သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

ဓမ္မဟောင်း၏ ချိတ်ဆက်မှု
ပုထုဇဉ်လူသားများ၏ အကုသိုလ်ကံကြောင့် မိမိဖန်ရှင်းသောအရှင် ထာဝရဘုရားသခင်နှင့်အတူ မိတ်သဟာယမဖွဲ့ဘဲ နေကြပါသည်။ ထို့ကြောင့်၊ ၎င်းမိတ်သဟာယဖြတ်တောက်ခြင်းဖြင့် ကျွန်တော်တို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို ကြုံနေဆဲ ဖြစ်ကြပါသည်။ သို့သော်၊ ဘုရားသခင်သည် လူသားတို့ကို အလွန်သနား၍ ချစ်တော်မူသောကြောင့် ကျွန်တော်တို့အား အပြစ်တရားမှ ကယ်နုတ်ချမ်းသာကို ပေး၍ မိတ်သဟာယဖွဲ့နိုင်သောအခွင့်လည်း ပေးသနားတော်မူပြီ။
ဘုရားသခင်သည် မိမိသူမျိုးတော်အဖို့ ပဋိညာဉ်သစ် ပြုတော်မူမည်အကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ဤပဋိညာဉ်သစ်သည် ပုထုဇဉ်လူသား၏ အစွမ်းသတ္တိ၊ မေတ္တာနှင့် သစ္စာစောင်ခြင်းနှင့် ကုသိုလ်ကောင်းမှုအပါ် မမူတည်ချေ။ ဤပဋိညာဉ်သစ်သည် ဘုရားသခင်အပေါ် မူတည်ပါသည်။ ဤပဋိညာဉ်သစ်တွင်၊ ဘုရားသခင်သည် သူ၏ လူမျိုးတော်တို့ကို မိမိပညာတော်အား လိုက်နာစေနိုင်မည့်အကြောင်း ကူညီမစလိမ့်မည်ဟု ကတိပေးတော်မူခဲ့ပါသည် (ယေ၊ ၃၁း၃၁-၃၄)။ ငါ၏ မျိုးလူတော်ကို သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်စေ၍ ကမ္ဘာအဆက်ဆက်တိုင်အောင် စောင့်ရှောက်ပါလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူခဲ့သည် (ယေဇ၊ ၃၇း၂၄-၂၆)။ အရှင်ယေရှုဘုရားသည် ဤပဋိညာဉ်သစ်ကို စုံလင်စေတော်မူပြီဟု ဟေဗြဲဩဝါဒစာကို စီရင်ရေးထားသောသူ ဖော်ပြထားပါသည်။ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန် ပူဇော်လျက် ရပ်နေရ၏။ ထိုသခင်မူကား၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်ပြီး အပြစ်ကို ဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်တော်မူပါသည် (ဟေဗြဲ၊ ၇း၂၂။ ၁ဝး၁၁-၁၂)။ ထို့ကြောင့်၊ အရှင်ယေရှုဘုရား၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း၊ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိတော်မူပါသည် (ဟေဗြဲ၊ ၁ဝး၁၉-၂၁)။
ယနေ့၏ ဆုတောင်ခံချက်။
အရှင်ယေရှုဘုရား၊ ဓမ္မသစ်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်သည် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောအခွင့်ပေးသည့်အတွက် ကျေးဇူးအထူးတင်ပါ၏။ အာမင်။
ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။
More
စပ်ဆိုင်သောအစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
