YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

7 Attributes Of God

7 ၏ နေ့ 4

ငါဖြစ်၏

ဘုရားသခင်၏ မဟာနာမတော်သည် မိမိ၏ အနိစ္စထာဝရသဘော၊ အနန္တတန်ခိုးတော်နှင့် ဂုဏ်အင်္ဂါတော်များကို ပြသစေသည်။ မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ ရောက်၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကို ပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အား မေးလျှောက်ခဲ့သည်။ ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍လည်းကောင်း၊ မောရှေအား မိန့်တော်မူသည်။ ထာဝရဘုရားသည် ကံ၊ စိတ်၊ ဥတု၊ အဟာရအားကိုးလိုသော ဖန်ဆင်းခံသောသတ္တဝါ မဖြစ်ပေ။ ကိုယ်တော်မြတ်သည် အတုမရှိ၊ တစ်ပါးတည်းသော ထာဝရမဟာရာဇနှင့် အနန္တတန်ခိုးရှင် ဖြစ်တော်မူသည်။ သဗ္ဗညုတဉာဏ်တော်အရှင် ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်။

အရှင်ယေရှုဘုရား၏ အမှုတော်တွင် ထိုမဟာနာမတော်ကို အသုံးပြုတော်မူသည်။ လူများသည် အရှင်ယေရှုဘုရားနှင့် အာဗြဟံအဖို့ ပေးတော်မူသော ကတိတော်များ၏ ဆပ်ဆိုင်မှုကို စကားများနေစဉ်၊ အရှင်ယေရှုဘုရားသည် ၎င်းသူတို့၏ နားလည်မှုကို ဖီဆန်လျက်၊ သူသည် ဘုရားသခင် အသုံးပြုတော်မူသောသူသာ မဟုတ်ဘဲ၊ ငါဖြစ်၏ဟု ရဲရဲရင့်ရင့် မိန့်တော်မူခဲ့သည် (ယော၊ ၈:၅၈)။ ထိုအခါ ယုဒလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြသည်။ အကြောင်းမှာ ယုဒလူမျိုးတို့သည် ဤမဟာနာမတော်၏ အရေးကြီးမှုကို သိရှိခဲ့သောကြောင့် ဖြစ်သည်။ ဤမဟာနာမတော်ကို အသုံးပြုခြင်းအားဖြင့် အရှင်ယေရှုဘုရားသည် မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းကြောင့် ကြေညာတော်မူ၍၊ ဘုရားကို ကဲ့ရဲ့သောအပြစ်ကို အတင်းအဓမ္မ ကျူးလွန်ပြီဟု ယုဒလူမျိုးအား ယူဆကြသည်။ ယုဒလူမျိုးသည် ဤသူသည် နာဇရက်မြို့မှလာသော လက်သမားတစ်ယောက်ဖြစ်သော်လည်း လူသားများအားလုံးသည် သူကို ယုံကြည်အားကိုးလျက် ဝတ်ပြုကိုးကွယ်သင့်သော ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု နားမလည်နိုင်ကြပေ။

ယနေ့၏ ဆုတောင်းချက်

<အရှင်ယေရှုဘုရား၊ ကိုယ်တော်ရှင်၏ မဟာနာမတော်သည် ငါဖြစ်သည်ဟု ဖြစ်ပါ၏။ ကိုယ်တော်ရှင်၏ ထူးဆန်းလှသော ဇာတိတော်မြတ်ကို အကြွင်းမဲ့ မသိနိုင်သော်လည်း ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်လျက် ရှိခိုးပါ၏။ နာရီတိုင်း၊ မိနှစ်တိုင်း၊ စက္ကန့်တိုင်းမှာ ကိုယ်တော်မြတ်ကို ကိုးကွယ်စေရန် ကူညီမစတော်မူပါ။ အာမင်။

ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

7 Attributes Of God

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-AttributesOfGod သွားရောက်ကြည့်ရှုပါ။