အလင်း မဆီးတားနိုင်သောအလင်းမှ ရှင်သန်ခြင်းသို့ဆွဲဆောင်ခံရခြင်းSample

မဆီးတားနိုင်သောအလင်းမှ ရှင်သန်ခြင်းသို့ဆွဲဆောင်ခံရခြင်း
ပင်လယ်လိပ်မျိုးအများစုဟာဘေးအန္တရာယ်ကြုံတွေ့နေရပါတယ်။ အခြားတိရိစြွာန်များ၊ လူများ၊ ညစ်ညမ်းမှုအမျိုးမျိုးကြောင့် မဟုတ်ဘဲ၊ ပင်လယ်ကမ်းတလျှောက် လူဖန်တီးထားသောမီးအလင်းများတိုးပွားမှုကြောင့်ဖြစ်သည်။
ဘုရားသခင်မှ ပင်လယ်လိပ်များအား လပြည့်ညများတွင်မွေးဖွားရန်ဖန်ဆင်းထားသည်။ ဥဖောက်လာကြသောအခါ၊ လရောင်က သူတို့၏သဘာဝအိမ် ပင်လယ်ကြီးထဲသို့ လမ်းညွှန်ပေးသည်။ ပင်လယ်လိပ်၏ ဘဝအသက်ရှင်ရာနေရာသည် ရေထဲ၌ဖြစ်သည်။
ပင်လယ်လိပ်ပေါက်စလေးများ လမင်း၏အလင်းရောက်နှင့် ကမ်းခြေတလျှောက်အမိများ၊ ကားများ၏ အလင်းရောင်အတုများကြားရှိ ကွေ့ကောက်သောလမ်းတလျှောက်၏အဆုံးတွင် သေဆုံးနေကြခြင်းကို သုတေသီများက အံ့သြစွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဖန်တီးထားသောအလင်းရောင်တုများ၏ ဆွဲဆောင်ခံရခြင်းက ပင်လယ်လိပ်များအား သေဆုံးခြင်းသို့ ပို့ဆောင်ခဲ့သည်။
ဤကျမ်းစာလေ့လာခြင်းသင်ခန်းစာက သင့်ကို ငြင်းဆန်၍မရ၊ မဆီးတားနိုင်သော ယေရှု၏အလင်းသို့ဆွဲဆောင်သွားမည်။ ယေရှုကငါသည် လောက၏အလင်းဖြစ်၏ ၏ ရှင်သန်ခြင်းသို့ပို့ဆောင်သောအလင်း။ (ယောဟန်၊ ၈း၁၂) ထိုအလင်းက
သင့်ကို သူ့နှုတ်ကပတ်တော်သို့လည်းဆွဲဆောင်မည်ဖြစ်သည်။ ငါ့စကားသည်သင်၏ခြေရှေ့မှာမီးခွက်ဖြစ်ပြီး၊ သင်၏လမ်းခရီးအတွက်အလင်းဖြစ်သည်။ (ဆာ၊ ၁၁၉း၁၀၅) ဒါတင်မက၊ သင်တို့အားလုံးကို ဤမှောင်နေသောလောကကြီး အတွက် ခရစ်တော်ရဲ့အလင်းများဖြစ်ရန် စွမ်းအားပေးမည်။ သင်တို့သည် လောက၏အလင်းဖြစ်ကြ၏ ၏
လူတိုင်းမြင်စေခြင်းငှါ၊ ထွန်းလင်းကြလော့။ (မ၊ ၅း၁၄)
ကျမ်းစာကိုနေ့တိုင်းဖတ်ရှုဆင်ခြင်ပြီး အသက်တာ၌ကျင့်သုံးသောအခါ ရန်သူစာတန်၏ ဖန်တီးထားသောအလင်းများကို ပို၍လွယ်ကူစွာသိမြင်နိုင်လာပြီး၊ ဘုရား၏ထွန်းလင်းပေးသောလမ်းတွင် အမြဲတည်နေ၍ သင်၏အိမ်ထောင်နှင့် အဖွဲ့အစည်း၌ ခရစ်တော်အတွက် ထင်ထင်ရှားရှားအလင်းပေးနိုင်လာမည်။
နေ့စဉ်ပြုလုပ်ရန် – နှုတက်ပတ်တော်ဖတ်ရှုခြင်း၊နားလည်သောဉာဏ်ပညာအတွက်ဆုတောင်းခြင်း၊မေးခွန်းများအားဖြေဆိုခြင်း။
မိတ်ဆွေ ခရစ်တော်ကိုဤကျမ်းချက်အားဖြင့် မည်သို့ဖော်ပြမညန် ည်း။ ယေရှုခရစ်၏အပြောအဆို၊ အပြုအမူများအားဖြင့် မိတ်ဆွေသူ့အကြောင်းဘာသင်မိပါသနည်း။
Scripture
About this Plan

သင်တို့သည် လောက၏အလင်းဖြစ်ကြ၏ ၏ လူတိုင်းမြင်စေခြင်းငှါ၊ ထွန်းလင်းကြလော့။ (မ၊ ၅း၁၄) ကျမ်းစာကိုနေ့တိုင်းဖတ်ရှုဆင်ခြင်ပြီး အသက်တာ၌ကျင့်သုံးသောအခါ ရန်သူစာတန်၏ ဖန်တီးထားသောအလင်းများကို ပို၍လွယ်ကူစွာသိမြင်နိုင်လာပြီး၊ ဘုရား၏ထွန်းလင်းပေးသောလမ်းတွင် အမြဲတည်နေ၍ သင်၏အိမ်ထောင်နှင့် အဖွဲ့အစည်း၌ ခရစ်တော်အတွက် င်ထင်ရှားရှားအလင်းပေးနိုင်လာမည်။
More
Related Plans

Christmas Morning: Son Rise on a New Day

And He Shall Be Called: Advent Devotionals, Week 1

Promises Fulfilled: A Men's Devotional on Christmas

I’m Just a Guy: Resisting Temptation

The Incomprehensibility of God's Infinity

Do Lord Remember Me (4-Day Devotional)

Unspeakable Joy!

God's Assignment: Living on Purpose

The Promise of Revival
