YouVersion လိုဂို
ရှာရန် အိုင်ကွန်

သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်နမူနာ

A God Who Is Faithful

7 ၏ နေ့ 2

မိမိဘုရားသခင်ကို စုံစမ်းခြင်း

ရှင်ဂိဒေါင်သည် မိမိဘုရားသခင်ကို စုံစမ်းခဲ့ပါသည်။ ရှင်ဂိဒေါင်သည် မိမိဇာတိပကတိကို ဦးစားပေပြီး သိုးမွှေးကို မြေပေါ်တွင်ချလျက် မိမိယုံမှားသံသယကို ထင်ရှားစွာ ပြသခဲ့ပါသည်။ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိမိရန်သူများတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူခဲ့ပါသည်။ သို့သော်၊ ရှင်ဂိဒေါင်၏ အကျင့်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံဘူးလို့ ဖော်ပြခဲ့ပါသည်။ ထာဝရဘုရားရှင်သည် ဤနှင်းစိုသောသိုးမွေးကို ထူးဆန်းသောလက္ခဏာအဖြစ် အသုံးပြုတော်မူ၍၊ ရှင်ဂိဒေါင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်စီရင်ထားကြောင်း ပြတော်မူခဲ့သည်။ ထိုနည်းတူစွာ၊ မိမိအမှုတော်မြတ်အစ၌ အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ခဲ့သည့် မာရ်နတ်အားဖြင့် ခက်ခဲသော စုံစမ်းနောင့်ယှက်မှုကိုလည်း ရင်ဆိုင်တော်မူခဲ့သည် (မ၊ ၄:၁-၁၁)။

မာရ်နတ်သည် အရှင်ယေရှုဘုရားအား ဘုရားသခင်၏ အကြံတော်ကို ရှောင်လွှဲ၍ လောကီလမ်းသို့ လိုက်စေဖို့ အတင်းအဓမ္မ သွေးဆောင်ခဲ့ပါသည်။ အရှင်ယေရှုဘုရားသည် အရက် (၄၀) ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူခဲ့သည်။ ထိုအခါ၊ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်ဆိုခဲ့ပါသည်။ အနာဂတ်၌ ငါးနှင့် မုန့်အနည်းငယ်ကို လူများစွာကို ကျွေးမွေးလာမည့် အရှင်ယေရှုဘုရားသည် ကျောက်ခဲကို မုန့်အဖြစ် ပြောင်းနိုင်သော မဟာတန်ခိုးတော်ကို ပိုင်တော်မူပါသည်။ သို့သော်၊ ဤသို့ပြုမိလျှင် ခမည်းတော်ဘုရားသခင်သည် အချိန်တန်၊ မိမိလိုတော်နှင့်အညီ အရှင်ယေရှုဘုရား၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟု မယုံကြည်ခြင်းကို ပြသလိမ့်မည်ဖြစ်ပါသည်။ ထိုအခါ မာရ်နတ်သည် အရှင်ယေရှုဘုရားကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ဤပရီယာယ်သွေးဆောင်မှုသည် မိမိသားတော်အဖို့ ခမည်းဘုရားဘုရားစီရင်တော်မူသော အသက်တာတော်၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မှုခြင်းတို့ကို ရှောင်ရှားစေပါလိမ့်မည်။ အဆုံးမှာ၊ မာရ်နတ်သည် အနန္တစကြဝဠာဖန်ဆင်းတော်မူသောအရှင်ကို နှုတ်ကပတ်တော်တရားအပေါ် ယုံမှားသံသယရှိဖို့နှင့် လောကီနည်းလမ်းဖြင့် လောကီဘုန်းကို ရရှိခံစားစေဖို့ စုံစမ်းသွေးဆောင်ခဲ့ပါသည်။

သွေးဆောင်မှုတိုင်းတွင် အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ သစ္စာတော်နှင့် နှုတ်ကပတ်တော်တရားကို စုံစမ်းတော်မမူ။ အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ ကတိတော်များကို ယုံကြည်အားကိုးပြီး မာရ်နတ်ကို နိုင်လျက် ဘုရားသခင်၏အလိုတော်နှင့်အညီ သစ္စာရှိစွာ အသက်ရှင်တော်မူခဲ့ပါသည်။ အရှင်ယေရှုဘုရား၏ အမှုတော်တစ်လျှောက်တွင် ဘာသာရေးခေါင်းဆောင်များသည် အရှင်ယေရှုဘုရားအား မိမိဇာတိတော်မြတ်ဖြစ်ကြောင်းကို ငြင်းပယ်စေရန် တပ်သလဲလဲ ကြိးစားကြခဲ့ပါသည် (မ၊ ၁၆:၁။ မာ၊ ၁၀:၂)။ အရှင်ယေရှုဘုရားသည် ထိုသူတို့၏ မုသားဝါဒကို နားမထောင်ဘဲ သူ၏ လက်သတ္တိ၊ နှုတ်သတ္တိနှင့် ဂုဏ်သတ္တိတို့သည် မိမိဇာတိတော်မြတ်ကို ပြသစေဖို့ လုံလောက်ပေတည်းဟု ညွှန်ပြခဲ့ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သစ္စာတော်တို့သည် မိမိယုံကြည်ခြင်း၏ ခိုင်မာလှသော တိုက်မြစ် ဖြစ်ပါသည်။ ဤသင်္ခါရလောက၏ ဒုက္ခတရားနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရသောအခါ အသင်းတော်သည် ဘုရားသခင်ထံမှ ထူးဆန်းသော နိမိတ်လက္ခဏာများကို တောင်းဆိုရန် မလိုအပ်ပါ။ မသေချာသောအနာဂတ်မှာ၊ ယုံကြည်သူတိုင်းသည် အရှင်ယေရှုဘုရား၏ ဇာတိတော်မြတ်နှင့် နှုတ်ကပတ်တော်တရားကို စိတ်ချယုံကြည်စွာ အားကိုးနိုင်ကြပါသည်။

ယနေ့၏ ဆုတောင်းချက်။

အရှင်ယေရှုဘုရား၊ အကျွန်ုပ်သည် ရှင်ဂိဒေါင်ကုဲသို့ ကိုယ်တော်ကို စုံစမ်းဖို့ရန် အလိုမရှိ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မုသားဝါဒကို ကင်းလွတ်သောကြောင့် အရာရာ၌ နှုတ်ကပတ်တော်တရားကို စိတ်ချစွာ ယုံကြည်နိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ ကိုယ်တော်၏ အနန္တတန်ခိုးတော်နှင့် အတုမရှိ အထွဋ်အမြတ်အာဏာတော်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။

ဤစမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ထားခဲ့ပါသည်။

ဤအစီအစဉ်အကြောင်း

A God Who Is Faithful

ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားရဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-Faithful_God သွားရောက်ကြည့်ရှုပါ။