ရှင်လုကာ 15

15
ခန်း (၁၅)
ပျော့ဆုံးရားဝို သိုးပုံဥပမာ
(ရှင်မဿဲ ၁၈.၁၂-၁၄)
1နေ့မှာ ခွန်ကော့ခံသူဒွေန ခြားပြစ်ဒုဇရိုက်သမားဒွေဟ ကိုယ်တော်ယေရှုရဲ့ ဂါးဝို နားထော်ဝို့တွက် လာရော့ဂေ့လေရယ်။ 2အဲမိုဂျော့ ဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒွေဟ ကိုယ်တော်ဟ အဲမိုပြစ်ရှေ့သူဒွေန ပေါသင်းပီး သူနို့နတူတူ စားသော့နေဇာတွက် မကျေမနပ်ဖြစ်ဂေ့လေရယ်။
3အဲခါ ကိုယ်တော်ယေရှုဟ သူ့နို့ဝို ပုံဥပမာဝို မိတော်မူလေရယ်။ 4“နန်းနို့ထဲဟ တစ်ယော့ဟ သိုးကော်တစ်ရာရှေ့ပီး တစ်ဂေါ်ပျော့ရယ်ဆိုဝါ သူဟ သိုးကိုးဆယ့်ကိုးဂေါ်ဝို စိခလရဝို ကျစ်စားရာနေရာမှာ ချန်ထားရစ်ပီး ပျော့ရားဝို သိုးတစ်ဂေါ်ဝို မတွီ့မချင်း သွားရှာလိမယ် ဖြစ်ပေရယ်။ 5အဲနော့ သူဟ ရှာတွီ့ခါမှာ သူ့ပုခုံးပေါ်မှာထမ်းပီး ဝမ်းသာအားရနပလန်လာပီး။ 6သူဟ သူ့အီဝိုပလန်ရော့ခါမှာ သူ့ရဲ့ မိဆွေဒွေန အီဇာနီးချင်းဒွေဝိုခေါ်ပီး ‘ငါ့န တူတူ ဝမ်းမြော့ဂေ့ပါ၊ ငါ့ရဲ့ ပျော့ဆုံးနေဝိုသိုးဝို ရှာတွီ့ပီ’ ဆိုပီး ပြောမယ်ဖြစ်ရယ်။ 7အဲမိုမျိုးဘဲ့ ငါ နန်းနို့ဝိုပြောမယ်။ အဲမိုမျိုးဘဲ့ ကိုယ့်ကိုကိုယ် ရိုးသားဖြော့မတ်ရယ်ဆိုပီး ထံမှားနေပီး ပြစ်ဟနေ နော်ဒရဘဲဝို လူကိုးဆယ့်ကိုးယော့ထက် ပြစ်ဟနေ နော်ဒရဝို ပြစ်ဒုဇရိုက်မားတယော့တွက် ရွှေဗြို့တော်မှာ ဝမ်းမြော့ခြင်းရှေ့လိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
ပျော့ဆုံးဝိုငွေဒန်းဂါး ပုံဥပမာ
8အဲနော့ ကိုယ်တော်ယေရှုဟ လူထုဝို ခြားပုံဥပမာတစ်ခုန မိဆိုဇာဟ “မျိုးမီးယော့မှာ ငွေဒန်းဂါးဆယ်ပြားရှေ့ပီး ဒန်းဂါးတစ်ပြား ပျော့ဆုံးဝါးရယ်ဆိုဝါ မီးအီဝို ထွန်းပီး အီလုံးဝို ဗျစ်စည်းနလှည်းပီး တွီ့ထိ ဂရုစိုက်ရှာဖွေမယ်ဖြစ်ရယ်။ 9အဲနော့ သူဟ အဲဇာဝို ရှာတွီ့ခါမှာ သူရဲ့ မိဆွေဒွေန အီဇာနီးချင်းဒွေဝိုခေါ်ပီး ‘ပျော့ဆုံးဝါးဝို ကျမရဲ့ ဒန်းဂါးဝိုရှာတွီ့ပီဖြစ်ရိတွက်ဂျော့ ငါ့န တူတူ ဝမ်းသာဂေ့ပါ’ ဆိုပီး ပြောလိမယ်။ 10အဲမိုမျိုးဘဲ့ နော်ဒသံဝေဂရပီး ဘုရားရှင်ဖက်ဝို ပလန်လှည့်လာဝို သူတယော့တွက်ဂိုမှ ဘုရားရှင်ရဲ့ နတ်ဒေဝါဒွေဆီမှာ ဝမ်းမြော့ဝမ်းသာ ဖြစ်ဂေ့ရရယ်” ဆိုပီး မိတော်မူလေရယ်။
ပျော့ဆုံးဝိုသား ပုံဥပမာ
11အဲနော့ ကိုယ်တော်ယေရှုဟ ခြားပုံဥပမာခုဝို ပြောပြလေရယ်။ “လူတယော့ဟ သားနှေ့ယော့ရှေ့လေရယ်။” 12သားငယ်ဟ သူ့ရဲ့ ဖ ဝို ပြောလိုက်ဝိုဇာဟ “ဖေ၊ ကျနော်နဆိုင်ဝို စည်းဇိမ်ဥစ္စာမွီဝို ကျနော့်ဝို ခုဘဲ့ခွဲဝီပေးပါ” ဆိုပီး ပြောဝိုခါမှာ ဖဖြစ်သူဟ သူရဲ့ပိုင်ဆိုင်မှုဒွေဝို သားနှေ့ယော့ဝို ခွဲဝီပေးလေရယ်။
13ရစ်နည်းငယ်ကြာမှာ သားငယ်ဟ သူရဲ့စည်းဇိမ်ဥစ္စာဒွေဝို ရောလိုက်ပီး ပိုက်ဆံဒွေန အီဟထွက်ခွာပီး ဝေးကွာတဲ့ တိုင်းတပါးနေရပ်ဝို သွားလေရယ်၊ သူဟ မဆင်မခြင် ပေါ့ပေါ့တန်တန် နေထိုင်ပီး သူ့ငွေဒွေဝို ဖလူးတီးပစ်လေရယ်။ 14အဲန သူဟ သူ့ပိုက်ဆံဒွေဂူလုံး ကူဝါးဝိုခီမှာ အဲမိုနိုင်ငံတစ်ခုလုံးမှာ ငတ်ဘေးဂီး ပြင်းပြင်းထန်ထန်ကလရော့ရိတွက် သူဟ စပီး ငတ်ပြတ်လာလေရယ်။ 15သူဟ အဲတိုင်းပြည်မှာရှေ့ဝို လူတယော့ဆီ သွားပီး အဲလူဟ သူရဲ့လယ်ထဲဟ ဝက်#15.15 ဝက် ဂျူးဥပဒေမှာ ဝက်ဒွေဟ သန့်ရှင်းဘဲဝို လိဆန်ဒွေဖြစ်ရယ် ဆိုပီး ဂျူးဒွေဟ ယူဆဂေ့ရယ်။ အဲမိုပညတ်တရားဂျော့ ဂျူးဒွေဟ ဝက်သားစားဂေ့ရ။ အဲဂျော့ ဂျူးဒွေဟ ဝက် န ဝက်ထီးမားဒွေဝို မထီလေးစားလုပ်ဂေ့ရယ်။ဒွေဝို စာကျွေးဝို့တွက် သူ့ဝိုစေလွှတ်လေရယ်။ 16အဲမိုတိုင်းပြည်ဟ ယော့လဲ သူ့ဝို စားဇာပေးဘဲရိတွက် သူဟ ရားဒိုင်းဗိုက်ဆာလာရိတွက် ဝက်ဒွေစားနေဝို စားဇာ#15.16 စားဇာ မူရင်းကျမ်းမှာ ဝက်ဒွေစားဝို ပဲဒေါ့ ဆိုပီး ရေးရားရယ်။ဂိုမှ သူဟစားရှင်လာလေရယ်။
17အယ်ဘေမဲ့ သူဟ သူလုပ်ရစ်ဝို ကိစဒွေတွက် ဘောပေါ့လာခဲ့ရယ်၊ သူဟ “ငါ့ဖ ငှားရားဝို စေခံဒွေဟ စားဇာ ဝဝလင်လင်စားရဂေ့ရယ်။ အယ်ဘေမဲ့ ငါကလလော အယ်မှာ စာငတ်ပီး သေရတော့မယ်ဖြစ်ရယ်။ 18ငါဟ အဲရပ်ဟနေ ထွက်ခွာပီး ငါ့ရဲ့ဖခင်ဆီဝိုသွားပီး သူ့ဝိုပြောပြမှဖြစ်လိမယ်၊ အဖေ၊ ဘုရားရှင် န သင့်ဝို ကျနော် ဆန့်ကျင်ပီး ပြစ်မှားမိပါပီ။ 19ကျနော်ဟ သင့်ရဲ့သားဖြစ် သတ်မှတ်ခံရဇာန ထိုက်တန်ရ၊ ကျနော့်ဝို သင့်ရဲ့ ခကြေးငွေပေးဆော်ရဒဲ့ လုပ်သမားဒွေထဲဟယော့ ဖြစ်ခွမ့်ပြုပါ။” ဆိုပီး ပြောမယ်ဆိုပီး တွီးတောလေရယ်။ 20အဲဂျော့ အဲလူငယ်ဟ အဲမိုတိုင်းပြည်ဟနေ ထွက်ခွာပီး သူ့ဖဆီဝို ပလန်လာလေရယ်။ သူဝီးမှာရှေ့နေခီမှာဒဲဟ သူ့ဖဟ သူ့ဝိုဗြင်ပီး နားကြင်နာစိန သားဖြစ်သူဆီဝို ပလေးပီး ပွေ့ဖက်နမ်းရှုံ့လေရယ်။ 21သားဖြစ်သူဟ သူ့ဝို “ဖေ၊ ကျနော်ဟ ဘုရားရှင် န ဖေဝိုပြစ်မှားမိပါပီ၊ ကျနော့်ဝို ဖေရဲ့သားဆိုပီး ဆစ်ပီး ခေါ်ထိုက်ဟန်း#15.21 ဖေရဲ့သားဆိုပီး ဆစ်ပီး ခေါ်ထိုက်ဟန်း ချို့ ဂရိလက်ရေးစာမူဒွေမှာ “ကျနော့်ဝို သင့်ရဲ့လုပ်သမားတယော့နေန ဆစ်ဆံပါ” ဆိုဝိုဇာ ပါရယ်။” ဆိုပီး ပြောလေရယ်။
22အယ်ဘေမဲ့ ဖခင်ဟ သူရဲ့စေခံဒွေဝို “ကောဆုံး ဝတ်ရုံဝို ဗြန်ဗြန်ယူလာဂေ့ပါ။ သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ပေးဂေ့ပါ၊ သူ့လက်မှာ လက်စွပ်ဝတ်ဆင်ပေးပီး သူ့ရဲ့ခေဒေါ့ဝိုလဲ ခေနပ်စီးပေးလိုက်ပါ” ဆိုပီး ပြောလေရယ်။ 23အဲနော့ ဝဝဖြိုးဖြိုးရှေ့ဝိုနွားပျိုဝို ယူလာပီးသတ်ဂေ့ပါ။ စားသော့ပွဲဂီး ဆင်နွှဲဂေ့ပါစို့။ 24ဟဲဂျော့ဆိုဝါ သေဆုံးရားဝို ငါ့သားဟ ခုဘဲ့ သက်ပလန်ရှင်လာပီဖြစ်ရယ်၊ သူဟ ပျော့ဆုံးဝါးပီး ခုသူ့ဝို ရှာတွီ့ပီဖြစ်ရယ်၊ အဲနော့ သူ့နို့ဟ စားသော့ပွဲဝို ဆင်နွှဲဂေ့လေရယ်။
25အဲနေရာမှာ လယ်ဂွမ်းဟနေပလန်လာဝို သူရဲ့သားဂီးဟ အီနားရော့ခါနီးမှာ တေးဂီတသံဒွေန ကခူနေဝိုသံဒွေဝို ကြားလေရယ်။ 26အဲမိုဂျော့ သူဟ စေခံဒွေထဲဟ ယော့ဝိုခေါ်ပီး ကျိုးကြောမေးမြန်းလေရယ်။ 27စေခံဟ သူ့ဝို “သင့်ရဲ့ညီဖြစ်သူဟ ကျန်းကျန်းမာမာန အီဝိုပလန်လာခဲ့ရိ သင့်ရဲ့ဖခင်ဟ ဝဝဖြိုးဖြိုးရှေ့ဝိုနွားပျိုဝို သတ်ခိုင်းပီး ပွဲတော်ကျင်းပနေဇာဖြစ်ရယ်၊ သူဟ အီဝို ဘေးကမ်းလုံခြုံစွာန ပလန်လာနိုင်ခဲ့ရိတွက်ဂျော့ ဖြစ်ပါရယ်” ဆိုပီး ပြောလေရယ်။
28အဲခါ သားဂီးဖြစ်သူဟ စိဆိုးပီး အီထဲဝို မဝမ်ရ၊ ဖဖြစ်သူဟ ပလန်ဖက်ဝို ထွက်လာပီး သူ့ဝို အီထဲဝိုဝမ်ဝို့ ဖျောဖျလေရယ်။ 29သားဂီးဟ သူရဲ့ဖခင်ဝို “ကျနော်ဟ နှစ်ပေါကြာရီး ဖေဆီမှာ လုပ်ကျွေးပြုဇုခဲ့ရယ်၊ ဖေရဲ့ မိဆိုဂါးမှန်သမျှဝို ခါလဲ လွန်ဆန်ခဲ့ရ နာခံခဲ့ပါရယ်၊ အယ်ဘေမဲ့ ဖေဟ ကျနော့်ဝို ကျနော်ရဲ့ ငယ်ချင်းဒွေန ပျော်ပါးဝို့တွက် ဆိရားဂေါ်ဂိုမှ ပေးခဲ့ဇာ မှေ့ရ။ 30ဖေရဲ့သားငယ်ဟ ငွေဒွေဝို ပြည့်တန်ဆာဒွေတွက် ဖလူးတီးပစ်ခဲ့ရယ်၊ ဖေရဲ့သားငယ် အီဝိုပလန်လာဝိုကလလောဝါ ဖေဟသူ့တွက် ဝဝဖြိုးဖြိုးရှေ့ဝိုနွားပျိုဝို သတ်ပေးခဲ့ရယ်” ဆိုပီး ပြောလေရယ်။
31အဲန သူ့ဖဟ သူ့ဝို “သားရယ်၊ သားဟ ဖေနတူတူမြဲရှေ့နေဇာပဲ့၊ ဖေရဲ့ဥစ္စာရှေ့သမျှဟ သားရဲ့ဥစ္စာဒွေမုဝလော။ 32သားရဲ့ညီဟ သေရားဝိုမျိုးဖြစ်နေဇာဟနေ ပလန်သက်ရှင်နေခဲ့ပီဖြစ်ရိတွက်ဂျော့ နို့ပျော်ပျော်ရွှင်ရွှင်န ဆင်နွှဲနေဂေ့ဇာပဲ့ဖြစ်ရယ်၊ သားငယ် ပျော့ဆုံးရားပီးမှ ပလန်ရှာတွီ့ခဲ့ရိဂျော့ဖြစ်ရယ်” ဆိုပီး ပြောလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 15: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល