Acts 21
21
1ကျွန်ုပ်တို့သည် ထိုသူတို့အား နှုတ်ဆက်ပြီးနောက် ရွက်လွှင့်ကာ ကောသကျွန်းသို့ တိုက်ရိုက်သွားကြပြီး နောက်တစ်နေ့၌ ရောဒုကျွန်းသို့ရောက်၍ ထိုနေရာမှတစ်ဆင့် ပါတရမြို့သို့ သွားကြ၏။ 2ထို့နောက် ဖိုနီးရှားပြည်သို့သွားမည့် သင်္ဘောအားတွေ့သဖြင့် ထိုသင်္ဘောကိုစီး၍ ရွက်လွှင့်ကြပြန်၏။ 3ကျွန်ုပ်တို့သည် ဆိုက်ပရပ်ကျွန်းကိုမြင်ကြရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသဖြင့် ထိုမြို့တွင် ဆိုက်ကပ်လေ၏။ 4ထိုနေရာ၌ ကျွန်ုပ်တို့သည် ယုံကြည်သူအချို့ကို တွေ့သဖြင့် သူတို့နှင့်အတူ အချိန်တစ်ပတ်ခန့် အတူနေခဲ့ကြ၏။ ဉာဏ်အလင်းတော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့မသွားရန် ပြောဆိုကြလေ၏။ 5သို့သော်လည်း တစ်ပတ်လွန်မြောက် သောအခါ ကျွန်ုပ်တို့သည် ခရီးဆက်ရန် ထွက်လာခဲ့ကြ၏။ သူတို့အားလုံးသည်လည်း သူတို့၏ဇနီးများ၊ သားသမီးများနှင့်တကွ ကျွန်ုပ်တို့နှင့်အတူ ကမ်းခြေသို့ထွက်လာခဲ့ကြပြီး ထိုနေရာ၌ ကျွန်ုပ်တို့အားလုံး ဒူးထောက်လျက် ဆုတောင်းခဲ့ကြလေ၏။ 6ထို့နောက် တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြပြီး ကျွန်ုပ်တို့သည် သင်္ဘောပေါ်သို့တက်ကာ သူတို့သည်လည်း အိမ်သို့ပြန်သွားကြ၏။ 7ကျွန်ုပ်တို့သည် တိုင်ရာမြို့မှ ပတောလင်မြို့သို့ ရွက်လွှင့်ပြီးနောက် ကျွန်ုပ်တို့၏ပင်လယ်ခရီးစဉ်သည်လည်း ပြီးဆုံးလေ၏။ ကျွန်ုပ်တို့သည် ထိုမြို့၌ရှိသောယုံကြည်သူများအား နှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်တာ နေထိုင်ခဲ့ကြ၏။ 8နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ရောက်ကြပြီးလျှင် တပည့်တော်များအား ကူညီပေးရန် ရွေးချယ်ခံထားရသူ ခုနှစ်ဦးအနက် တစ်ဦးဖြစ်ပြီး အမှုတော်ဆောင်နေသူ တစ်ဦးလည်းဖြစ်သည့် ဖိလိပ္ပု၏အိမ်သို့သွား၍ တည်းခိုကြ၏။ 9သူ့ထံတွင် ဘုရားရှင်၏ သတင်းစကားကို ဟောပြောနေကြသော အပျိုကညာ သမီးလေးဦးရှိလေ၏။ 10ကျွန်ုပ်တို့သည် ထိုနေရာ၌ ရက်အတန်ကြာနေပြီးသောအခါ အာဂဗုအမည်ရှိသော အရိယာသူတော်စင်တစ်ပါးသည် ယုဒပြည်မှရောက်လာ၏။ 11ထိုသူသည် ကျွန်ုပ်တို့ထံလာ၍ ပေါလု၏ခါးပတ်ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ "'ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးများသည် ဤခါးပတ်ပိုင်ရှင်အား ယခုကဲ့သို့ ချည်နှောင်ကြပြီး တိုင်းတပါးသားများ၏ လက်ထဲသို့ အပ်နှံကြလိမ့်မည်' ဟု ဉာဏ်အလင်းတော်က မိန့်တော်မူ၏" ဟုပြောဆိုလေ၏။ 12ထိုစကားကိုကြားလျှင် ကျွန်ုပ်တို့နှင့်အတူ ထိုအရပ်တွင်ရှိသောသူတို့က ပေါလုအား ဂျေရုဆလင်မြို့သို့ မသွားရန် တောင်းပန်ကြလေ၏။ 13သို့သော် ပေါလုက "သင်တို့ အဘယ်ကြောင့် ဤသို့ငိုကြွေးပြီး ငါ၏စိတ်နှလုံးအား ကြေကွဲစေကြသနည်း။ ငါသည် ကိုယ်တော်ယေရှုအတွက်ဆိုလျှင် ဂျေရုဆလင်မြို့တွင် ချည်နှောင်ခံရခြင်းသာမက ငါ၏အသက်ကိုပင် အသေခံရန် အဆင်သင့်ရှိ၏" ဟုဖြေကြားလေ၏။ 14ကျွန်ုပ်တို့သည်လည်း ပေါလုကို ဖျောင်းဖျ၍မရသည့်အဆုံး၌ လက်လျှော့၍ "အရှင်ဘုရား၏ အလိုတော်အတိုင်းသာဖြစ်ပါစေ" ဟု ဆုတောင်းခဲ့ကြ၏။ 15ထိုအရပ်၌ အချိန်အတန်ကြာအောင်နေပြီးနောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်၍ ဂျေရုဆလင်မြို့သို့ ထွက်ခွာခဲ့ကြ၏။ 16ဆီဇာရီးယားမြို့မှ ယုံကြည်သူအချို့တို့ကလည်း ကျွန်ုပ်တို့နှင့်အတူလိုက်ပါ၍ ကျွန်ုပ်တို့တည်းခိုရမည့် ကနဦးယုံကြည်သူဖြစ်သည့် ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ ပို့ဆောင်ကြ၏။ 17ဂျေရုဆလင်မြို့သို့ ကျွန်ုပ်တို့ရောက်ကြသောအခါ ယုံကြည်သူများက လှိုက်လှဲစွာကြိုဆိုကြ၏။ 18နောက်တစ်နေ့တွင် ပေါလုသည် ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံ သွားရောက်တွေ့ဆုံချိန်၌ အသင်းတော်ခေါင်းဆောင် အားလုံးတို့သည်လည်း ရှိနေကြ၏။ 19ပေါလုသည် သူတို့အား နှုတ်ခွန်းဆက်ပြီးလျှင် သူလုပ်ဆောင်ခဲ့သောအမှုတော်အားဖြင့် ဘုရားရှင်သည် တိုင်းတပါးသားတို့ အပေါ်၌ ပြုလုပ်တော်မှုခဲ့သောအမှုတော်အားလုံးတို့၏ ပြီးပြည့်စုံသော အစီရင်ခံချက်ကို ပေးအပ်လေ၏။ 20သူတို့သည် ထိုအကြောင်းကို ကြားကြသောအခါ ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပြီးလျှင် ပေါလုအား "ငါတို့၏ညီအစ်ကိုပေါလု၊ ဂျူးလူမျိုး ထောင်ပေါင်းများစွာတို့သည် ယုံကြည်သူများ ဖြစ်လာကြပြီး သူတို့အားလုံးသည် ပညတ်တရားတော်အား မည်မျှနာခံလိုက်နာကြသည် ဆိုသည်ကို သင်မြင်တဲ့အတိုင်းပင်ဖြစ်၏။ 21သို့သော် သင်သည် ဂျူးလူမျိုးများ၏ ထုံးတမ်းစဉ်လာများနှင့် ကလေးငယ်များအား အရေဖျားလှီးမင်္ဂလာပြုလုပ်ပေးခြင်းများအား မလုပ်ဆောင်ကြရန် ဟောကြားပြီး တိုင်းတစ်ပါးနိုင်ငံများတွင် နေထိုင်ကြသည့် ဂျူးလူမျိုးများအား မောရှေ၏ပညတ်တရားတော်တို့ကို စွန့်ပယ်ကြရန် သွန်သင်နေခြင်းဖြစ်သည်ဟု သူတို့သည် သတင်းကြားခဲ့ကြရ၏။ 22သင်သည် ယခု ဤအရပ်တွင် ရောက်ရှိနေသည် ဆိုသည်ကိုလည်း သူတို့အားလုံးသည် ကြားသိကြပြီဆိုသည်ကိုလည်း သေချာပေ၏။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့မည်သို့လုပ်ရပါမည်နည်း။ 23ထို့ကြောင့် သင်သည် ငါတို့၏ အကြံဉာဏ်အတိုင်း လိုက်နာဆောင်ရွက်ပါလော့။ ဘုရားရှင်ထံတွင် ကတိသစ္စာပြုထားသည့် လူလေးယောက်သည် ဤအရပ်တွင်ရှိနေ၏။ 24ဤလူများနှင့်အတူ လိုက်သွားပြီး စင်ကြယ်ခြင်း အခမ်းအနားတွင် ပါဝင်ပြီး သူတို့၏ခေါင်းကိုရိတ်ရန် လိုအပ်သည့် အဖိုးအခအား ပေးဆောင်လော့။ ဤသို့ပြုလုပ်ရင် သင်၏အကြောင်းအား အခြားသူများ ပြောဆိုနေကြခြင်းသည် မမှန်ကန်ကြောင်းကို လူတိုင်းသည် သိလာကြလိမ့်မည်ဖြစ်၏။ ထို့အပြင် သင်သည် မောရှေ၏ပညတ်တရားများကို လေးလေးနက်နက် လိုက်နာဆောင်ရွက်ကြောင်းကိုလည်း သူတို့သည် သိလာကြလိမ့်မည်။ 25တိုင်းတပါးသားများထဲမှ ယုံကြည်သူဖြစ်လာသည့် သူတွေကိုတော့ ရုပ်တုများအား ပူဇော်ထားသည့် မည်သည့်အစားအစာကိုမျှ မစားရန်၊ အသွေးကို မစားရန်၊ လည်ညှစ်သတ်ထားသည့် တိရိစ္ဆာန်များ၏ အသားကို မစားရန်နှင့် တရားနှင့်မညီသည့်မေထုံကို ရှောင်ကြဉ်ကြရန် ငါတို့သည်ဆုံးဖြတ်ကြောင်းကို စာရေးသားပြီး ပေးပို့ခဲ့ပြီဖြစ်၏" ဟုဆိုကြလေ၏။ 26ထို့ကြောင့် ပေါလုသည်လည်း နောက်တစ်နေ့၌ ထိုလူများကိုခေါ်၍ သူတို့နှင့်အတူ စင်ကြယ်ခြင်းအခမ်းအနားသို့ သွားလေ၏။ ထို့နောက် သူသည် သူတို့တစ်ဦးချင်းစီအတွက် ပူဇော်ပစ္စည်းများ ဆက်ကပ်ရမည့်အချိန်နှင့် စင်ကြယ်ခြင်းအခမ်းအနား ပြီးဆုံးမည့်အချိန်အား ကြေငြာရန် ဗိမာန်တော်ဝန်းအတွင်းသို့ဝင်လေ၏။ 27ထိုအခမ်းအနားကြာချိန် ခုနှစ်ရက်ပြည့်လုနီးသောအခါ အာရှပြည်မှလာသော ဂျူးလူမျိုးများသည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် လူထုပရိသတ်များအား သွေးထိုးလှုံ့ဆော်၍ ပေါလုအား ဖမ်းဆီးကြပြီး 28"အစ္စရေးလူမျိုးတို့၊ ကူညီကြလော့။ ဤလူသည် ဗိမာန်တော်နှင့် မောရှေ၏ပညတ်တရားများကို ဆန့်ကျင်ကြရန် နေရာတိုင်းတွင် လူတိုင်းအား လိုက်လံဟောပြောနေသည့်သူဖြစ်ပါ၏။ သူသည် ယခုပင် ဗိမာန်တော်ထဲသို့ တိုင်းတပါးသားများအား ခေါ်သွင်းပြီး ဤမြင့်မြတ်သည့်နေရာကို ညစ်ညမ်းစေပြီဖြစ်၏" ဟုအော်ဟစ်ပြောဆိုကြလေ၏။ 29သူတို့သည် ထိုသို့ပြောဆိုရခြင်းမှာ ဧဖက်မြို့သား တရောဖိမ်အား ပေါလုနှင့်အတူ မြို့ထဲ၌တွေ့ခဲ့သဖြင့် ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်ခဲ့သည်ဟု ထင်မှတ်ကြသောကြောင့်ဖြစ်၏။ 30ထိုအခါ တစ်မြို့လုံးသည်လည်း ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူတို့သည် ပြေးလာကြကာ ပေါလုအား ချုပ်ကိုင်လျက် ဗိမာန်တော်အပြင်သို့ ဆွဲထုတ်ကြပြီးလျှင် ဗိမာန်တော်ဝန်း၏ တံခါးများကိုလည်း ချက်ချင်းပိတ်လိုက်ကြ၏။ 31လူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟူသောသတင်းသည် ရောမတပ်မှူးကြီးထံသို့ ရောက်သဖြင့် 32သူသည် ချက်ချင်းပင် စစ်သားတစ်ချို့နှင့် အရာရှိတစ်ချို့ကိုခေါ်၍ လူထုပရိတ်သတ်ကြီးထံသို့ အလျင်အမြန်ပြေးသွားလေ၏။ လူထုပရိတ်သတ်ကြီးသည် တပ်မှူးကြီးနှင့်စစ်သားများကိုမြင်သောအခါ ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်လိုက်ကြလေ၏။ 33ထို့နောက် တပ်မှူးကြီးသည် ပေါလုအနားသို့ ရောက်လာပြီး သူ့အား ဆွဲခေါ်ကာ သံကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ထားရန် အမိန့်ပေးလေ၏။ တပ်မှူးကြီးသည် ပေါလုအား မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုကို ပြုလုပ်ခဲ့ကြောင်းကို မေးမြန်းလေ၏။ 34လူထုပရိသတ်ကြီးသည်လည်း တစ်ယောက်တစ်မျိုးအော်ဟစ်နေကြပြီး ဆူညံသံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသောကြောင့် တပ်မှူးကြီးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စစ်စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ 35ပေါလုသည် စစ်စခန်း၏လှေကားအနီးသို့ရောက်သောအခါ လူထုပရိတ်သတ်ကြီးသည် အလွန်ပင်အကြမ်းဖက်လာသောကြောင့် စစ်သားများသည် သူ့ကို ချီမ၍ခေါ်သွားကြရ၏။ 36လူထုပရိတ်သတ်ကြီးသည်လည်း သူတို့၏နောက်မှလိုက်လာ၍ "သူ့အားသုတ်သင်လိုက်ပါ" ဟုအော်ဟစ်နေကြလေ၏။ 37စစ်သားများသည် ပေါလုအား စစ်စခန်းထဲသို့ ခေါ်ဆောင်သွားမည်ပြုစဉ် သူသည် တပ်မှူးကြီးအား "ကျွန်တော့်ကို စကားပြောခွင့်ပေးပါ" ဟုဆိုလေရာ တပ်မှူးကြီးကလည်း "သင်က ဂရိစကား ပြောဆိုတတ်သလော။ 38ဤသို့ဆိုလျှင် သင်သည် မကြာသေးမီက ပုန်ကန်မှုကိုစတင်ခဲ့ပြီး အကြမ်းဖက်သမားလေးထောင်အား တောကန္တာရထဲသို့ ဦးဆောင်ခေါ်သွားသည့် အီဂျစ်လူမျိုး မဟုတ်လော" ဟုမေးလေ၏။ 39ပေါလုကလည်း "ကျွန်ုပ်သည် ဆီလီဆီးယားပြည်၏ ထင်ရှားသော မြို့ဖြစ်သည့် တာရှုမြို့မှလာသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ လူထုပရိသတ်အား စကားပြောခွင့်ပေးရန် ကျွန်ုပ်တောင်းဆိုပါသည်" ဟုပြန်ဖြေလေ၏။ 40တပ်မှူးကြီးသည်လည်း ပေါလုအား ခွင့်ပြုသဖြင့် သူသည် စစ်စခန်း၏ လှေကားပေါ်တွင်ရပ်၍ လူတို့အား တိတ်ဆိတ်စွာနေကြရန် လက်ရိပ်ပြလေ၏။ လူအများတိတ်ဆိတ်ငြိမ်သက်သွားသောအခါ ပေါလုသည် သူတို့အား ဟေဗြဲဘာသာစကားဖြင့်
ទើបបានជ្រើសរើសហើយ៖
Acts 21: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: