သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

သစ္စာရှိသောဘုရားသခင်နှင့် သစ္စာမဲ့သောလူပုထုဇဉ်များ
တရားသူကြီးမှတ်စာသည် ဘုရားသခင်၏ သစ္စာတော်နှင့် လူပုထုဇဉ်တို့၏ သစ္စာမဲ့မှုတို့ကို ထင်ရှားစွာ ဖော်ပြထားပါသည်။ အဲဂုတ္တုပြည်မှ အံ့ဖွယ်ကယ်ဆယ်ခြင်းကို ခံရကြပြီးမှ ထာဝရဘုရားကို မသိ၊ သူပြုခဲ့သောအမှုတို့ကို မမှတ်မိသော မျိုးဆက်တစ်ခုပေါ်ပေါက်လာသည်ကို အံ့ဩဖွယ်ရာ ဖြစ်ပါသည်။ ဘုရားသခင်၏ ထူးဆန်းလှသော မဟာတန်ခိုးတော်ကို မျက်မြင်သက်သေခံဖြစ်သော်လည်း ယခုအခါ ကိုယ်တော်မြတ်ကို လုံးလုံးမေ့လျော့သွားခဲ့ပါပြီတကား။ သူတို့၏ မေ့လျော့မှုအားဖြင့် ပုန်ကန်သို့ ရောက်စေခဲ့ပါသည်။
သူတို့၏ အပြစ်ဒုစရိုက်များကြောင့် ဘုရားသခင်သည် လူတို့ကို ထာဝရစွန့်ပစ်တော်မူလိမ့်မည်ဟု ထင်မှတ်ရာပါသည်။ သို့သော်၊ အကြိမ်ကြိမ်အခါခါ၊ ဘုရားသခင်၏ မဟာကရုဏာတော်သည် လူသားတို့၏ သစ္စာမဲ့မှုကို လွှမ်းမိုစေတော်မူခဲ့ပါသည်။ ဤကျမ်းပိုဒ်တွင်၊ ဘုရားသခင်သည် လူတို့ကို သနားကြင်နာပြီး သူတို့၏ အော်ဟစ်သံများကို နားထောင်တော်မူသည်ဟု ဖော်ပြထားပါသည်။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။ သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။ ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။ (ထွက်၊ ၂:၂၃ခ-၂၅)။ ကိုယ်တော်သည် သူတို့၏ အကျိုးနည်းခြင်းကို မြင်တော်မူ၍၊ သူတို့၏ နာကျင်မှုကို သိကျွမ်းတော်မူပါသည်။ ဘုရားသခင်၏ သစ္စာစောင့်ခြင်း၏ အနှစ်သာရသည် သူ၏ သတိနှင့်ကြည့်ရှုတော်မူခြင်းပင် ဖြစ်ပါသည်။
ယခု၊ မျိုးဆက်များကြာပြီးနောက်၊ ဘုရားသခင်သည် မိမိလူမျိုးတော်၏ အော်သံကို ကြား၍၊ အောင်မြင်စေဖို့ တရားသူကြီးများကို စေလွှတ်ပေးခဲ့ပါသည်။ ထိုသူတို့သည် မျိုးဆက်တစ်ဆက်ပင် နာခံမှုကင်းခဲ့သော်လည်း ဘုရားသခင်သည် ၎င်းအမှုကို ကြိမ်ပေါင်းများစွာ ပြုတော်မူခဲ့ပါသည်။ ဘုရားသခင်၏ သစ္စာတော်သည် လူတို့၏ ကုသိုလ်ကောင်းမှု၌ မတည်ပေ။ ထိုအစား၊ ဘုရားသခင်၏ သစ္စာတော်သည် သူ၏ မဟာဇာတိတော်မြတ်၌ တည်တော်မူပါသည်။ ကိုယ်တော်သည် သစ္စာစောင့်သောဘုရားဖြစ်ပြီး မိမိကတိတော်များကို အစဉ်အမြဲ တည်စေတော်မူပါသည်။
ခရစ်ယာန်အသက်တာသည် ဘုရားသခင်၏ သစ္စာတော်အပေါ်၌ တည်ဆောက်ပါသည်။ နောင်တရပြီး၊ အရှင်ယေရှုဘုရားကို မိမိကယ်တင်ရှင်အသက်သခင်အဖြစ် ယုံကြည်လက်ခံသောသူများအားလုံးသည် ဘုရားသခင်၏ ကတိတော်များကို ယုံကြည်စိတ်ချစွာ အားကိုးနိုင်ပါသည်။ ငါတို့သခင်တည်းဟူသော သားတော်မြတ် သခင်ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏ (၁ကော၊ ၁:၉)။ မြတ်စွာဘုရားသခင်သည် မိမိလူမျိုးတော်တို့ကို စွန့်တော်မမူဘဲ၊ သူတို့သစ္စာမဲ့သောအခါ မိမိမျက်နှာတော်မြတ်လည်း လွှဲတော်မမူ။ ထိုအစား ကိုယ်တော်သည် မိမိလူမျိုးတော်အား သတိနှင့်ကြည့်ရှုတော်မူပါလိမ့်မည်။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူသည်။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူသည်။ ရှင်အာဗြဟံနှင့် ပြုတော်မူသော ပဋိညာဉ်ကို သတိရ၍၊ မိမိလူမျိုးတော်ကို ကယ်တင်တော်မူပါသည်။ ထိုသူတို့၏ လိုအပ်ချက်များကို သိ၍၊ ခရစ်တော်၏ မဟာအမှုတော်အားဖြင့် ထိုလိုအပ်ချက်များကို ဖြည့်စုံစေလျက်၊ စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းကို ပြန်လည်ထူထောင်ပေးတော်မူပါသည်။
ယနေ့၏ ဆုတောင်းချက်။
အရှင်ယေရှုဘုရား၊ ကိုယ်တော်၏ သစ္စာတော်နှင့် ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို မထောက်၊ ကောင်းမြတ်ခြင်းကို မေ့လျော့ပြီး အဓမ္မမှုကို ကျူးလွန်သောလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစွန့်ပစ်သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အာမင်။
ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။
More
စပ်ဆိုင်သောအစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
