ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

ဘုန်းတော်အနန္တ
ကိုယ်တော်၏ ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု မောရှေက ရဲရင့်စွာ တောင်းဆိုခဲ့သည်။ ဘုန်း၏ အနက်မှာ၊ ပြည့်စုံမှု၊ ဂုဏ်ကျက်သရေ၊ တန်ခိုးနှင့် အရှိန်အဝါ ဖြစ်သည်။ အဓိက၊ ဘုရားသခင်၏ ဘုန်းတော်သည် သူ၏ ဘုရားဇာတိတော်နှင့် ဂုဏ်အင်္ဂါတော်များ၌ တည်ရှိသည်။ ဘုရားသခင်သည် မိမိကျေးဇူးတော်အားဖြင့်၊ ဣသရေလလူမျိုးကို ကတိထားရာပြည်သို့ ဦးဆောင်ရန် ခေါ်တော်မူသော မောရှေ၏ တောင်းလျှောက်မှုကို လက်ခံတော်မူ၍၊ သူ၏ ထာဝရဘုန်းတန်ခိုးတော်ကို ခေတ္တခဏ ထင်ရှားလျက် ဖူးမြော်နိုင်သောအခွင့်ကို ပေးတော်မူသည်။
ဘုရားသခင်၏ မဟာဘုန်းတန်ခိုးတော်ထင်ရှားခြင်းကို အာဗြဟံ၊ ယောသပ်၊ မောရှေ (သို့) ဒါဝိဒ်မင်းကြီးကဲ့သို့သော ကျမ်းစာထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်တော်များအတွက်သာ သီးသန့်ထားရှိမည်ဟု ထင်မှတ်နိုင်သည်။ သို့ရာတွင်၊ ဘုရားသခင်သည် ခရစ်ယာန်အားလုံးအား သူ၏ ဘုန်းတန်ခိုးတော်ကို အမြဲတိုးပွားစွာ ထင်ရှားပြတော်မူသည် (၂ကော၊ ၄:၆)။ အကယ်၍၊ ယခုအချိန်၌ ဤဘုန်းတန်ခိုးတော်သည် အရူပအရာ ဖြစ်သည်။ သို့သော်၊ ယေရှုခရစ်၏ မျက်နှာ၌ ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကို သိသောဉာဏ်၏ အရောင်ကို ပေးလိုသောငှာ၊ ကျွန်တော်တို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်သည်။ ဘုရားသခင်၏ ဘုန်းတော်ကို သိသောဉာဏ်၏ အရောင်ကို ပေးခြင်းသည် ဘုရားသခင်ကို ပိုမိုချစ်စေပြီး၊ အပြစ်ကို ရှောင်စေလျက်၊ ကိုယ်တော်၏ မဟာစေခိုင်းချက်ကို ပြုစေရန် မစကူညီစေသည်။
ယနေ့၏ ဆုတောင်းချက်
အရှင်ယေရှုဘုရား၊ ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဘုန်းတော်အနန္တကို တွေ့မြင်လျက် ရရှိခံစားနိုင်သောအခွင့်ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ နေ့ရက်စဉ်တိုင်းမှာ ဘုရားသခင်၏ ဘုန်းတော်အနန္တကို ထောက်လျက် ကိုယ်တော်အဖို့ သစွာရှိစွာ အသက်ရှင်နိုင်မည်အကြောင်း ကူညီမစတော်မူပါ။ အာမင်။
ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။
More