Acts 20
20
1ထိုရုန်းရင်းဆန်ခတ်အမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကိုခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။ 2သူသည် ထိုဒေသများသို့လှည့်လည်သွားလာရင်း များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို အားပေးစကားပြောကြားလျက် ဂရိပြည်သို့ရောက်လာ၏။ 3သူသည် ထိုနေရာတွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန်ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိအားလုပ်ကြံရန် လျှို့ဝှက်၍ ကြံစည်နေကြကြောင်းကို ပေါလုသည်ကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။ 4ပေါလုနှင့်အတူလိုက်ပါလာကြသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။ 5သူတို့အားလုံးသည် ရှေ့မှဦးစွာသွားနှင့်ကြပြီး တရောမြို့တွင် ကျွန်ုပ်တို့ကို စောင့်လျက်နေကြ၏။ 6တဆေးမဲ့မုန့်ပွဲတော်ပြီးဆုံးသောအခါ ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့မှရွက်လွှင့်၍ ငါးရက်ကြာသောအခါ တရောမြို့၌ရှိသည့် သူတို့နှင့်တွေ့ဆုံပြီး ခုနှစ်ရက်နေခဲ့ကြ၏။ 7ရက်သတ္တပတ်၏ပထမနေ့တွင် ကျွန်ုပ်တို့သည် မုန့်ကိုဖဲ့ခြင်းအမှုကိုပြုရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်နေ့တွင် ထွက်ခွာရန်ကြံစည်ထားသောကြောင့် ညသန်းခေါင်ယံအထိ သူတို့နှင့်ဆွေးနွေးပြောဆိုနေလေ၏။ 8ကျွန်ုပ်တို့စုဝေးနေသောအပေါ်ထပ်အခန်းတွင် မီးခွက်အမြောက်အများထွန်းထား၏။ 9ဥတုခုဟုခေါ်သော လူငယ်တစ်ဦးသည် ပေါလုဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင် ထိုင်ကာ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောနေသောအခါ ထိုသူသည် အိပ်ပျော်သွားပြီး တတိယအထပ်မှ အောက်သို့ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။ 10ထိုအခါ ပေါလုသည် သူ့ထံသို့သွားကာ လက်ဖြင့်ပွေ့ဖက်ထားပြီးလျှင် "မစိုးရိမ်ကြနဲ့။ သူသည်အသက်ရှင်နေသေး၏" ဟုဆိုလေ၏။ 11ထို့နောက် ပေါလုသည် အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားလေ၏။ မိုးလင်းသည်အထိ လူအများနှင့်အချိန်ကြာမြင့်စွာစကားပြောဆိုပြီးနောက် ပေါလုသည်ထွက်ခွာသွားလေ၏။ 12သူတို့သည်လည်း အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။ 13ကျွန်ုပ်တို့သည် သင်္ဘောပေါ်သို့ ဦးစွာတက်ပြီးလျှင် ပေါလုကို ခေါ်တင်ရမည့် အဿုမြို့သို့ ရွက်လွှင့်ကြ၏။ သူသည် ထိုမြို့သို့ ကုန်းလမ်းခရီးဖြင့်သွားရန် ဆုံးဖြတ်ထားသောကြောင့် ဤသို့ စီစဉ်ခဲ့ခြင်းဖြစ်၏။ 14ပေါလုသည် အဿုမြို့တွင် ကျွန်ုပ်တို့နှင့်ဆုံသောအခါ ကျွန်ုပ်တို့သည် သူ့အား သင်္ဘောပေါ်သို့ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။ 15ကျွန်ုပ်တို့သည် ထိုနေရာမှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်းသို့ရောက်ကြ၏။ တစ်ရက်ကြာပြီးသောအခါ သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။ 16ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့တွင် မဆိုက်ကပ်ဘဲ ဆက်လက်ရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်လေ၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့အမီ ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ အလျင်လိုနေ၏။ 17မိလက်မြို့သို့ ရောက်သောအခါ ပေါလုသည် လူလွှတ်၍ ဧဖက်မြို့ရှိ အသင်းတော်ခေါင်းဆောင်များကို မိမိထံသို့ လာရောက်တွေ့ဆုံရန် ဖိတ်ခေါ်လေ၏။ 18သူတို့ရောက်လာကြသောအခါ ပေါလုက "အာရှပြည်တွင် ပထမဦးဆုံး ခြေချသည့်အချိန်မှစပြီး သင်တို့နှင့်အတူ ငါ၏အချိန်များအား မည်သို့အသုံးချခဲ့သည်ဆိုသည်ကို သင်တို့သိကြ၏။ 19အချို့ဂျူးလူမျိုးများ၏ အကြံအစည်များကြောင့် ငါသည် အလွန်ပင်ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး မျက်ရည်ကျခဲ့ရပါ၏။ သို့သော် ငါသည် စိတ်နှလုံးကိုနှိမ့်ချပြီး အရှင်ဘုရားအား ဆည်းကပ်ခဲ့ပါ၏။ 20လူထုပရိသတ်များ၏ရှေ့တွင်ဖြစ်စေ၊ သင်တို့၏ အိမ်များတွင်ဖြစ်စေ ဟောပြောသွန်သင်သည့်အခါတွင် ငါသည် သင်တို့အတွက် အကျိုးဖြစ်စေမည့် အရာမှန်သမျှတို့အား ဟောပြောရန်အတွက် တွန့်ဆုတ်ခဲ့ခြင်းမရှိဆိုသည်ကိုလည်း သင်တို့သိကြ၏။ 21ဘုရားရှင်ဘက်သို့ ပြန်လှည့်လာကြပြီး အပြစ်ဒုစရိုက်များအား နောင်တသံဝေဂရ၍ ငါတို့၏အရှင် ယေရှုခရစ်တော်ကို ယုံကြည်ကြရန် ငါသည် ဂျူးလူမျိုးများသမက ဂရိလူမျိုးများကိုပါ သက်သေခံ၍ ပြောကြားခဲ့၏။ 22ယခုငါသည် ဉာဏ်အလင်းတော်အား နာခံပြီး ဂျေရုဆလင်မြို့သို့ သွားမည်ဖြစ်၏။ ထိုမြို့တွင် မည်သို့သောအရာများ ကြုံတွေ့ရမည်ဆိုသည်ကို ငါမသိပေ။ 23သို့သော် ငါရောက်ခဲ့သည့် မြို့တိုင်းတွင် ဉာဏ်အလင်းတော်သည် ငါ့အား ဂျေရုဆလင်မြို့တွင် ထောင်ချခံရပြီး ဒုက္ခရောက်ရမည့် အကြောင်းကို ကြိုတင်၍သတိပေးထားပြီးဖြစ်၏။ 24သို့သော် ယေရှုခရစ်တော်သည် ဘုရားရှင်၏ မဟာမေတ္တာကရုဏာတော်အကြောင်း မင်္ဂလာသတင်းကောင်းကို ဝေမျှသက်သေခံရန် ငါ့အားစေခိုင်းထားသည့်အမှုတော်ကို ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်ရန်အတွက်ဆိုလျှင် ငါ၏အသက်ကိုပင် ငါသည်ပဓာနထားမည်မဟုတ်ပေ။ 25ငါသည် သင်တို့အားလုံးကိုလည်း ဘုရားရှင်၏ သာသနာတော်အကြောင်းကို ဟောပြောခဲ့ပြီးဖြစ်၍ သင်တို့ထဲမှ မည်သူကမျှ ငါ့အား ထပ်တွေ့ရတော့မည် မဟုတ်ဘူးဆိုသည်ကိုလည်း ငါသည်ယခုသိပြီဖြစ်၏။ 26ထို့ကြောင့် သင်တို့ထဲမှ မည်သူမဆို၏ သေဆုံးခြင်းအတွက် ငါနှင့်မသက်ဆိုင်ကြောင်းကို ယနေ့ပင် သင်တို့အား ငါသည်သက်သေခံပါ၏။ 27ငါသည် ဘုရားရှင်၏အလိုတော်အားလုံးတို့ကို မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ သင်တို့အား ဟောပြောခဲ့ပြီးဖြစ်၏။ 28ထို့ကြောင့် သင်တို့ကိုယ်တိုင်နှင့် သင်တို့နှင့်သက်ဆိုင်သည့် သိုးအုပ်စုအားလုံးအား စောင့်ရှောက်ကြလော့။ ဉာဏ်အလင်းတော်သည် ကိုယ်တော်၏ အသွေးတော်အားဖြင့် ရရှိသည့် ဘုရားရှင်၏အသင်းတော်ကို ထိန်းကျောင်းရန် သင်တို့အား သိုးထိန်းများအဖြစ် ခန့်အပ်ထားသည့်အတွက်ကြောင့်ဖြစ်၏။ 29ငါထွက်ခွာသွားသည့်နောက်တွင် ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေများသည် သင်တို့ထံသို့ လာကြမည်ဖြစ်ပြီး သူတို့သည် သိုးအုပ်စုကိုလည်း ညှာတာသနားကြမည်မဟုတ်ဆိုသည်ကိုလည်း ငါသိ၏။ 30သင်တို့၏အဖွဲ့ထဲမှ လူတစ်ချို့သည် လိမ်လည်လှည့်ဖြားကြပြီး ယုံကြည်သူများအား လမ်းလွဲအောင် ပြုလုပ်ကြမည့် အချိန်သည် ကျရောက်လာတော့မည်ဖြစ်၏။ 31ထို့ကြောင့် ငါသည် သင်တို့တစ်ဦးချင်းစီအား သုံးနှစ်တိုင်တိုင် နေ့ညမပြတ် ငါ၏မျက်လုံးများမှ မျက်ရည်များကျသည်အထိ သွန်သင်လမ်းညွှန် ခဲ့သည်တို့အား အမှတ်ရကြပြီး သတိနဲ့နေကြလော့။ 32ယခု ငါသည် သင်တို့အား ဘုရားရှင်ထံတော်နှင့် ကိုယ်တော်၏ မေတ္တာကရုဏာနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်တွင် အပ်နှံပါ၏။ နှုတ်ကပတ်တော်သည် သင်တို့အား တည်ဆောက်မြှင့်တင်ပြီး ဘုရားရှင်က သူ၏လူမျိုးတို့အား ပေးသနားတော်မူသည့် ကောင်းချီးမင်္ဂလာများအား ပေးစွမ်းလိမ့်မည်။ 33ငါသည် မည်သူ တစ်ဦးတစ်ယောက်၏ ရွှေ၊ ငွေ၊ အဆင်တန်ဆာကိုမျှ လိုချင်တက်မက်ခဲ့ခြင်းမရှိပေ။ 34ငါနှင့် ငါ၏အပေါင်းအဖော်များ လိုအပ်သည့်အရာတွေမှန်သမျှတို့အား ငါကိုယ်တိုင် ငါ၏လက်များဖြင့် အလုပ်လုပ်ပြီး ဖြည့်ဆည်းပေးခဲ့သည်ဆိုသည်ကိုလည်း သင်တို့သိကြပါ၏။ 35ကိုယ်တော်ယေရှုကိုယ်တိုင်က 'ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏' ဟု ဟောကြားခဲ့သည့်စကားကို အမှတ်ရကြပြီး ငါတို့ကိုယ်တိုင် ဤသို့ကြိုးစားလုပ်ဆောင်ပြီး အားနည်းသူများအား ဖေးမကူညီသင့်သည်ဆို သည်ကိုလည်း သင်တို့အား ငါပြသခဲ့ပြီဖြစ်၏" ဟု ပြောဆိုလေ၏။ 36ဤသို့ပေါလုဟောပြောပြီးသောအခါ သူသည် ဒူးထောက်လျက် သူတို့အားလုံးနှင့်အတူ ဆုတောင်းလေ၏။ 37သူတို့အားလုံးသည်လည်း ဝမ်းနည်းငိုကြွေးလျက် ပေါလုအားဖက်၍ နှုတ်ဆက်နမ်းရှုံ့ကြ၏။ 38နောက်ထပ်တစ်ဖန် သူ့ကိုတွေ့မြင်ရတော့မည်မဟုတ်ဟု ပေါလုပြောသော စကားကြောင့် ပို၍ပင်ဝမ်းနည်းကြ၏။ ထို့နောက် သူတို့သည် ပေါလု သင်္ဘောရှိရာသို့ လိုက်ပါပို့ဆောင်ကြလေ၏။
ទើបបានជ្រើសរើសហើយ៖
Acts 20: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: