ချစ်ခြင်းမေတ္တာSample

ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက ပြီးပြည့်စုံတယ်
“တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၅၄:၁၀)
"ငါ့သူငယ်ချင်း၊ မင်းအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက ပြီးပြည့်စုံတယ်။" ကျွန်တော်ဆိုလိုတာကတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုကောင်းအောင် သို့မဟုတ် ပိုချိုမြိန်အောင် ပြုလုပ်ဖို့ ဘယ်အရာကိုမှ ထပ်ထည့်လို့မရနိုင်တော့ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ သင့်နှလုံးသား လိုအပ်ချက်တွေကို အပြည့်အဝ အဖြေပေးပါလိမ့်မယ်။”
- ဒီချစ်ခြင်းမေတ္တာဟာသွေ့ခြောက်တဲ့မြေကို စိုစွတ်နစ်မြှုပ်အောင် သည်းထန်စွာရွာတဲ့ မိုးနဲ့တူပါတယ်။
- ဒီချစ်ခြင်းမေတ္တာဟာနွေရာသီရဲ့အပူရှိန်အောက်မှာပေါ့ပါးလန်းဆန်းတဲ့ လေနဲ့တူပါတယ်။
- သင့်အပေါ် ဘုရားရဲ့မေတ္တာစိတ် အားကြီးမှုဟာ အခါးသည်းဆုံး ဆောင်းရာသီအလယ်မှာ အလွန်တောက်လောင်သောမီးတောက်တစ်ခုလို ဖြစ်နေပါတယ်။
"ဘုရားသခင်က သင့်ကို ချစ်တယ်။”
“သေချာနားထောင်ကြည့်ပါ…" ဘုရားသခင်ရဲ့မေတ္တာတော်ဟာ သင့်ပတ်ဝန်းကျင်နေရာတိုင်းမှာ ရှိနေပါတယ်။ "မနက်တိုင်း သင့်အတွက် အချစ်စာတစ်စောင်ကို သူရေးနေတယ်။" ဘုရားသခင်ဟာ သင့်နှလုံးသားမြေကို ဖြန့်ကျက်အလင်းပေးပြီး နွေးထွေးစေဖို့ မနက်ခင်းရောင်ချည်ဦးတို့ကို ပွေ့ယူထားပါတယ်။
ဘုရားသခင်ဟာ သင်ဖြစ်နေတဲ့အတိုင်း သင့်ကိုချစ်နေတယ်ဆိုတာကို ယုံကြည်လိုက်ဖို့နဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို လက်ခံလိုက်ဖို့ ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဟာ အကန့်အသတ်မရှိဘူးဆိုတာကို ယုံကြည်ပါ။ "ဘုရားသခင်ရဲ့အားကြီးတဲ့ ချစ်ခြင်းမေတ္တာဟာ သင့်ရဲ့ သံကြိုးတွေကို ပြတ်တောက်စေမယ်၊သင့်မျက်ရည်တွေကို ခမ်းခြောက်စေမယ်၊ သင့်နှလုံးသားနာကျင်ခြင်းတွေကို ကုစားပေးမယ်"ဆိုတဲ့ ဒီတန်ခိုးပါတဲ့ သမ္မာတရားကို ဆုပ်ကိုင်ထားပါ။
ဒီနေရာမှာ ရောက်ရှိနေလို့ ကျေးဇူးတင်ပါတယ်။
Eric Célérier ၏ Devotional Plan အားဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
Scripture
About this Plan

ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။ သခင်ယေရှုဟာ သင့်ကို သီးသန့်အချစ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ချစ်တဲ့သူပါ။ လူစုလူဝေးထဲမှာ လမ်းပျောက်နေသူတစ်ဦးလို့ သင့်ကို မမြင်ပါဘူး။ ဒီအမြင်နဲ့ ဆန့်ကျင်စွာပဲ၊ ဘုရားသခင်ဟာ သင့်ကိုကြည့်နေပြီး သင့်နှလုံးသားကို ရှုမြင်နေပါတယ်။ ဘုရားသခင်ဟာ သင့်ကို သခင်ယေရှုကဲ့သို့ ချစ်ရန်၊ ပြုမူရန်၊ ပြောဆိုရန် အလိုရှိပါတယ်။ ယခု ဖတ်ရှုရန် Plan ထဲမှာ ဒီအကြောင်းအရာတွေကို ပိုပြီး ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။
More
Related Plans

Awakening Faith: Hope From the Global Church

30 Powerful Prayers for Your Child Every Day This School Year

Sharing Your Faith in the Workplace

Protocols, Postures and Power of Thanksgiving

Rebuilt Faith

Legacy Lessons W/Vance K. Jackson

24 Days to Reflect on God's Heart for Redemption

You Say You Believe, but Do You Obey?

God's Book: An Honest Look at the Bible's Toughest Topics
