သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

သန့်ရှင်းစင်ကြယ်စေခြင်း
သန့်ရှင်းစင်ကြယ်စေခြင်းသည် ဘုရားသခင်ကဲ့သို့ ပို၍ဖြစ်လာခြင်း ဖြစ်ပါသည်။ ယုံကြည်သူများသည် ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်ကို ထောက်လျှင် ပိုမိုသန့်ရှင်းစေပါလိမ့်မည်။ မူရင်းဂရိဘာသာမှာ၊ သန့်ရှင်းစေခြင်းဟူသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအဖို့ ခွဲထားခြင်းဟု အဓိပ္ပာယ်ရှိပါသည်။ တမန်တော်ကြီး ရှင်ပေါလုသည် သက်သာလောနိတ်မြို့၌ ယုံကြည်သူသစ်များအား ဤသို့မှာထားခဲ့ပါသည်... ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကို အမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏...ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာ...(၁သက်၊ ၄:၁၊ ၃)။ သန့်ရှင်းစွာ အသက်ရှင်ခြင်းသည် လက်တွေ့ပညာတစ်မျိုးဖြစ်ပြီး၊ ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏ဟု ရှင်ပေါလုက ဖော်ပြထားခဲ့ပါသည် (၁သက်၊ ၄း၇)။ ဘုရားသခင်သည် မိမိလူမျိုးတော်အား ဧဝံဂေလိတရား၏ သမ္မာတရားနှင့်အညီ သစ္စာရှိစွာ အသက်ရှင်စေရန် ခေါ်တော်မူခဲ့ပါသည်။
ယေရှုခရစ်၏ ကိုယ်တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏ (ဟေဗြဲ၊ ၁ဝး၁ဝ)။ လူတစ်စုံတစ်ယောက်သည် အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံသောအခါ၊ ထိုသူသည် အပြစ်တရားမှ လွတ်မြောက်ပြီး သေခြင်းတရားကို နိုင်လျက် ထာဝရအသက်ကို ခံရပါသည်။ ၎င်းသည် မင်္ဂလာသတင်းကောင်း ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ယုံကြည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းစနစ်ကို ဘဝတစ်လျှောက် ရရှိခံစားစေတတ်ပါသည် (၁သက်၊ ၄:၈) ။ ထို့ကြောင့်၊ ရှင်ပေါလုသည် ဤသို့ ဆုတောင်းပတ္ထနာ ပြုခဲ့ပါသည်... ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော (၁သက်၊ ၅း၂၃)။
ယခုခေတ်ရှိ ယုံကြည်သူများသည် ဤကတိတော်မြတ်ကို ယုံကြည်စွဲလမ်းကြပါစို့...သင်တို့ကို ခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည် (၁သက်၊ ၅း၂၄)။
ယနေ့၏ ဆုတောင်းခံချက်။
အရှင်ယေရှုဘုရား၊ အကျွန်ုပ်၏ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အနောက်ဆုံးနေ့တိုင်းအောင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အာမင်။
ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။
More
စပ်ဆိုင်သောအစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
