ဗမာစကားပုံများ၏ နှိုးဆော်သံSample

ဗမာစကားပုံများ၏ နှိုးဆော်သံ
မြန်မာစကားတွင် လူအားလုံး သဘောကျနှစ်ခြိုက်သည့် သည်းခြေကြိုက်စကားပုံများ များလှပါသည်။
"ဘူးဆိုလျှင်ဖရုံမသီး၊ သေရင်မြေကြီးရှင်ရင်ရွှေထီး၊ ကျွဲပါးစောင်းတီး" စသည့်ဖြင့် စကားပုံကောင်းမြောက်များစွာရှိလျက် ထိုစကားပုံများနှင့်အတူ လူတိုင်း ကြီးပြင်းလာကြသူများ ဖြစ်သည်။
အခြေနေအမျိုးမျိုးအတွက် စကားပုံအမျိုးမျိုးရှိသည့် မဟုတ်ပါလော။
နေ့စဉ်၊ ဗမာလူမျိုးတို့သည် အရေးအသား၌သော်လည်ကောင်း၊ အပြောအဆို၌သော်လည်ကောင်း၊ စကားပုံများထည့်သွင်းပြောဆို သုံးစွဲသည်သာမက ထိုစကားပုံများအတိုင်းလည်း အသက်ရှင်ကြသည်။ အထူးသဖြင့် အောက်တွင်ဖော်ပြထားသည့် နှုတ်ပြောစကားပုံကို မူပိုမိုနှစ်ခြိုက်အသုံးပြုကြသည်။
“ကောင်းသည့်အကျင့်ကျင့်လျှင်၊ ကောင်းသည့်အရာရလိမ့်မည်။ မကောင်းသည့်အကျင့်ကျင့်လျှင်၊ မကောင်းသည့်အရာရလိမ့်မည်။”
စကားပုံအရ၊ သီလ၊ ဒါနနှင့် ကြိုးစားအားထုတ်၍ရသော ကုသိုလ်ကောင်းမှုများအားဖြင့် မိမိကိုယ်တိုင် ကောင်းအောင်တည်ဆောက်လျက် တမလွန်တွင် ကောင်းရာသုဂတိသို့ ရောက်စိမ့်သောငှာ လူတို့သည်မျှော်မှန်းတတ်ကြသည်။
သို့သော်၊ ဗမာစကားပုံအရ၊ “ကံယုံ၍ ဆူးပုံမနင်းရာ” ဟု ဆိုရိုး ရှိပါသည်။
လူသားများ၏ သဘောတရားက “ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်၏” တစ်နည်းပြောရလျင် “ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿ” ဆိုသည့်စကားပုံတွင် ပို၍ သိသာထင်ရှားလှပါသည်။
အကုသိုလ်ကံက ကုသိုလ်ကံထက် များနေသဖြင့် ပင်ပန်းစွာ ကြိုးစားအားထုတ်မှု ရှိသမျှသည် အလဟဿဖြစ်သွားလျက် ရောက်ချင်သည့် ကောင်းရာသုဂတိကိုလည်း မရောက်နိုင်ပေ။
ဘာကြောင့်ထိုကဲ့သို့ ဖြစ်ရပါသနည်း။
လူတို့အထဲတွင် ဗီဇ၊ အပြစ်မကောင်းမှု၊ ကိန်းအောင်နေသောကြောင့် ဖြစ်ပါသည်။
“ခြောက်ပစ်ကင်း သဲလဲစင်” ဟူသည် မရှိပါ။
ဗီဇအပြစ် (လောဘ၊ ဒေါသ၊ မောဟ) နှင့် ကျူးလွန်သည့် ဒုစရိုက်အပြစ် (ကာယကံ၊ ဝစီကံ၊ မနောကံ) အားဖြင့် မည်မျှပင်ကြိုးစား၊ မည်မျှပင်စေတနာရှိရှိ၊ စိတ်ဘယ်လောက်အားကြီးကြီး၊ တမလွန်ခရီးသွားသည့်အခါ အလွန်ကြောက်စရာကောင်းသည့် အပါယ်ငရဲသို့သာ သေချာ ကျရောက်ပါလိမ့်မည်။
ထိုကြောင့်၊ လူတို့၏ တမလွန်ခရီးသွားဖို့အတွက် ကြိုးစားအားထုတ်ခြင်းသည် စိတ်ချသည့် အာမခံချက်မပေးနိုင်ရုံမက ကိုးစား၍လည်းမရနိုင်ပါ။
“သဲထဲရေသွန်” ဖြစ်ပါလိမ့်သည်။
About this Plan

ဤ (၃) ရက်တာ အစီစဉ်တွင်၊ မြန်မာစကားပုံများ ကိုးကားသော ဧဝံဂေလိတရားဝေငှနည်းကို လေ့လာလျက် ဧဝံဂေလိတရား၏ သမ္မာတရားများဖြင့် မိမိဝိညာဉ်အဖို့ ခွန်အားရယူပါ... တစ်ချက်ခုတ် နှစ်ချက်ပြတ်။
More
Related Plans

When Prayer Feels Like a Chore, Not a Joy - a 5-Day Devotional to Reset Your Prayer Life

The Life of Jesus Pt. 4 – Developing Leaders

Faith Formation Framework Series 3: Faith Applied Through Service and Justice

BYOML - Redeemed 9 Day Devotional

God Wants You to Prosper

Conversation Starters - Film + Faith - Animated Adventures

EquipHer Vol. 31: "Born to Thrive, Not Just Survive!"

HOW to HEAL FROM REJECTION

The Gift of Presence
