ရှင်လုကာ 14

14
ခန်း (၁၄)
ကိုယ်တော်ယေရှုဟ လူနာတယော့ဝို ကျန်းမာစေခြင်း‌
1ဥပုသ်နေ့တစ်နေ့မှာ ကိုယ်တော်ယေရှုဟ ဖာရိရှဲခေါဆော်တစ်ယော့ရဲ့ အီဝို မှန်းစားဝို့ သွားရော့လေရယ်၊ ဖာရိရှဲ န ကျမ်းတတ်ဆရာဒွေဟ ကိုယ်တော်ယေရှုဝို နီးကပ် စော့ကေ့နေဂေ့လေရယ်။ 2အဲနော့ အဲနေရာမှာ ခေဒွေ လက်ဒွေရော်ကိုင်းနေဝို လူတစ်ယော့ ကိုယ်တော်ယေရှုရှေ့မှာ ရှေ့နေလေရယ်။ 3အဲမိုဂျော့ ကိုယ်တော်ယေရှုဟ ဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒွေဝို “ဥပုသ်နေ့မှာ နာရောဂါဒွေကုသဇာဟ ပညတ်တော်န ညီလော၊ ညီရလော” ဆိုပီး မေးမြန်းလေရယ်။ 4အယ်ဘေမဲ့ သူ့နို့ဟ နှုဆိနေဂေ့လေရယ်၊ အဲမိုဂျော့ ကိုယ်တော်ဟ အဲမိုလူပေါ်ဝို သူ့လက်ဝိုတံပီး သူ့ဝိုကုသပေးပီး ပလန်လွှတ်လိုက်လေရယ်။
5အဲနော့ ကိုယ်တော်ဟ သူ့နို့ဝို “ဥပုသ်နေ့မှာ နန်းနို့ရဲ့သားဘဲ့ဖြစ်ဖြစ် နွားဘဲ့ဖြစ်ဖြစ် ရေတွမ်းထဲဝိုကလရယ်ဆိုဝါ ချင့်ချင်းဆွဲတံဘဲန နေဂေ့မယ်လော” ဆိုပီး မိတော်မူလေရယ်။ 6အယ်ဘေမဲ့ သူ့နို့ဟ ပလန်ပီး ဖြေကြားနိုင်ဇာ မှေ့ဂေ့ရ။
နှိခလခြင်းကြော သွန်သန်တော်မူခြင်း
7အဲနော့ ကိုယ်တော်ယေရှုဟ စားသော့ပွဲဝို ဖိကြားခံရဝိုသူဒွေဟ ကောဆုံးနေရာဒွေဝို ဝီးချယ်နေဝိုဇာဝို ဗြင်ဝိုခါမှာ ကိုယ်တော်ဟ သူ့နို့ဝို ပုံဥပမာခုဝို မိတော်မူလေရယ်။ 8“ဇုံတစ်ယော့ဟ နန်းနို့ဝို မြင်ဂလာဆော်ပွဲဝို ဖိကြားခါမှာ ကောဆုံးနေရာမှာ ထိုင်ဂေ့ပါန။ ဟဲဂျော့ဆိုဝါ သူဟ နန့်ထက်ပိုပီး ရေးကီးဝိုသူဝို ဖိကြားရားဇာ ဖြစ်နိုင်ရိတွက်ဂျော့ဖြစ်ပါရယ်။ 9နန်းနို့နှေ့ယော့စလုံးဝို ဖိကြားရားဝိုလူရော့လာဝိုခါမှာ သူဟ နန့်ဝို ပြောလိမယ်ဖြစ်ရယ်၊ ‘အဲမိုလူဝို နန့်နေရာ ဖယ်ပေးလိုက်ပါ’ အဲနော့ ရလဒ်နေန နန်ဟ ရှက်ရွံ့မှုဝို ခံစားရလိမယ်ဖြစ်ပီး နော့ဆုံးနေရာဝို ယူရလိမယ်ဖြစ်ရယ်။ 10အဲမိုစား ဇုံတစ်ယော့ဟ နန့်ဝို ဖိကြားဝိုခါမှာ နော့ဆုံးနေရာမှာ သွားထိုင်ပါ၊ အဲမိုဂျော့ နန့်ဝိုဖိကြားသူ ရော့လာဝိုခါမှာ သူဟ နန့်ဝိုပြောနိုင်ရယ်။ ‘မိဆွေ၊ ကောဆုံးနေရာမှာ လာထိုင်ပါ။’ အဲနော့ ခြားလူဒွေဟ နန့်ဝိုဖိကြားဝိုလူဟ နန့်ဝို ဟယ်မျှလော့လေးစားမှုရှေ့ရယ်ဆိုဇာဝို တွီ့ဂေ့လိမယ်ဖြစ်ရယ်။ 11ကိုယ့်ကိုကိုယ် ချီးမြော့ဝိုသူဟ နိခလခြင်းဆီ ရော့လိမယ်ဖြစ်ပီး ကိုယ့်ကိုကိုယ် နှိခလဝိုသူဟ ချီးမြော့ခံရဇာဝို ရော့ရှေ့လိမယ်ဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။
12အဲခါ ကိုယ်တော်ယေရှုဟ သူ့ဝိုညစ်ဇာစားဝို့ ဖိခေါ်သူ ဖာရိရှဲဝို မိတော်မူပီးန “နန်ဟ နေ့လည်စာဖြစ်စေ ညစ်ဇာဝိုကျွေးခါဖြစ်စေ နန့်ရဲ့မိဆွေဒွေ၊ နန့်ရဲ့ညီကိုဒွေ၊ နန့်ရဲ့ ချမ်းသာဒဲ့ အီဇာနီးချင်းဒွေဝို နန့်ဝို ပလန်လည်ဖိခေါ်ဇေရှင်ဝို ရည်ရွယ်ချစ်န ဖိကြားခြင်းပြုပါန၊ အဲမိုဇာဟ နန့်ရဲ့ ခုဒဲသောဖြစ်ဝို ဆုလာဘ်ဖြစ်လိမယ်ဖြစ်ရယ်။ 13အဲမိုစား ဆင်းရဲသူဒွေ၊ ချို့တဲ့နေဝိုသူဒွေ၊ ခေလက်သန်စွမ်းဘဲဝို သူဒွေန မျစ်မမြင်ဒွေဝို ဖိကြားဂေ့ပါ။ 14နန်းနို့ဟ ကံကောဂေ့လိမယ်ဖြစ်ရယ်၊ ဟဲဂျော့ဆိုဝါ သူ့နို့ဟ နန်းနို့ဝိုပလန်ပီး ပေးဆပ်နိုင်ဘဲန နေနေဂေ့ပေမဲ့ ဖြော့မတ်သူဒွေ သေရာဟနေသက်ပလန်ရှင်လာဝိုခါမှာ ဘုရားရှင်ဟ နန်းနို့ဝို ပလန်လည်ပီး ပေးဆပ်တော်မူလိမယ်ဖြစ်ရယ်။”
ညစ်ဇာ စားပွဲဂီးပုံဥပမာ
(ရှင်မဿဲ ၂၂.၁-၁၀)
15ကိုယ်တော်ယေရှုနတူတူ ဘွဲမှာထိုင်နေဝိုသူတယော့ဟ အဲမိုဂါးဝိုကြားန အဲမိုသူဟ ကိုယ်တော်ဝို “ဘုရားရှင်ရဲ့သာသနာတော်မှာ ပွဲတော်ဝိုစားရဝိုသူဟ ကံကောရယ်။” ဆိုပီး ရှော့တံလိုက်ရယ်။
16အဲနော့ ကိုယ်တော်ယေရှုဟ အဲမိုလူဝို ပုံဥပမာန ပလန်လည်ပီးဖြေကြားခဲ့ရယ်။ “လူတယော့ဟ ကီးမားဝို ညစ်ဇာစားပွဲဝို ပြင်ဆင်ပီး လူများဂီးဝို ဖိကြားလေရယ်။ 17ညစ်ဇာပြင်ဆင်ပီးဝိုခါမှာ သူဟ သူရဲ့စေခံဝို စေလွှတ်ပီး ဖိကြားထားဝိုသူဒွေဝို ‘လာဂေ့ပါ၊ ဂူလုံးဆင်သင့်ဖြစ်ပါပီ’ ဆိုပီး ပြောကြားစေလေရယ်။
18အယ်ဘေမဲ့ သူ့နို့ဟ ယော့ပီယော့ ဆင်ခြေပေးဂေ့လေရယ်၊ ပထမတယော့ဟ သူ့ဝို ‘ကျနော်ဟ လယ်တစ်ကွက် ဝယ်ပီးပီဖြစ်ပီး ပလန်ဝိုသွားကေ့ရမှာဖြစ်ရိတွက် လာနိုင်ရ။ အဲဂျော့ ခွမ့်လွှတ်ပါ’ ဆိုပီး ပြောဂေ့လေရယ်။
19ခြားတယော့ဟ ‘ကျနော်ဟ နွားငါးရှဉ်း ဝယ်ရားပီးဖြစ်ပီး သူ့နို့ဝို ပလန်ဝိုလွှတ်ပေးရမှာ ဖြစ်ရိတွက် လာနိုင်ရ၊ အဲဂျော့ ခွမ့်လွှတ်ပါ’ ဆိုပီး ပြောလေရယ်။
20အဲနော့ ခြားသူတယော့ဟ ‘ကျနော်ဟ ခုဘဲ့ လက်ထပ်ပီးဖြစ်ရိတွက်ဂျော့ ကျနော်မလာနိုင်ရ’ ဆိုပီး ပြောလေရယ်။
21အဲခါ အဲမိုစေခံဟ သူသခင်ဆီပလန်လာပီး အဲမိုကြောရာဒွေဝို သူ့သခင်ဝိုပြောပြလေရယ်။ အဲနော့ သခင်ဟ ဒေါသထွက်ပီး သူ့ရဲ့ စေခံဝို ‘ဗြို့ရဲ့လမ်းဒွေန လမ်းဂျားဒွေဝို ဗြန်ဗြန်ထွက်ရားပီး ဆင်းရဲနွမ်းပါးဝိုသူ၊ ဆွံ့အဝိုသူ၊ မျစ်စိဗြင်ဘဲဝိုသူ၊ ခေဒေါ့မသန်စွမ်းဘဲဝိုသူဒွေဝို ခေါ်လာပါ’ ဆိုပီး ပြောလေရယ်။
22စေခံဟလဲ ‘သခင်၊ မိအာဏာရှေ့တဲ့တိုင်း ဆော်ဝက်ပီးပါပီ၊ ဧည့်သည်ဒွေတွက် နေရာလွတ်ဒွေ ရှေ့နေပါသေးရယ်’ ဆိုပီး ပြောလေရယ်။
23အဲဂျော့ သူ့သခင်ဟ စေခံဝို ‘ဗြို့ပလန်ဝို ထွက်ရားပီး လမ်းမဂီးဒွေန လမ်းဂျားဒွေဆီဝိုသွားပီး လူဒွေဝိုခေါ်လာပီး ငါ့အီဝို လူပလဲ့ဇေဝို့တွက် လုပ်ပါ’ ဆိုပီး ပြောလေရယ်။ 24ငါ နန်းနို့ဝိုပြောမယ် ငါရင်ဆုံးဖိကြားရားဝိုလူထဲဟ ဟယ်သူဟမှ ငါပြင်ဆင်ရားဝိုစားဇာဝို ဗြဲခွမ့်ရမှာမုဝ။” ဆိုပီး မိတော်မူလေရယ်။
ဗြိတော်ဆိုဇာဟ
(ရှင်မဿဲ ၁၀.၃၇-၃၈)
25အဲနော့ ကိုယ်တော်ယေရှုဟ ဂျေရုဆလင်ဗြို့ဝို ကြွဝိုခါမှာ လူများဂီးဟ ကိုယ်တော်နော့ဝို လိုက်လာလေရယ်၊ အဲနော့ ကိုယ်တော်ဟ သူ့နို့ဖက်ဝို လှည့်ပီး မိတော်မူလေရယ်။ 26“ငါ့ဗြိတော်ဖြစ်ရှင်ဝိုသူဒွေဟ သူ့နို့ရဲ့ မိဖဒွေ၊ ဇနီးမယားဒွေန သားမီးဒွေဝို ရှစ်ဇာထက် ငါ့ဝိုပိုပီး ရှစ်ရမယ်။ အဲမျိုးရှစ်နိုင်ရဆိုဝါ နန်းနို့ဟ ငါရဲ့ဗြိတော် ဖြစ်လာနိုင်ရ။ 27နန့်ရဲ့ လက်ဝါးကပ်တိုင်#14.27 လက်ဝါးကပ်တိုင် ကိုယ်တော်ယေရှုရှေ့ဒူးဟ လက်ဝါးကပ်တိုင်မှာ သံနစိုက်ပီး ပြစ်ပေးခံရဝိုလူဟ လက်ဝါးကပ်တိုင်ဝိုထမ်းဝို့ ဖိအားပေးခံရရယ်။ သူဟ အဲမိုဇာဝို ပြစ်ပေးပီး သတ်ခံရဝိုနေရာနားထိ သယ်လာရရယ်။ အယ်နေရာမှာ ကိုယ်တော်ယေရှုဟ သူ့နော့လိုက်ဖြစ်ချင်ဝိုလူဟ ကိုယ်တော်ယေရှုနော့ဝို လိုက်ရဝို့ ဒုက္ခခံစားရပီး သေဝို့ ဆင်သင့်ဖြစ်နေဝို့လိုရယ်ဆိုပီး ဆိုလိုဇာဖြစ်ရယ်။ဝို သယ်ဆော်ပဲန ငါ့နော့ဝို လိုက်ရဆိုဝါ ငါ့ရဲ့ဗြိတော် ဖြစ်နိုင်ရ။
28ဥပမာပြောရမယ်ဆိုဝါ နန်းနို့ထဲဟ ဇုံတယော့ဟ မျှော်ဇင်ခုဆော့ဝို့ စီစဉ်ထားရယ်ဆိုဝါ သူဟဦးဆုံး ဆော့လုပ်ဝို့တွက် ကုကလဇရိ ဟယ်မျှရှေ့ဇာဝို တွက်ချင့်ပီး ပီးမြော့အော် ဆော်ဝက်ဝို့တွက် သူ့မှာငွေလုံလော့ ရှေ့မရှေ့ဝို ကေ့လိမယ်ဖြစ်ရယ်။ 29ဂယ်ရိ သူဟ အဲမျိုးပြုလုပ်ပဲန အုမလစ်ခလပီး ပီးမြော့ဇာမှေ့ဘဲခါမှာ ဗြင်ရဝိုသူဒွေဟ သူ့ဝို 30‘အယ်လူဟ မျှော်ဇင်ဝို စပီး ဆော့ဘေမဲ့ ဆုံးသတ်နိုင်ရ’ ဆိုပီး ကဲ့ရဲ့လှော်ပြော်ဂေ့လိမယ်။
31နော့ထပ်တမျိုးနပြောရမယ်ဆိုဝါ ဘုရင်တစ်ဘားဟ ခြားဘုရင်ဝို စစ်တိုက်မယ်ဆိုဝါ စစ်သား နှေ့သောန ချီတက်လာဝိုဘုရင်ဝို သူ့စစ်သား တစ်သောန တိုက်ခိုက်နိုင်စွမ်း ရှေ့မရှေ့ဝို ရင်ဆုံး ထိုင်ပီး စဥ်းစားမယ် မုဝလော။ 32ဂယ်ရိ သူဟ နိုင်မရနိုင်ရဆိုပီး ဆုံးဖြတ်ပီးရယ်ဆိုဝါ ငြီးချမ်းရေး ပြုလုပ်ဝို့ ခြေနေဒွေန ပတ်သက်ပီး ညှိနှိုင်းဆွေးနွေးဝို့ သံတမန်ဒွေ စေလွှတ်လိမယ်ဖြစ်ရယ်။ 33အဲမိုမျိုးဘဲ့ ကိုယ့်မှာရှေ့ဇာဒွေဝို စွန့်လွှတ်ဘဲဝို ဟယ်သူမဆို ငါရဲ့ဗြိတော် ဖြစ်နိုင်ရ။” ဆိုပီး မိတော်မူလေရယ်။
တန်ဖိုးမဲ့ဝိုဆား
(ရှင်မဿဲ ၅.၁၃ရှင်မာကု ၉.၅၀)
34“ဆားဟ သုံးဝမ် ဇာဖြစ်ရယ်၊ အယ်ဘေမဲ့ ဆားဟ ငံဓါတ်မှေ့ဟန်းဘဲနေရယ်ဆိုဝါ ပလန်ငံအော် ပြုလုပ်ရဘဲ့လော။ 35အဲမိုဆားဟ မလေဆီလွှာတွက်ရော၊ မလေဩဇာတွက်ရော သုံးပြုဝို့တွက်ဂိုမှ သုံးခလနိုင်လိမယ်မုဝ၊ လူဒွေဟ လွှတ်ပစ်လိုက်ဂေ့မယ်ဖြစ်ရယ်။
နားရှေ့ပီး ကြားနိုင်ဂေ့ဝိုလူဒွေ အာရုံစိုက်ပီး နားထော်ဂေ့ပါ” ဆိုပီး မိတော်မူလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 14: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល