YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

7 Attributes Of God

7 ၏ နေ့ 1

မိတ်သဟာယဖွဲ့လိုတော်မူသောဘုရား

ဘုရားသခင်သည် သူ၏ လူမျိုးတော်အဖို့ မိမိမဟာမေတ္တာတော်ကို မိမိနှုတ်ကပတ်တော်အားဖြင့် စေတနာရှိရှိ ထင်ရှားစေတော်မူသည်။ ဘုရားသခင်သည် မိမိနိမ္မိတသတ္တဝါများနှင့်အတူ မိတ်သဟာယဖွဲ့လိုသောစိတ် ရှိတော်မူသောကြောင့် ရှေးဣသရေလလူများသည် တအံ့တဩ နေကြခဲ့သည်။ ဘုရားသခင် မိန့်တော်သောအခါ၊ ရှေးဣသရေလလူများသည် ဘုရား၏ အသံတော်ကို ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြခဲ့သည် (ထွ၊ ၂ဝး၂၁)။ ဓမ္မဟောင်းကျမ်းရှိ ဤထင်ရှားတော်မူခြင်းနှင့် ဗျာဒိတ်တော်မူခြင်းတို့သည် အရှင်ယေရှုခရစ်တော်၏ လူ့ဇာတိခံတော်မူခြင်း၌ ပြည့်စုံစေခဲ့သည်။ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကို စွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏ (ဖိ၊ ၂း၆-၈)။ အရှင်ယေရှုဘုရားသည် ၎င်းအမှုတော်အားဖြင့် လောကီသားတို့ကို ကယ်တင်တော်မူခဲ့သည်။ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်သည် (ဟေ၊ ၁း၃က)။ အရှင်ယေရှုဘုရား၏ ပေါ်ထွန်တော်မူခြင်းအားဖြင့် လောကီသားများသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သောအခွင့်ကို ရရှိခံစားစေသည်။

ယနေ့၏ ဆုတောင်ချက်

အရှင်ယေရှုဘုရား၊ ခမည်းတော်ဘုရား၏ ရွှေဘုန်းတော်ကို ထင်ရှားတော်မူသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်ရှင်သည် ခမည်းတော်ဘုရား၏ ဂုဏ်အင်္ဂါလက္ခဏာများကို ပြသစေ၍ မိတ်သဟာယဖွဲ့ခြင်းအခွင့် ပေးတော်မူသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အာမင်။

ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

7 Attributes Of God

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-AttributesOfGod သွားရောက်ကြည့်ရှုပါ။