Acts 17
17
1ထို့နောက် ပေါလုနှင့်သိလတို့သည် အံဖိပေါလိမြို့နှင့် အာပေါလောနိမြို့တို့ကို ဖြတ်၍ သက်သာလောနိတ်မြို့သို့ ရောက်လာကြ၏။ ထိုမြို့၌ ဂျူးလူမျိုးများ၏ဓမ္မာရုံရှိလေ၏။ 2ပေါလုသည်လည်း မိမိ၏ထုံးစံအတိုင်း ဓမ္မာရုံသို့ သွားလေ၏။ သုံးရက်မြောက်သော ဥပုသ်နေ့တွင် သူသည် ဓမ္မာရုံအဖွဲ့ဝင်များနှင့် ကျမ်းစာအကြောင်းကိုဆွေးနွေးလေ၏။ 3သူသည် သူတို့အား ခရစ်တော်သည် ဒုက္ခဝေဒနာများခံစားရပြီးနောက် သေရာမှ ပြန်လည်အသက်ရှင်သန်လာသည့် အကြောင်းကို ရှင်းလင်းစွာဟောပြောလေ၏။ သူက "ငါသည် ယခု ခရစ်တော်ဖြစ်သည်ဟု ဟောပြောနေသောသူသည် ကိုယ်တော်ယေရှုပင်ဖြစ်၏" ဟုပြောဆိုလေ၏။ 4သူတို့ထဲမှအချို့သည် အခိုင်အမာယုံကြည်ကြပြီး ပေါလု၊ သိလတို့နှင့် ပူးပေါင်းကြသဖြင့် ဘုရားရှင်အား ကိုးကွယ်ကြသော ဂရိလူမျိုးများစွာနှင့် ထင်ပေါ်ကျော်ကြားသော အမျိုးသမီးများသည်လည်း ယုံကြည်ကြလေ၏။ 5သို့သော် ဂျူးလူမျိုးအချို့သည် မနာလိုဝန်တိုလျက် လူဆိုးအချို့အား ဈေးအရပ်မှခေါ်ဆောင်လာပြီး အုပ်စုဖွဲ့ကာ မြို့ထဲတွင် ဆူပူမှုကို စတင်ဖြစ်ပေါ်စေလေ၏။ သူတို့သည် ပေါလုနှင့်သိလတို့ကို လူအုပ်ကြီး၏ရှေ့သို့ ခေါ်ဆောင်ရန်အတွက် ယာသုန်၏အိမ်အား တိုက်ခိုက်၍ရှာဖွေကြလေ၏။ 6သို့သော် သူတို့သည် ပေါလုနှင့်သိလတို့အား ရှာမတွေ့ကြသောအခါ ယာသုန်နှင့် အခြားသောယုံကြည်သူအချို့ကို မြို့အာဏာပိုင်များ၏ရှေ့မှောက်သို့ ဆွဲခေါ်၍ "ပေါလုနှင့် သိလတို့သည် နေရာအနှံ့တွင် လူတို့အား ဖရိုဖရဲဖြစ်စေပြီး ပြိုကွဲအောင် လုပ်ဆောင်နေခဲ့ကြသည့်သူများဖြစ်၏။ ယခု သူတို့သည် ဤမြို့သို့ ရောက်လာကြနေကြပါပြီ။ 7သူတို့အား ယာသုန်သည် သူ၏နေအိမ်တွင် လက်ခံထားပါ၏။ သူတို့အားလုံးသည် 'ယေရှုဟုခေါ်သည့် အခြားရှင်ဘုရင်တစ်ပါးရှိပါသည်' ဟုပြောဆိုကြပြီး ဧကရာဇ်၏ ဥပဒေအား ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ်ဆောင်နေကြပါ၏" ဟုပြောဆိုလေ၏။ 8ထိုအရာများကိုကြားရသောအခါ လူထုပရိသတ်ကြီးနှင့်အာဏာပိုင်တို့သည် စိတ်အနှောက်အယှက်ဖြစ်ကြလျက် 9အာဏာပိုင်တို့သည် ယာသုန်နှင့်အခြားသောသူများအား လွှတ်ပေးဖို့ရန် လိုအပ်သည့်ငွေပမာဏကို ပေးဆောင်စေပြီးလျှင် သူတို့ကို ပြန်လွှတ်လိုက်ကြလေ၏။ 10ထိုညတွင်းချင်းပင် ယုံကြည်သူများသည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ စေလွှတ်လိုက်ကြ၏။ သူတို့သည် ဗေရိမြို့သို့ရောက်ကြသောအခါ ဓမ္မာရုံသို့သွားကြလေ၏။ 11ဗေရိမြို့ရှိလူများသည် သက်သာလောနိတ်မြို့ရှိ လူများထက် စိတ်ထားမြင့်မြတ်ကြ၏။ သူတို့သည် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို လိုလိုလားလားလက်ခံကြပြီး ပေါလုပြောဆိုသည်များသည် မှန်ကန်သလောဟု နေ့စဉ်နေ့တိုင်းကျမ်းစာ၌ ဂရုတစိုက်လေ့လာကြလေ၏။ 12များစွာသောလူတို့သည် ယုံကြည်သူများဖြစ်လာကြပြီး သူတို့ထဲမှအများစုသည် ထင်ရှားကျော်ကြားသောဂရိအမျိုးသားများနှင့် အမျိုးသမီးများဖြစ်ကြလေ၏။ 13သို့သော် ပေါလုသည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ဗေရိမြို့တွင်ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာကြပြီး လူထုပရိသတ်များအား လှုံ့ဆော်သွေးထိုးကြလေ၏။ 14ချက်ချင်းပင် ယုံကြည်သူများသည် ပေါလုကို ပင်လယ်ကမ်းရိုးတန်းသို့ ပို့ဆောင်ကြသော်လည်း သိလနှင့် တိမောသေတို့မူကား ဗေရိမြို့၌ နေရစ်ကြလေ၏။ 15ပေါလုအား လိုက်ပို့ကြသောသူတို့သည် အေသင်မြို့ထိတိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့် တိမောသေတို့အား သူ့ထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာသင့်သည်ဟူသော ပေါလု၏ညွှန်ကြားချက်ဖြင့် ဗေရိမြို့သို့ ပြန်သွားကြလေ၏။ 16ပေါလုသည် သိလနှင့်တိမောသေတို့အား အေသင်မြို့၌စောင့်နေစဉ် ထိုမြို့၌ ရုပ်တုအများအပြားအား ကိုးကွယ်နေကြသည်ကို မြင်တွေ့ရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်လေ၏။ 17ထို့ကြောင့် သူသည် ဓမ္မာရုံ၌ ဂျူးလူမျိုးများနှင့် ဘုရားရှင်အားကိုးကွယ်ကြသည့် တိုင်းတပါးသားများနှင့်အတူ ဆွေးနွေးပြီး ဈေးအရပ်၌ သူနှင့်တွေ့ဆုံသောသူများနှင့်လည်း နေ့စဉ်ဆွေးနွေးလေ၏။ 18ဧပိကုရုအယူဝါဒသမားများနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်တို့သည်လည်း ပေါလုနှင့် ငြင်းခုံဆွေးနွေးကြလေ၏။ ပေါလုက ကိုယ်တော်ယေရှု၏ အကြောင်းနှင့် သူ၏အသက်ပြန်ရှင်တော်မူခြင်း အကြောင်းကို ဟောပြောနေသဖြင့် သူတို့ထဲမှအချို့က "ဤပေါက်ကရလူသည် မည်သည်ကို ပြောဆိုရန် ကြိုးစားနေသနည်း" ဟုပြောဆိုကြ၏။ အခြားသူတို့က "ဤလူသည် အခြားနိုင်ငံမှ ဘုရားများ၏ အကြောင်းကို ပြောနေခြင်းဖြစ်သည်ထင်၏" ဟုပြောဆိုကြ၏။ 19ထိုအခါ သူတို့သည် ပေါလုကို အာရေပါဂုမြို့တော်ရှိ တရားရုံးသို့ ခေါ်သွားပြီးလျှင် "သင်ဟောပြောနေသည့် ဤအကြောင်းအရာ အသစ်သည် မည်သည်ကိုဟောပြောသနည်းဆိုသည်ကို ငါတို့သိလို၏။ 20သင်ပြောနေသည့် တစ်ချို့အကြောင်းအရာများသည် ငါတို့အတွက် ထူးဆန်းနေသည့်အတွက် ဤအရာများသည် မည်သည့်အဓိပ္ပါယ်လဲဆိုသည်ကို ငါတို့သည် အသေအချာသိလို၏" ဟုပြောဆိုကြလေ၏။ 21အကြောင်းမူကား အေသင်မြို့သူမြို့သားအားလုံးနှင့် ထိုနေရာတွင်နေထိုင်သော တိုင်းတပါးသားများအားလုံးသည် သတင်းစကားအသစ်အဆန်းများကို ပြောကြားရန်နှင့် ကြားနာရန်အတွက် သူတို့၏အချိန်ဟူသမျှကို အသုံးချတတ်ကြ၏။ 22ထို့ကြောင့် ပေါလုသည် အာရေပါဂုရုံးတော်၏ အလယ်၌ရပ်ကာ "အေသင်မြို့သားတို့၊ သင်တို့သည် အရာရာတွင် ဘာသာတရားအလွန်ကိုင်းရှိုင်းသည့်သူများ ဖြစ်သည်ဆိုသည်ကို ငါမြင်ပါ၏။ 23ငါသည် သင်တို့၏မြို့အား ဖြတ်သွားပြီး သင်တို့ဝတ်ပြုကိုးကွယ်သည့် နေရာများအား လှည့်လည်ကြည့်ရှုသည့်အခါ 'ကျွန်ုပ်တို့မသိသောဘုရား' ဟု ကမ္ပည်းရေးထိုးထားသည့် ပူဇော်ပလ္လင်တစ်ခုကို တွေ့ခဲ့ရ၏။ သင်တို့မသိဘဲ ကိုးကွယ်နေကြသည့် ဘုရားရှင်၏အကြောင်းကို ယခုငါပြောပြမည်။ 24ကမ္ဘာလောကနှင့် အရာခပ်သိမ်းအား ဖန်ဆင်းတော်မူသည့် ဘုရားရှင်သည် ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်ဖြစ်ပြီး လူတို့၏လက်နှင့် တည်ဆောက်ထားသည့် ဗိမာန်များတွင် စံမြန်းတော်မူမည် မဟုတ်ပေ။ 25ဘုရားရှင်သည် အသက်တာမှစပြီး ဝင်သက်ထွက်သက်နှင့် အခြားအရာခပ်သိမ်းတို့အား ပေးသနားတော်မူခြင်း ဖြစ်သည့်အတွက် ငါတို့လူသားများ၏ လုပ်အားနှင့် လုပ်ဆောင်ခြင်းမှန်သမျှတို့သည် ဘုရားရှင်အတွက် မည်သည့်အရာကိုမျှ လိုအပ်ခြင်းမရှိပေ။ 26ဘုရားရှင်သည် လူသားတစ်ယောက်မှစ၍ လူမျိုးအားလုံးကို ဖန်ဆင်းတော်မူပြီး သူတို့အားလုံး၏အချိန်ကာလများနှင့် နေရာဒေသအသီးသီးကိုလည်း ကြိုတင် ချမှတ်ပေးထားတော်မူခဲ့၏။ 27ဤသို့လုပ်ဆောင်တော်မူခြင်းသည် လူတို့က ဘုရားရှင်အား ရှာဖွေကြပြီး တွေ့ရှိကြစေရန်ဖြစ်၏။ သို့သော် ဘုရားရှင်သည် ငါတို့နှင့်ဝေးကွာတဲ့နေရာတွင် ရှိနေသည်မဟုတ်ပေ။ 28အဘယ်ကြောင့်ဆိုသော် သင်တို့ထဲမှ ကဗျာဆရာအချို့ကပင် 'ဧကန်စင်စစ် ငါတို့သည်ကား အရှင်၏ သားသမီးများဖြစ်ကြကုန်၏' ဟုစပ်ဆိုထားကြတဲ့အတိုင်း ငါတို့သည် ဘုရားရှင်အားဖြင့်သာ အသက်ရှင်လျက်၊ နေထိုင်လှုပ်ရှားလျက်ရှိနေကြခြင်းပင်ဖြစ်၏။ 29ထို့ကြောင့် ငါတို့သည် ဘုရားရှင်၏ သားသမီးများဖြစ်ကြသည့်အတွက် လူတို့၏အတတ်ပညာများဖြင့် ထုလုပ်ထားသည့် ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုတို့အား ဘုရားရှင်နှင့်တူ၏ဟု မထင်မှတ်သင့်ပေ။ 30ဘုရားရှင်သည် လူတို့ နားလည်သိရှိခြင်းမရှိကြသေးသည့် အချိန်ကာလများအား ခွင့်လွှတ်ပေးထားခဲ့သော်လည်း ယခုအခါတွင် နေရာတိုင်းတွင်ရှိသည့် လူအပေါင်းတို့အား နောင်တသံဝေဂရစေရန် အမိန့်ပေးတော်မူပြီဖြစ်၏။ 31ဘုရားရှင်သည် သူရွေးချယ်ထားတော်မူသည့်သူထံမှတဆင့် ကမ္ဘာလူသားအားလုံးတို့ကို ဖြောင့်မတ်မှန်ကန်စွာဖြင့် တရားစီရင်တော်မူမည့်နေ့အား သတ်မှတ်တော်မူပြီးဖြစ်သည်ဆိုသည်ကို ဘုရားရှင်သည် ကိုယ်တော်ယေရှုကို သေခြင်းမှ အသက်ပြန်ရှင်စေတော်မူပြီး လူတိုင်းကို ယုံလောက်စေသည့် သက်သေကိုပြတော်မူပါပြီ" ဟုဟောပြောလေ၏။ 32ပေါလုပြောသော အသက်ပြန်လည်ရှင်သန်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့က သူ့အား လှောင်ပြောင် ကြသော်လည်း အချို့ကမူ "ဤအကြောင်းအရာများအား သင်နောက်တစ်ကြိမ် ဟောပြောသည်ကို ကြားလိုပါသေး၏" ဟုပြောဆိုကြလေသည်။ 33ထို့နောက် ရုံးတော်မှ ပေါလုထွက်ခွာသွားချိန်တွင် 34လူအချို့တို့သည် ဘုရားရှင်အား ယုံကြည်ကြ၍ ပေါလု၏နောက်သို့ လိုက်ကြလေ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိသောအမျိုးသမီးနှင့် အခြားသောသူများလည်း ပါဝင်ကြ၏။
ទើបបានជ្រើសរើសហើយ៖
Acts 17: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: