သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

ဘုရားသခင်၏ သစ္စာတော်နှင့် ပြည့်စုံတော်မူသော ရာဇဝင်
ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့...(ဆာ၊ ၁၀၅း၆) ။ ဤဆာလံသည် ဘုရားသခင်၏ လူမျိုးတော်အတွက် စီရင်ရေထားခဲ့ပါသည်။ ဘုရားသခင်၏ လူမျိုးတော် ဤဓမ္မတရားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်ရကြမည် ဖြစ်ပါသည်။
ဣသရေလလူမျိုးတို့သည် သမ္မာသတိမရှိဘဲ နေကြခဲ့ပါသည်။ ထိုကြောင့်၊ (ဆာ၊ ၁၀၅း၁-၃၅) တွင်၊ ဆာလံဆရာသည် ရှင်အာဗြဟံမှစ၍ ဘုရားသခင်၏ သစ္စာတော်နှင့် ပြည့်စုံတော်မူသော ရာဇဝင်ကို ဖော်ပြထားခဲ့ပါသည်။ သူတို့ကို ညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ (ဆာ၊ ၁၀၅း၁၄-၁၅)။ ထာဝရဘုရား၏ အနာဂတ္တိစကားတော်သည် ရှင်ယောသပ်၏ ထူးမြှောက်ခြင်းတွင် ပြည့်စုံစေခဲ့ပါသည် (ဆာ၊ ၁၀၅း၁၇-၂၂)။ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏ (ဆာ၊ ၁၀၅း၂၄)။ ဣသရေလလူမျိုးတို့သည် ကျွန်ဘဝသို့ ရောက်ကြသောအခါ၊ ကိုယ်တော်သည် မိမိကျွန်မောရှေကို စေလွှတ်တော်မူခဲ့သည် (၁၀၅း၂၆)။
ဤဆာလံကျမ်းတွင်၊ မြင့်မြတ်သည့် ပုဂ္ဂိုလ်တော်၏ နာမည်များပါပါသည်။ သို့ရာတွင်၊ ထာဝရဘုရားသည် အမြင့်မြတ်ဆုံသောသူ ဖြစ်တော်မူသည်။ ဘုရားသခင်သည် မိမိအနန္တတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်သားလက်မှလည်းကောင်း၊ ညှဉ်းဆဲသောသူအပေါင်းတို့ လက်မှလည်းကောင်း၊ ဣသရေလလူမျိုးတို့ကို ကယ်နုတ်တော်မူခဲ့သည် (ဆာ၊ ၁၀၅း၂၇-၃၈)။ ဤဆာလံသည် ဣသရေလလူမျိုးတို့၏ သမိုင်းကိုသာ ဖော်ပြထားသောလည်း၊ အရာရာ၌ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်ဟု သိသိသာသာ သိနိုင်ပါသည်။
ဆာလံဆရာသည် (ဆာ၊ ၁၀၅) ကို ရှင်အာဗြဟံ၏ အသက်တာအကြောင်း စတင်ခဲ့ပါသည်။ သို့သော်၊ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူခဲ့သည် (ယော၊ ၈း၅၈)။ ဘုရားသခင်၏ သစ္စာရှိသော သားတော်သည် ဣသရေလ၏ အဘဖြစ်သူမတိုင်မီ ရှိခဲ့သည်သာမက၊ ထိုသခင်မှာ ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ အာမင်ဟူ၍လည်းကောင်း ဖြစ်ပါသည် (၂ကော၊ ၁း၂၀)။ အဓိက၊ ဘုရားသခင်သည် မိမိပဋိညာဉ်ကို အောက်မေ့သတိရသလို၊ ယုံကြည်သူများသည် ကိုယ်တော်၏ မဟာအမှုတော်များကို အောက်မေ့သတိရပါသည် (ဆာ၊ ၁၀၅း၅-၁၁)။
ယနေ့၏ ဆုတောင်းချက်။
အရှင်ယေရှုဘုရား၊ သမ္မာသတိမရှိဘဲ နေလိုသောစိတ်ဆန္ဒ အကျွန်ုပ်၌ မရှိပါ။ အရာရာ၌ ကိုယ်တော်၏ မဟာအမှုတော်နှင့် မဟာကတိတော်များကို သမ္မာသတိရှိရှိ အောက်မေ့စေခြင်းငှာ ကူညီမစတော်မူပါ။ အာမင်။
ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။
More
စပ်ဆိုင်သောအစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
