ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

သစ္စာစောင့်တော်မူသောဘုရား
ဣဇာက်၏ မွေးဖွားခြင်းသည် အရှင်ယေရှုဘုရား၏ ကြွလာခြင်းကို ကြိုတင်ဖော်ပြထားခဲ့သည်။ ဘုရားသခင်သည် သစ္စာရှိတော်မူ၍ အာဗြဟံအား သားတစ်ယောက် ကတိပြုတော်မူသလို၊ အပြစ်သားများအတွက် ကယ်တင်ရှင်တစ်ပါးကို ကတိပြုတော်မူသည်။ ဣဇာက်၏ မွေးဖွားခြင်းသည် ဘုရားသခင်၏ မဟာကျေးဇူးတော်ကို ထင်ရှားစေသလို၊ အရှင်ယေရှုဘုရား၏ ကြွလာတော်မူခြင်းသည်လည်း ဘုရားသခင်၏ မဟာကျေးဇူးတော်ကို ထင်ရှားစေခဲ့သည်။ ထိုအခါ အာဗြဟံနှင့် စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည်အတိုင်း မရောက်ပြီ။ ထိုကြောင့် စာရာက၊ ငါလည်း အိုပြီ၊ ငါ့သခင်လည်း အိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟု ဆိုလျက်၊ တိတ်ဆိတ်စွာ ရယ်လေ၏။ (က၊ ၁၈:၉-၁၂)။ သို့သော်၊ ဘုရားသခင်သည် မိမိအလိုတော်ကို ပြည့်စုံစေရန် လူသားစွမ်းမတတ်နိုင်သောအမှုများကို မကြာခဏ ပြုတော်မူသည်။ ယေရှုခရစ်သည် ဖွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏ (မ၊ ၁:၁၈)။ အာဗြဟံနှင့် စာရာတို့သည် ဘုရားသခင်၏ ကတိတော်ကို ဇွတ်ပြည့်စုံစေရန် အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏ (က ၁၆:၁-၄)။ နောက်ဆုံးတွင်၊ ဣဇာက်ကို ဖြစ်ပေါ်စေခဲ့သည်မှာ လူသား၏ ကြိုးစားမှုအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ သစ္စာတော်ကြောင့်သာ ဖြစ်သည်။ ထိုနည်းတူစွာ၊ အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ သစ္စာတော်အားဖြင့်သာ ဤလောကသို့ ကြွလာတော်မူသည်။ ဣဇာက်မွေးဖွားပြီးနောက်၊ စာရာသည် ထပ်မံရယ်မောခဲ့သော်လည်း၊ ဤတစ်ကြိမ်တွင် ယုံမားသံသယအားဖြင့် မဟုတ်ဘဲ၊ အံ့သြမှုနှင့် ပီတိအားဖြင့် ရယ်မောခဲ့သည် (က၊ ၂၁:၅-၆)။ ယနေ့၊ ယုံကြည်သူများသည်လည်း ဘုရားသခင်၏ သစ္စာတော်ကို ထောက်လျက် ဝမ်းမြောက်အံ့သြမှုဖြင့် ပြည့်စုံရမည် ဖြစ်သည်။
ယနေ့၏ ဆုတောင်းချက်
အရှင်ယေရှုဘုရား၊ ဘုရားသခင်၏ အကြံတော်ကို မထီမဲ့မြင်ပြုလျက် ရယ်မောမိသည်အတွက် ခွင့်လွှတ်တော်မူပါ။ အကျွန်ုသည် ကိုယ်အကြံစည်အားဖြင့် မဆောင်ရွက်ဘဲ၊ ကိုယ်တော်၏ စီရင်တော်မူခြင်းနှင့် ကတိတော်များကို စောင့်မျှော်စေရန် ကူညီမစတော်မူပါ။ အာမင်။
ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။
ဤအစီအစဉ်အကြောင်း

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။
More