ဗမာစကားပုံများ၏ နှိုးဆော်သံSample

မိမိ၏ ဗီဇအပြစ်ကြောင့် နောင်တရ၍ မိမိ၏ တမလွန်အတွက် အရှင်ယေရှုဘုရား၏ ပြုလုပ်ပေးခဲ့သည့် အသေခံခြင်း၊ အသက်ရှင်ပြန်ထမြောက်ခြင်းနှင့် လူအားလုံး လွတ်ငြိမ်းချမ်းသားခွင့် ပေးနိုင်သည့် ဆုကျေးဇူးတော်ကို ရိုးရိုးလေး ယုံကြည်ကိုးစားခြင်းဖြင့် အပြစ်သံသရာ ဝဲဩဃမှ လွတ်မြောက်၍ ကောင်းကင်ဘုံ (သို့) ထာဝရဘုရားရှင်ရှိသည့် ဘုံဗိမာန်တော်သို့ ရောက်နိုင်ပါသည်။
တကယ်ယုံကြည်လျှင် ဤဘဝ၌ စစ်မှန်သော စိတ်ချမ်းသာခြင်းကို ခံစားရမည်သာမက နောက်ဘဝတွင် အပါယ်ငရဲတံခါး ပိတ်ပြီး ထာဝရဘုရားရှင်၏ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သင်္ခါရ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထာဝရကင်းသော ဘုံဗိမာန်တော်၌ သုခချမ်းသာစွာ ထာဝရနေထိုင်ခွင့် ရပါလိမ့်မည်။
“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလောက်ရောက်သည် မဟုတ်။ ထာဝရဘုရားရှင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။”
မိမိ၏ ကြိုးစားအားထုတ်၍ရသော ကုသိုလ်ကောင်းမှုကို မကိုးစားဘဲ၊ အရှင်ယေရှုဘုရား၏ ကုသိုလ်တော်ကို ယုံကြည်လက်ခံ၍ ကိုးစားဖို့တစ်ခုသာ လိုပါသည်။
“သင်သည် အရှင်ယေရှုဘုရားကို နှုတ်ဖြင့် ဝန်ခံ၍၊ ထာဝရဘုရားရှင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”
လူများသည် "ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ" ပင် သေနိုင်ပါသည်။ ဘယ်အချိန်သေမည်ဆိုသည်ကို မသိနိုင်ပါ။
“မွေးသည့်တစ်နေ့၊ သေသည့်တစ်နေ့” ဟု ဗမာစကားပုံရှိသည် မဟုတ်ပါလော။
“မိုးရွာတုန်းရေခံ၊ နေပူတုန်းစပါးလှန်း” ဆိုသည်အတိုင်း အရှင်ယေရှုဘုရားကို မယုံမလက်ခံ၍ သေလျှင် နောက်ကျသွားလိမ့်မည်။
ထို့ကြောင့် ယနေ့ပင် မိတ်ဆွေ၏ ဗီဇအပြစ်များကိုယ်စား အသက်ပေးမေတ္တာပြခဲ့သော ကျေးဇူးတော်အရှင်ယေရှုဘုရားကို ရိုးရိုးလေး ယုံကြည်လက်ခံပါ။
မိတ်ဆွေ၏ လက်ရှိဘဝနှင့် တမလွန်ခရီးသွားခြင်းကို အလေးထားလိုသောသဘောနှင့် “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသည်အတိုင်း၊ ယနေ့ အရှင်ယေရှုဘုရားကို ရိုးရိုးလေး ယုံကြည်လက်ခံဖို့ရန် ဆုံးဖြတ်ချက်ချနိုင်ပါစေ။
About this Plan

ဤ (၃) ရက်တာ အစီစဉ်တွင်၊ မြန်မာစကားပုံများ ကိုးကားသော ဧဝံဂေလိတရားဝေငှနည်းကို လေ့လာလျက် ဧဝံဂေလိတရား၏ သမ္မာတရားများဖြင့် မိမိဝိညာဉ်အဖို့ ခွန်အားရယူပါ... တစ်ချက်ခုတ် နှစ်ချက်ပြတ်။
More
Related Plans

Lessons From Christ’s Final Week

Fully Loved, Fully Known: Known by God. Loved Without Limits.

All the Feels - Leading Our Emotions

30 Moments in 30 Days With Jesus

College & Christ: A 30-Day Devotional for College Girls

Becoming a House of Prayer

Finding Hope When Leaders Fail

Threads: How the Bible Weaves Together

Yom Kippur - the Perfect Atonement: The Messiah's Sacrifice
