YouVersion လိုဂို
ရှာရန် အိုင်ကွန်

သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

A God Who Is Faithful

7 ၏ နေ့ 3

ရှင်ဘုရင်ကို စောင့်လော့

အာသလိ၏ နာမည်အနက်မှာ ထာဝရဘုရားသည် ချီးမြှောက်ခြင်း ရှိတော်မူသည်ဟု ဖြစ်သော်လည်း သူမသည် ထာဝရဘုရားကို မချီးမြှောက်ဘဲ နေခဲ့ပါသည်။ နိုင်ငံတော်ပျက်စီးသွားစဉ်တွင်၊ သူမသည် တစ်ပါးအမျိုးသားရှင်ဘုရင်များ၏ သတ်ဖြတ်အလေ့ကို ဆက်လက်ကျင့်မိခဲ့ပါသည်။ အာသလိသည် မိမိသား (ရှင်ဘုရင်အာခဇိ) သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းခဲ့ပါသည်။ သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သား ယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏ အသက်လွတ်စေခြင်းငှာ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထားခဲ့ပါသည်။ ထိုနောက် ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံခဲ့ပါသည်။ ထာဝရဘုရားသည် ယောရှကို စောင့်ရှောက်တော်မူ၍၊ ဒါဝိဒ်ဘုရင်ကြီးနှင့်စပ်ဆိုင်သော ကတိတော်များကို ယောရှအား ရရှိခံစားစေခြင်းငှာ စီရင်တော်မူခဲ့သည်။ ဒါဝိဒ်၏ ဆွေတော်မျိုးတော်သည် မဖြစ်နိုင်သော အခက်အခဲများကို ကျော်လွှား၍ ရှင်သန်ခဲ့ပါသည်။ အကြောင်းမှာ၊ ဘုရားရှင်သည် မိမိကတိတော်များကို သစ္စာရှိစွာ တည်စေတော်မူခဲ့သည် (၂ရာ၊ ၇း၁၆)။

ထိုနည်းတူ၊ ဘုရားသခင်သည် သူသငယ်တော် အရှင်ယေရှုဘုရားကို ဟေရုဒ်မင်းကြီး၏ အသက်အန္တရာယ်မှ လွတ်မြောက်စေ၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝစဉ်တည်စေရန် ပြုပြင်စီရင်တော်မူခဲ့ပါသည် (မ၊ ၂း၁၃-၂၀)။ သမ္မာကျမ်းစာ၏ မဟာဇာတ်တော်ကြီးသည် ဘုရားသခင်၏ မဟာသစ္စာတော်နှင့် အရာခပ်သိမ်းအပေါ် အထွဋ်အမြတ်အာဏာတော်တို့ကို ဖော်ပြထားပါသည်။

ယနေ့၏ ဆုတောင်းချက်။

အရှင်ယေရှုဘုရား၊ ကိုယ်တော်ဘုရား၏ အလိုတော်ကို အကြွင်းမဲ့ နားမလည်သော်လည်း အရာရာ၌ ကိုယ်တော်၏ အထွဋ်အမြတ်အာဏာတော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ ကိုယ်တော်၏ စုံလင်တော်မူသော အလိုတော်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။

ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။

ဤအစီအစဉ်အကြောင်း

A God Who Is Faithful

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-Faithful_God သွားရောက်ကြည့်ရှုပါ။