ရှင်လုကာ 20

20
ခန်း (၂၀)
ဂျူးလူမျိုးကြီးကဲဒွေဟ ကိုယ်တော်ယေရှုဟ ဘုရားရှင်ရဲ့ခွမ့်အာဏာနလာဇာဝို ယုံကြည်ဘဲနေဂေ့ခြင်း
1နေ့မှာ ကိုယ်တော်ယေရှုဟ ဗိမာန်တော်မှာ လူဒွေဝို သွန်သန်ပီး ဒန်းဂေါ ဟောပြောနေခီမှာ ဂျူးပုရောဟိတ်ကြီးကဲဒွေ၊ ကျမ်းတတ်ဆရာဒွေ န ဂျူးလူမျိုးကြီးကဲဒွေ ရော့လာဂေ့ပီး 2ကိုယ်တော်ဝို “သင်ဟ ဗိမာန်တော်မှာ အယ်မိုမျိုးဟောပြောဇာဝို ဟဲမျိုးခွမ့်အာဏာန လုပ်ဇာနူး၊ ဟယ်သူဟ အဲမိုခွမ့်အာဏာဝို ပေးထားရိနူး၊ ပြောကေ့ပါ” ဆိုပီး သူ့နို့ မေးခါမှာ။
3ကိုယ်တော်ယေရှုဟ “ငါလည်း ခုမေးရှင်ရယ်၊ ဖြေဂေ့ပါ။ 4ယောဟန်ဟ ဟယ်သူဆီဟ ခွမ့်အာဏာ န ရေနှစ်မြင်ဂလာပေးဇာနူး၊ ဘုရားဆီဟလော၊ လူဒွေဆီဟလော” ဆိုပီး ပလန်မေးရယ်။
5အဲခါ သူ့နို့ဟ ဘုရားဆီဟ ဆိုပီး ဖြေလိုက်ရယ်ဆိုဝါ “ဟဲဂျော့ယောဟန်ဝို မယုံဘဲနူး” ဆိုပီး မေးနေဦးမယ်။ 6လူဒွေဆီဟ ဆိုပီး ဖြေလိုက်ရင်လဲ ယောဟန်ဝို ပရောဖက်ဆိုပီး လူဒွေဟ ယုံကြည်ရားရိတွက် နို့ဝို ကလော့ခဲနပစ်ပေါ့ဂေ့လိမယ် ဆိုပီး ချင်းချင်းတိုင်ဘန်ပြီးနော့။
7“သူဟ ဟယ်သူဆီဟ ခွမ့်အာဏာနလုပ်နေရယ်ဆိုဇာ သိရ” ဆိုပီး ဖြေဂေ့ရယ်။
8အဲဂျော့ ကိုယ်တော်ယေရှုဟ “အဲဆို ငါလဲဟယ်သူဆီဟ ခွမ့်အာဏာ န အဲမိုဇာဒွေဝို လုပ်ရယ်ဆိုဇာ နန်းနို့ဝို ပြောနိုင်ရ” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှုဟ ဆိုးညစ်ဝိုခြံငှားမားဒွေ ကြော ပုံဥပမာကြော ပြောကြားခြင်း
9အဲနော့ ကိုယ်တော်ယေရှုဟ လူဒွေဝို ပုံဥပမာတစ်ခု ပြောပြရယ် “လူတယော့ဟ ဗျစ်ခြံစိုက်ပျိုးပီး ခြံလုပ်သားဒွေဝို သီးစားခလရယ်၊ အဲနော့ တိုင်းတစ်ပါးဝို ခီတော်ကြာ ခရီးထွက်ရားရယ်။ 10သီးခူးခီ ရော့ခါမှာ ခြံလုပ်သားဒွေဆီ စေခံတစ်ယော့လွှတ်ပီး သီးဇားခ တောခိုင်းရယ်၊ အယ်ဘေမဲ့ ခြံလုပ်သားဒွေဟ အဲမိုစေခံဝို ရိုက်နှက်ပီး လက်ဗလာန ပလန်လွှတ်လိုက်ရယ်။ 11နော့ထပ် စေခံတစ်ယော့ဝို ထပ်လွှတ်တော့လည်း အဲမျိုးပဲ ရိုက်နှက်ရှစ်ခွဲပီး လက်ဗလာန လွှတ်လိုက်ပလန်ရယ်။ 12နော့စေခံတယော့ဝို ထပ်လွှတ်ဝိုခါမှာ သူ့ဝိုလည်း ရိုက်နှက်ပီး ခြံပလန်ဆွဲထုဂေ့ရယ်။
13အဲခါမှာ ဗျစ်ခြံပိုင်ရှင်ဟ ‘ငါ ဟဲမျိုးလုပ်ရင်ကောမယ်နူး၊ ငါရှစ်ရဒဲ့သားဝို လွှတ်ဂေ့မယ်၊ ငါသားဝိုတော့ လေးစားဂေ့မှာပါ’ ဆိုပီး သူ့ကိုယ်သူပြောပြီး သူ့သားဝို လွှတ်လိုက်ရယ်။
14ခြံလုပ်သားဒွေဟ သားဖြစ်သူဝို ဗြင်ခါမှာ ‘အယ်ခြံဝို မွီဆစ်ခံဝို့သူဘဲ့၊ သူ့ဝို သတ်ပစ်ရအော်၊ အဲဆိုဝါ သူ့မွီဝို နို့ပိုင်ပီ’ ဆိုပီး ချင်းချင်းတိုင်ဘန်ဂေ့လေရယ်။ 15အဲနော့ သူ့ဝို ဗျစ်ခြံပလန်ဆွဲထုပီး သတ်ပစ်လိုက်ရယ်။
အဲဆိုဝါ ခြံပိုင်ရှင်ဟ အဲမိုလူဒွေဝို ဟဲမျိုးလုပ်မယ်ထံနူး။ 16သူကိုယ်တိုင် ဗျစ်ခြံဝိုလာပီး ခြံလုပ်သားဒွေဝို သတ်ပစ်ပီးနော့ ခြားလူဒွေဆီ ခြံဝို ငှားလိမယ်” ဆိုပီး မိတော်မူလေရယ်။
အဲမိုဇာဝို လူဒွေကြားဝိုခါမှာ သူ့နို့ဟ “အဲမိုမျိုး ဟယ်ခါလဲဖြစ်ပါစေန” ဆိုပီး ပြောဂေ့လေရယ်။
17ကိုယ်တော်ယေရှုဟ အဲမိုလူဒွေဝို စေ့စေ့ကေ့ပီး
“ဂယ်ရိ ‘နန်းနို့ဟ ဟယ်ခါမှ အဲမျိုးဖြစ်မလာသင့်ရ’ ဆိုပီး ပြောရယ်ဆိုဝါ ‘သူဟ အီဆော့သူဒွေပစ်ပယ်ထားဝို ကလော့တုံးဝိုမျိုး ဖြစ်ပေမဲ့လဲ
ဘုရားရှင်ဟ အဲမိုဇာဝို အီတစ်ဆော်ရဲ့ ရေးကီးဆုံးကလော့တုံးအဖြစ် ဖန်ဇင်းရားတော်မူရယ်’ ဆိုပီး ကျမ်းစာမှာ ရေးရားဝိုကြောရာဒွေဟ ဟဲရာဇာဝို ဆိုလိုနူး။
18လူတယော့ဟ အဲမိုကလော့#20.18 ကလော့ အယ်မိုနေရာမှာ ကလော့တုံးဟ ကိုယ်တော်ယေရှုဝို ကိုယ်စားပြုရယ်။ ကိုယ်တော်ယေရှုဟ သူ့ဝို ငြင်းပယ်ဝိုလူဒွေဟ ဖျစ်ဆီးခံရမယ် ဆိုပီး ပြောဇာဖြစ်ရယ်။ပေါ် ကလရယ်ဆိုဝါ သူ ပိုင်းပိုင်း ကျိုးလိမယ်၊ အဲမိုကလော့ဟ သူ့ပေါ် ကလရယ်ဆိုဝါ ညစ်ညစ်ကြေလိမယ်” ဆိုပီး ပြောရယ်။
19ကျမ်းတတ်ဆရာန ဂျူးပုရောဟိတ်ကြီးကဲဒွေဟ ကိုယ်တော်ယေရှုပြောဝိုပုံဥပမာဝို ကြားခါမှာ သူ့နို့ဝို ရည်ရွယ်ပီး ပြောနေမှန်း ရိမိဂေ့ရယ်၊ အဲဂျော့ ကိုယ်တော်ယေရှုဝို ချင့်ချင်း ဖမ်းလိုက်ရှင်ဘေမဲ့ လူထုပရိသတ်ဝို ကြော့နေဂေ့ရယ်။
ဂျူးလူမျိုးကြီးကဲဒွေဟ ခွန်န ပတ်သက်ဝို မေးခွန်းန ကိုယ်တော်ယေရှုဝို ထော်ချော့ဆင်ဝို ကြိုးစားခြင်း
20အဲဂျော့ ကျမ်းတတ်ဆရာဒွေ န ပုရောဟိတ်ကြီးကဲဒွေဟ ကိုယ်တော်ယေရှုဝို နီးကပ် စော့ကေ့ပီးနော့ ရိုးသားယော်ဆော်ဝါးဝို ဒရှိုဝို စေလွှတ်လိုက်ရယ်၊ ကိုယ်တော်ယေရှုဂါးပြောမှားန ဖမ်းဆီးပီး ရောမအာဏာပိုင်ဒွေ လက်ထဲဝို အပ်မယ်ဆိုဝို ကြံနဖြစ်ရယ်။ 21အဲမို သူလျှိုဒွေဟ ကိုယ်တော်ယေရှုဝို “အရှင်ဟ မှန်ဝိုဇာဝိုဘဲ့ ပြောရယ်၊ မှန်ဇာဝို သွန်သန်ရယ်၊ မျစ်နှာလည်း မလိုက်ရ၊ ဘုရားရှင်ရဲ့ လမ်းစဉ်လမ်းမှန်တိုင်း သွန်သန်ရယ်ဆိုဇာဝို ကျနော်ဒို့သိပါရယ်။ 22အဲမျိုးဆိုဝါ ရောမဧကရာဇ်ဝို ကျနော်ဒို့ ခွန်ဆော်သင့်ပါလော၊ ဆော်သင့်ရလော” ဆိုပီး မေးလေရယ်။
23ကိုယ်တော်ယေရှုဟ သူ့နို့ရဲ့ ပရိယာယ်ဝို သိရိတွက်။ 24သူ့နို့ဝို “ဒေနာရီဒန်းဂါးပြား တစ်ပြားပြပါ” ဆိုပီး ပြောလေရယ်။ “ဒန်းဂါးပေါ်မှာ ဟယ်သူရဲ့ ရုပ်ပုံန ဟယ်သူရဲ့ နော်မယ်ပါနူး” ဆိုပီး မေးဝိုခါမှာ
သူ့နို့ဟ “ရောမဧကရာဇ်ရဲ့ နော်မယ် န ရုပ်ပုံပါ” ဆိုပီး ဖြေလေရယ်။
25အဲခါ ကိုယ်တော်‌ယေရှုဟ “ရောမဧကရာဇ်နဆိုင်ဇာ ရောမဧကရာဇ်ဝိုပေးပါ၊ ဘုရားရှင်နဆိုင်ဇာ ဘုရားရှင်ဝို ပေးပါ” ဆိုပီး မိတော်မူလေရယ်။
26အဲလူဒွေဟ လူဒွေများဂီးရှေ့မှာ ကိုယ်တော်ယေရှုရဲ့ ဂါးမှားဝို ရှာရိရနိုင်ဘဲန ကိုယ်တော်ယေရှုရဲ့ ဖြေဂျော့ အံ့ဩပီး တိတိရားနေဂေ့လေရယ်။
သေရာဟနေပလန်ရှင်လာဝိုဇာနပတ်သက်ဝိုမေးခွန်း
(ရှင်မဿဲ ၂၂.၂၃-၃၃ရှင်မာကု ၁၂.၁၈-၂၇)
27သက်ပလန်ရှင်ခြင်းဝို ယုံကြည်မှေ့ဘဲဝို ဇဒ္ဒုကဲ#20.27 ဇဒ္ဒုကဲ ဇဒ္ဒုကဲဒွေဟ ဘာသာရေးယုံကြည်ချင့်ရှေ့ဝို ခြားဂျူးခေါဆော်ဒွေဖြစ်ရယ်။ဆိုပီး ခေါ်ဝို လူချို့ဟ ကိုယ်တော်ယေရှုဆီဝို လာဂေ့လေရယ်။ 28သူ့နို့ဟ ကိုယ်တော်ဝို “ဆရာ၊ မောရှေရဲ့ပညတ်ကျမ်းမှာ မယားရှေ့ဝိုလူတစ်ယော့ဟ သားမီးမှေ့ဘဲ ကွယ်လွန်သွားရယ်ဆိုဝါ ညီဖြစ်သူဟ ကျန်ရစ်ဝိုမုဆိုးမဇနီးဝို လက်ထပ်ပီး သူ့နို့နှေ့ယော့ရဲ့ သားဦးဝို သေရားဝိုကိုဖြစ်သူရဲ့ သားဖြစ်န ထားပေးရမယ် ဆိုပီး ရေးသားရားရယ်။ 29အဲမျိုးဆိုဝါ ညီကို ခုနှေ့ယော့မှာ ကိုဂီးဆုံးဟ အီထော်ကလပီး သားမီးရဘဲန သေဆုံးသွားရယ်။ 30အဲမျိုးန ဒုတိယယော့ဂီးဆုံးဟလဲ ကျန်ရစ်ဝို မုဆိုးမဝို လက်ထပ်ပေမဲ့လဲ သားမီးထွန်းကားဘဲန သေရားလေရယ်။ 31တတိယညီဟလဲ အဲမျိုးဘဲ့ဖြစ်ရားပီး၊ ညီကိုခုနှေ့ယော့လုံးဟ အဲမိုမုဆိုးမန အီထော်ပြုပီးနော့ သူ့နို့ဂူလုံးဟ သေဆုံးသွားရယ်။ 32နော့ဆုံးမှာ အဲမိုမျိုးသမီးလည်း သေဆုံးသွားရယ်။ 33အဲမျိုးဆိုဝါ အဲမိုမျိုးမီးဟ ညီကိုခုနှေ့ယော့စလုံးန လက်ထပ်ခဲ့ရိတွက် သက်ပလန်ရှင်လာဝိုခါမှာ ဟယ်သူဇနီးဖြစ်မှာနူး” ဆိုပီး မေးလေရယ်။
34ကိုယ်တော်ယေရှုဟ “အယ်မိုလောကစနစ်မှာ ရှေ့ဝို လူဒွေဟ ထီးမြားလက်ထပ်ဇာဒွေ ရှေ့ဂေ့ရယ်။ 35အယ်ဘေမဲ့ နာဂတ်ကာလမှာ သက်ပလန်ရှင်ဝို့ ထိုက်တန်ရယ်ဆိုပီး ယူဆခံရသူဒွေဟ လက်ထပ်ထီးမြားဇာဒွေ မှေ့ဟန်းဘဲမျိုး သေဆုံးမှုဒွေလဲ ရှေ့မှာမုဟန်း။ 36သူ့နို့ဟ သေခြင်းဟနေ ကမ်းလွတ်ပီး နတ်ဒေဝါဒွေမျိုး ဖြစ်ရားလိမယ်။ သူ့နို့ဟ သေရာဟနေ သက်ပလန်ရှင်ခွမ့်ရရိတွက် ဘုရားရှင်ရဲ့ သားမီးဒွေလဲ ဖြစ်ဂေ့ရယ်။ 37မီးလော်နေဝို ချုံပုတ် ဇာတ်လမ်းရ မောရှေဟ ဘုရားရှင်ဟ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ဒို့ရဲ့ ဘုရားဖြစ်ရယ် ဆိုပီး ရှင်းရှင်းလင်းလင်းဖော်ပြရားရယ်။ အဲဂျော့ သေသူဒွေ သက်ပလန်ရှင်လာဇာဝို ဖော်ပြထားခြင်းဘဲ့ဖြစ်ရယ်။ 38ဘုရားရှင်ဟ သေပီးဝိုသူဒွေရဲ့ ဘုရား မုဝ၊ သက်ရှင်သူဒွေရဲ့ ဘုရားဖြစ်ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ သူ့နို့ဟ အယ်လောကမှာ သေရားဝိုဂိုမှ သူ့နို့ဝ ဘုရားရှင် န တူတူ သက်ရှင်နေသေးရိဂျော့ဖြစ်ရယ်” ဆိုပီး ပြောရယ်။
39အဲခါ ကျမ်းတတ်ဆရာချို့ဟ “ဆရာရဲ့ဖြေဟ သင့်တော်ကောမွန်ပါရယ်” ဆိုပီး ရှော့တံဂေ့လေရယ်။ 40အဲခီဟနေစပီး ဟယ်သူမှ ကိုယ်တော်ယေရှုဝို အဲမိုမျိုး ထော့ချော့ဆင်ဝိုမေးခွန်းဒွေ မေးရဲဂေ့ဟန်း။
မေရှိယကြောမေးခွန်း
(ရှင်မဿဲ ၂၂.၄၁-၄၆ရှင်မာကု ၁၂.၃၅-၃၇)
41အဲနော့ ကိုယ်တော်ယေရှုဟ လူဒွေဝို “ကယ်တံရှင်မေရှိယဟ ဘုရင်ဒါဝိဒ်ရဲ့သားတော် ဖြစ်ရယ်ဆိုပီး ဟဲမျိုးဂျော့ပြောနေဂေ့နူး။ 42ဆာလံကျမ်းထဲမှာ ဘုရင်ဒါဝိဒ်ကိုယ်တိုင်ဟ
‘ဘုရားရှင်ဟ ငါ့ရဲ့အရှင်ဝို
43သင့်ရဲ့ ရန်သူဒွေဝို သင့်ရဲ့ခွမ့်အာဏာအော့မှာ ထားဝိုခီထိ ငါ့ညာဖက်မှာ ထိုင်နေပါ’ ဆိုပီး မိတော်မူခဲ့ရယ်” ဆိုပီး ပြောခဲ့ရယ်။
44“အဲဂျော့ ဒါဝိဒ်ဟ ကယ်တံရှင်မေရှိယဝို ငါ့ရဲ့အရှင် ဆိုပီး ခေါ်ရယ်ဆိုဝါ ကယ်တံရှင်မေရှိယဟ ဟဲမျိုးဖြစ်ပီး ဒါဝိဒ်ရဲ့မျိုးဇစ် ဖြစ်နိုင်မှာနူး” ဆိုပီး မိတော်မူလေရယ်။
ကျမ်းတတ်ဆရာဒွေဝိုမျိုး မလုပ်မိဇေဝို့ ဒိပေးခြင်း
(ရှင်မဿဲ ၂၃.၁-၃၆ရှင်မာကု ၁၂.၃၈-၄၀)
45လူထုပရိသတ်ဒွေ နားထော်နေဒူး ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို။ 46“ကျမ်းတတ်ဆရာဒွေဝို ဒိထားဂေ့၊ သူ့နို့ဟ လမ်းပေါ်တက်ဝိုခါမှာ ဝတ်ရုံရှည်ဒွေဝို ဝတ်ပီး သွားလာရှင်ရယ်၊ ဈေးမှာ ရိုရိုသေသေ နှုဆစ်ဇာဒွေဝို ခံရှင်ရယ်၊ ဓမ္မာရုံဒွေမှာလဲ ရှေ့ဆုံးဟ နေရာယူတတ်ဂေ့ပီး၊ ခမ်းနားဒွေမှာလည်း ကောဆုံးဘွဲဝိုင်းမှာဘဲ့ ထိုင်တတ်ဂေ့ရယ်။ 47မုဆိုးမဒွေရဲ့ အီဒွေဝို မတရား သီးယူတတ်ဂေ့ပီး လူဗြင်ကောအော် ရှယ်ဂီး ဟန်ဆော်ဆုတောတတ်ရယ်၊ အဲဂျော့ ဘုရားရှင်ဟ သူ့နို့ဝို ပြင်းပြင်းထန်ထန် ပြစ်ပေးလိမယ်” ဆိုပီး မိတော်မူလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 20: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល