YouVersion လိုဂို
ရှာရန် အိုင်ကွန်

သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

A God Who Is Faithful

7 ၏ နေ့ 5

ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲခံရခြင်း

တမန်တော်ကြီး ရှင်ပေါလုသည် ဒုက္ခဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်ခဲ့ပါသည်။ (၂ကော၊ ၁း၈) တွင်၊ ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရခဲ့ပါသည်ဟု ရှင်ပေါလု ပြောဆိုခဲ့ပါသည်။ သို့ရာတွင်၊ သူသည် ဤသို့လည်း ပြောဆိုခဲ့ပါသည်...ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏ (၁ကော၊ ၁း၅)။ ရှင်ပေါလုသည် ဤသမ္မာတရားကို သိလျက်၊ မိမိ၏ ဆင်းရဲဒုက္ခများတွင် ဝမ်းမြောက်ခြင်းကို ရရှိခံစားရသလို၊ ကောရိန္သုမြို့ရှိ ယုံကြည်သူများကိုလည်း ဆင်းရဲဒုက္ခများတွင် ဝမ်းမြောက်ခြင်းကို ရရှိခံစားရစေရန် တိုက်တွန်းနိုးဆော်ခဲ့ပါသည်။ (၂ကော၊ ၁း၄) တွင်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏ဟု ရှင်ပေါလု ထိမိစွာ ဖော်ပြထားခဲ့ပါသည်။ ရှင်ပေါလုသည် မိမိဆင်းရဲဒုက္ခကို သူတစ်ပါးအား ကောင်းကြီးပေးရန် အသုံးပြုခဲ့ပါသည်။ ကျွန်တော်တို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း ဆင်းရဲဒုက္ခအမျိုးမျိုးကို ကိုယ်တိုင်ခံကြပါသည်။ ထို့ကြောင့်၊ ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏ဟု ရှင်ပေါလုသည် ရဲရင့်စွာ ပြောဆိုခဲ့ပါသည် (၂ကော၊ ၂း၁၀)။

ရှင်ပေါလုပြုသကဲ့သို့၊ ယနေ့ ယုံကြည်သူများသည်လည်း မိမိဆင်းရဲဒုက္ခကို သူတစ်ပါးအား ကောင်းကြီးပေးရန် အသုံးပြုနိုင်ပါသည်။ အရှင်ယေရှုဘုရားသည် ရှင်ပေါလုကို မစွန့်သလို၊ အရှင်ယေရှုဘုရားသည် မိတ်ဆွေကို မစွန့်၊ မိတ်ဆွေကို အလျှင်းပစ်၍ မထားဟု ကတိတော်ပေးသနားတော်မူပြီ။

ယနေ့၏ ဆုတောင်းချက်။

အရှင်ယေရှုဘုရား၊ ကျွန်ုပ်ကြုံဖူးသော လောကဓံဒုက္ခအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ အတိတ်သမိုင်းရှိ အတွေ့အကြုံများကို သူတစ်ပါးအား ကူညီစေရန်အတွက် အသုံးပြုလျက် စီရင်တော်မူပါ။ အာမင်။

ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

A God Who Is Faithful

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-Faithful_God သွားရောက်ကြည့်ရှုပါ။