YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

7 Attributes Of God

7 ၏ နေ့ 7

သန့်ရှင်းတော်မူသောဘုရား

ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့် တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။ ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်ပြီး ကိုယ်တော်၌ မှောင်မိုက်အလျှင်းမရှိ။ ရုပ်တုများမူကား ငွေလည်း ဖြစ်သည်။ ရွှေလည်း ဖြစ်သည်။ လူလက်ဖြင့် လုပ်သောအရာပေတည်း။ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ နားရှိ၍ မကြားတတ်။ နှာခေါင်းရှိ၍ မနမ်းတတ်။ လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍ မသွားတတ်။ သူတို့လည် ချောင်းဖြင့် အသံမပြုတတ်ပါတကား။

ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် ထူးခြားသော မိတ်သဟာယဖွဲ့ခြင်းဖြင့် သူ၏ ကြီးမြတ်လှသောဘုန်းတော်နှင့် ကောင်းမြတ်တော်မှုခြင်းကို ပြသစေရန် ရွေးချယ်တော်မူသည်။ ကိုယ်တော်၏ ကြည့်ရှုပြုစုကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများနှင့်အတူ၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ဘုရားသခင် မိန့်တော်မူသည်။ ဘုရားဇာတိခံယူခြင်းကို မဆိုဘဲ ကိုးကွယ်မှုနှင့် နေ့စဉ်ကျင့်တရား၌ သီးခြားထူးခြားရမည်။ သန့်ရှင်းစေရန် ခေါ်တော်မူခြင်းသည် ဣသရေလကို အခြားလူမျိုးများနှင့် ကွဲပြားစေရန်သာ မဟုတ်ဘဲ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြောင့် သန့်ရှင်းရမည်။ အကြောင်းမှာ၊ ဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဣသရေလလူမျိုးတို့၏ သန့်ရှင်းမှုသည် ကိုယ်တော်၏ သန့်ရှင်းတော်မူခြင်းကို ဖော်ပြစေသည်။ ဘုရားသခင်၏ ပညတ်တော်နှင့်အညီ ကျင့်လျက် နေထိုင်ခြင်းအားဖြင့် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ကြောင်း ထင်ရှားစေရန် ကူညီပေးသည်။

ဣသရေလလူတို့သည် လူအပေါင်းတို့နှင့် အသင့်အတင့်နေစေရန် ပညတ်တော်များကို စီရင်တော်မူသည်။ သူ၏ အမိန့်တော်များသည် မိမိလူမျိုးတော်ကို သန့်ရှင်းစင်ကြယ်စေရန် ရည်မှန်းချက်နှင့် စီရင်တော်မူသည်။ အချို့သော ပညတ်တော်များသည် မထိရမည့် (သို့) မစားရမည့်အရာများကို ဖော်ပြထားသည်။ အကြောင်းမှာ၊ ထိုအရာများသည် လူကို ညစ်ညူးစေသည်။ ဓမ္မဟောင်းတရားသည် ရှေးဣသရေလအတွက်သာ ဖြစ်သော်လည်း၊ ဝိညာဉ်ရေးသဘောသည် ယခုခေတ်ရှိ ယုံကြည်သူများအတွက် ဆက်လက်သက်ရောက်သည်။ အကယ်၍၊ ကျွန်တော်တို့သည် ရှေးဣသရေလလူမျိုးများကဲ့သို့ အရာရာ၌ သန့်ရှင်းစေရန် ခေါ်တော်မူခြင်းကို ခံရကြသည် (၁ပေ၊ ၁:၁၄-၁၆)။

အရှင်ယေရှုဘုရားသည် သန့်ရှင်းခြင်းအကြောင်းကို သစ်လွင်စွာ သွန်သင်တော်မူသည်။ အရှင်ယေရှုဘုရားက၊ စားဖွယ်ရာနှင့် ထိမိသောအရာများသည် လူကို မညစ်ညူးစေဘဲ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်သည်။ မကောင်းသောကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊ လူကို ညစ်ညူးစေသောအရာ ဖြစ်ကြသည်ဟု မိန့်တော်မူသည် (မ၊ ၁၅:၁-၁၁)။ ခရစ်ယာန်များသည် ကျေးဇူးတရားလက်၌ ရှိကြသည်။ ကျွန်တော်တို့၏ ခွင့်လွှတ်ချမ်းသာသည် စုံလင်သလို နိစ္စထာဝရတည်သောအရာလည်း ဖြစ်သည်။ ညစ်ညမ်းခြင်းသည် အရှင်ယေရှုဘုရားပေးတော်မူသော ဖြောင့်မတ်ခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို မပယ်ရှားနိုင်ပေ။ ကျွန်တော်တို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တောအားဖြင့် သိ၍ပိုင်ခြားနိုင်သောဉာဏ်နှင့် သမ္မာသတိတို့ကို ရရှိခံစား၍ လွတ်လပ်စွာ ထိလျက်၊ စားလျက် နေကြသည်။

အရှင်ယေရှုဘုရား၏ ကိုယ်တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ကျွန်တော်တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြပြီ (ဟေဗြဲ၊ ၁ဝး၁၀)။ သို့သော်၊ (၁သက်၊ ၃း၁-၈) တွင်၊ ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏ဟု ဖော်ပြထားပါသည်။ ခရစ်ယာန်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ကျွန်တော်တို့သည် သေသည့်နေ့အထိ ဘုရားသခင်အဖို့ သန့်သန့်ရှင်းရှင်း အသက်ရှင်ရမည် ဖြစ်သည်။ ကျွန်တော်တို့သည် သန့်ရှင်းသောအသက်တာများဖြင့် နေထိုင်သောအခါ၊ ကျွန်တော်တို့သည် ဘုရားသခင်၏ လူမျိုးတော်များအဖြစ် မိမိကိုယ်ကို ထူးခြားစေပြီး၊ ဝမ်းမြောက်သောနာခံမှုဖြင့် ကိုယ်တော်မြတ်ကို ဝတ်ပြုကြသည်။

ယနေ့၏ ဆုတောင်းချက်

အရှင်ယေရှုဘုရား၊ မိမိကိုယ်တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ အကျွန်ုပ်ကို စင်ကြယ်ခြင်းသို့ ရောက်စေသည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်၏ စင်ကြယ်သောအကျင့်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် မစကူညီတော်မူပါ။ အာမင်။

ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။

နေ့ 6

ဤအစီအစဉ်အကြောင်း

7 Attributes Of God

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-AttributesOfGod သွားရောက်ကြည့်ရှုပါ။