာခါမှာ လူဒွေဟ သူနို့ရဲ့ ဝတ်ရုံဝို လမ်းပေါ်ဖြန့်ခမ်းရားဂေ့ရယ်။
37ကိုယ်တော်ယေရှု သံလွင်တော် ဆင်းလမ်းနားဝို ရော့လာခါမှာ ဗြိတော်ဒွေဟ သူ့နို့ဗြင်ရားဝို အံ့ဖွယ်မှုကိစဒွေဂျော့ ဝမ်းမြော့ဝမ်းသာဖြစ်ပီး ဘုရားရှင်ဝို ကလယ်ဂီး ချီးမွမ်းဂေ့ရယ်။
38“ဘုရားရှင်ရဲ့နာမတော်န ကြွရော့လာမဲ့ ဘုရင်ဟ ကံကောလိမယ်ဖြစ်ရယ်။ ရွှေဗြို့တော်မှာ ငြီးချမ်းခြင်းရှေ့ပီး ဗြင့်ဆုံးရွှေဗြို့တော်မှာ ဘုရားရှင်ဝို ချီးမွှမ်းနိုင် ပါစေ။” ဆိုပီး မိတော်မူလေရယ်။
39လူအုပ်ထဲမှာပါလာဝို ဖာရိရှဲချို့ဟ “ဆရာ၊ ဗြိတော်ဒွေဝို တိတိနေဝို့ ပြောပါဦး” ဆိုပီး ပြောဝိုခါမှာ။
40ကိုယ်တော်ယေရှုဟ “ငါပြောပြမယ်၊ သူ့နို့သာ တိတိနေမယ်ဆိုဝါ ကလော့ခဲဒွေဂိုမှ ကြွေးကြော်ဂေ့လိမယ်” ဆိုပီး ပလန်ပြောလေရယ်။
ဂျေရုဆလင်ဗြို့တွက် ငိုကြွေးတော်မူခြင်း
41အဲနော့ ကိုယ်တော်ဟ ဂျေရုဆလင်ဗြို့နားဝို ရော့ဝိုခါမှာ ဗြို့ဝို ဗြင်ဝိုခါမှာ ကိုယ်တော်ဟ စပီး မျစ်ရယ်ကလတော်မူပီး 42ပြောဝိုဇာဟ “ဂျေရုဆလင်ဗြို့မှာရှေ့ဝိုလူဒွေ၊ ဟဲရာဇာဟ ငြီးချမ်းရေးယူလာရယ်ဆိုဇာဝို နန့်ရဲ့ဗြို့သူဗြို့သားတွေ သိဂေ့ဘဲဇာဟ ရားဒိုင်းဆိုးဝါးရယ်။ အယ်ဘေမဲ့ ခုကလလောဝါ အဲမိုဇာဝို နန်းနို့ရဲ့မျစ်စိရှေ့မှာတင် ကွယ်ဝှက်ရားဇာခံရပီ။ 43ဟဲဖြစ်ရိနူးဆိုဝါ ဘေးဒုက္ခခံစားရဝို့ခီကာလဟ နန်းနို့ဆီဝို ရော့လာဝေါ့မှာ ဖြစ်ရယ်။ အဲမိုခီမှာ နန်းနို့ရဲ့ ရန်သူဒွေဟ နန်းနို့ရဲ့ပတ်လည်မှာ ဗြို့ရိုးတစ်ခု တည်ဆော့ပီး နန်းနို့ဝို ဝန်းရံထားဂေ့လိမယ်။ အဲနော့ နန်းနို့ဝို နေရာဇုံဟနေ ပိဆို့ပီး တိုက်ခိုက်ဂေ့လိမယ်ဖြစ်ရယ်။ 44နန်းနို့ရဲ့ဗြို့တစ်ဗြို့လုံးဟ မလေ န တစ်ညီဒဲဖြစ်ရားဝိုထိ နန်းနို့ရဲ့ ဆော့ဦးဒွေ န နံရံဒွေ ကူဝါးဝိုထိ သူ့နို့ဟ ဖြိုခလဖျစ်ဆီးဂေ့လိမယ်ဖြစ်ပြီး နန်းနို့ဗြို့ဟ လူဒွေဂူလုံးဝိုလဲ သတ်ဖြတ်ဂေ့လိမယ်ဖြစ်ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဝို ကယ်တံဝို့တွက် ဘုရားရှင်ဟ မေရှိယဝို စေလွှတ်တော်မူဝို့ခီဝို နန်းနို့ဒိထားမိဂေ့ဘဲရိဂျော့ဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။
ဗိမာန်တော်ဝိုသန့်ရှင်းစေတော်မူခြင်း
45အဲနော့ ကိုယ်တော်ယေရှုဟ ဗိမာန်တော်ဝို ဝမ်ပီး အဲနေရာမှာ ရောဝယ်နေသူဒွေဝို မောထုလိုက်လေရယ်။ 46ကိုယ်တော်ဟ သူ့နို့ဝို “ ကျမ်းစာမှာ ရေးရားဇာဟ ငါ့အီ#19.46 ငါ့အီ အယ်နေရာမှာ ငါ့အီ ဆိုဇာဟ ဂျေရုဆလင်ဗြို့ဟ ဗိမာန်တော်ဝို ပြောဇာဖြစ်ရယ်။ဟ ဆုတောဝိုနေရာဖြစ်ရယ်။ အယ်ဘေမဲ့ နန်းနို့ဟ မလဒွေ စုဝိုနေရာဖြစ်အော် လုပ်နေဂေ့ရယ်။” ဆိုပီး မိတော်မူလေရယ်။
47အဲနော့ ကိုယ်တော်ယေရှုဟ ဗိမာန်တော်ဝန်းမှာ နေ့ဒိုင်း သွန်သန်ပေးလေရယ်။ ဂျူးပုရောဟိတ်ကြီးကဲဒွေ၊ ကျမ်းတတ်ဆရာဒွေ၊ ခြားဂျူးလူမျိုးကြီးကဲဒွေဟ ကိုယ်တော်ယေရှုဝို သတ်ဝို့ ကြိုးစားနေဂေ့ပေမဲ့။ 48လူထုပရိသတ်ဒွေဟ ကိုယ်တော်ဟောပြောသွန်သန်ဇာဒွေဝို နာကြားဝို့ ဆန္ဒပြင်းပြပီး နီးကပ် နေနေဂေ့ရိဂျော့ သူ့နို့ဟ ကိုယ်တော်ဝို လုပ်ကြံသတ်ဖြတ်ဝို့ နည်းလမ်းဝို ကြံရိ မရနိုင်ဖြစ်နေဂေ့ရယ်။
ទើបបានជ្រើសរើសហើយ៖
ရှင်လုကာ 19: TVN
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Dawei (ထားဝယ်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.