ချစ်ခြင်းမေတ္တာSample

ချစ်ခြင်းမေတ္တာကို သယ်ဆောင်လာတဲ့ စကားလုံးများ.....
သုတ္တံကျမ်းဟာ ကျွန်ုပ်တို့ရဲ့ လူမှုဆက်ဆံရေး၊ လူနေမှုပုံစံများ၊ ရွေးချယ်မှုများနဲ့ ပတ်သက်တဲ့နေ့စဉ်အသက်တာအတွက် အကောင်းဆုံးသော အကြံဉာဏ်တွေနဲ့ ပြည့်လျှံနေပါတယ်။
သုတ္တံကျမ်း ၁၅ ဟာကျွန်တာ်တို့ အပတ်စဥ်ကြုံတွေ့နေရတဲ့ ဒေါသထွက်ရခြင်းတွေကို ဖြေရှင်းနည်းနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်ကြီးတွေ များစွာကို မျှဝေထားပါတယ်။ "ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။"(သုတ္တံ ၁၅း၁ ကိုကြည့်ပါ)
သင်ဟာဘုရားသခင်ရဲ့ အကူအညီနဲ့ နာကျင်စေတဲ့စကားလုံးတွေကို နူးညံ့သိမ်မွေ့တဲ့စကားတွေနဲ့ ပြန်တုံ့ပြန်နိုင်ပါတယ်။ အမျက်ဒေါသကို အသာစီးပေးလိုက်မဲ့ အစား၊ သခင်ဘုရားထံ ပြန်သွားပြီး လိုအပ်တဲ့ ခွန်အားနဲ့ ပြောရမဲ့စကားတွေကို တောင်းလျှောက်လိုက်ပါ။
အခြား သော့ချက်တစ်ခုကို ယာကုပ် ၁း၁၉-၂၀ မှာတွေ့ရပါတယ်၊ "သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။"
ဒီစကားတွေကို နှလုံးသွင်းခြင်းအားဖြင့် သင်ဟာ မိမိကိုယ်ကိုထိန်းချုပ်မှုနဲ့ စိတ်ခံစားချက်တွေကို စီမံခန့်ခွဲမှုတို့မှာ (ထို စိတ်ခံစားမှုများက သင့်ကို ထိန်းချုပ်ထားမည့်အစား) ကြီးထွားလာရုံသာမက သင်ဆက်ဆံရသောသူများနဲ့ သင့်တင့်ကာငြိမ်းချမ်းလာနိုင်မှာ ဖြစ်တယ်။ ဟုတ်ပါတယ်၊ ဒေါသဖြစ်မဲ့ အခြေအနေတွေဆီကနေ ငြိမ်းချမ်းရေးယူဆောင်လာဖို့ ဘုရားသခင်က သင့်ကို အသုံးပြုနိုင်တယ်။
ဒီနေ့နဲ့ နောင်လာမဲ့နေ့ရက်တွေမှာ... စကားကို အလျင်တဆောမပြောပါနဲ့၊ ပြောတဲ့အခါမှာလည်း ကြင်နာ ညင်သာစွာ ပြန်ပြောဖို့ ကျွန်တော်သင့်ကို စိန်ခေါ်လိုက်ပါတယ်။
"ချစ်ခြင်းမေတ္တာနဲ့ ငြိမ်သက်ခြင်းတွေကို သယ်ဆောင်လာတဲ့ စကားလုံးတွေနဲ့ ပြည့်စုံတဲ့ နှုတ်ဖြစ်ပါစေ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကိုစားပြုတဲ့သံတမန်တစ်ဦးဖြစ်ပါစေ။ ယနေ့ပင် သင်ရဲ့စကားလုံးတွေက အခြားသူတစ်ယောက်ကိုကုစားနိုင်ပါစေ။"
ဒီနေရာမှာ ရောက်ရှိနေလို့ ကျေးဇူးတင်ပါတယ်။
Eric Célérier ၏ Devotional Plan အားဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
Scripture
About this Plan

ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။ သခင်ယေရှုဟာ သင့်ကို သီးသန့်အချစ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ချစ်တဲ့သူပါ။ လူစုလူဝေးထဲမှာ လမ်းပျောက်နေသူတစ်ဦးလို့ သင့်ကို မမြင်ပါဘူး။ ဒီအမြင်နဲ့ ဆန့်ကျင်စွာပဲ၊ ဘုရားသခင်ဟာ သင့်ကိုကြည့်နေပြီး သင့်နှလုံးသားကို ရှုမြင်နေပါတယ်။ ဘုရားသခင်ဟာ သင့်ကို သခင်ယေရှုကဲ့သို့ ချစ်ရန်၊ ပြုမူရန်၊ ပြောဆိုရန် အလိုရှိပါတယ်။ ယခု ဖတ်ရှုရန် Plan ထဲမှာ ဒီအကြောင်းအရာတွေကို ပိုပြီး ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။
More
Related Plans

Awakening Faith: Hope From the Global Church

30 Powerful Prayers for Your Child Every Day This School Year

Sharing Your Faith in the Workplace

Protocols, Postures and Power of Thanksgiving

Rebuilt Faith

Legacy Lessons W/Vance K. Jackson

24 Days to Reflect on God's Heart for Redemption

You Say You Believe, but Do You Obey?

God's Book: An Honest Look at the Bible's Toughest Topics
