ယောဟန် 13
13
တပည့်တော်တို့၏ခြေကို ဆေးကြောပေးခြင်း
1ပသခါပွဲတော်မတိုင်မီနေ့၌ ကိုယ်တော်သည် ဤလောကမှထွက်ခွာပြီး အဖဘုရားရှင်ထံတော်သို့ သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောကရှိမိမိလူတို့ကို အမြဲဂရုဏာထားတော်မူလျက် အဆုံးတိုင်အောင် ဂရုဏာထားတော်မူ၏။
2ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့ ညစာစားနေကြစဉ်၌ မာရ်နတ်သည် ရှိမုန်၏သားဖြစ်သူ ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲသို့ ကိုယ်တော်ကို သစ္စာဖောက်ရန် အတွေးများပေးသွင်းနှင့်ပြီဖြစ်၏။ 3ကိုယ်တော်သည် အဖဘုရားရှင်က အရာခပ်သိမ်းကို မိမိအား ပေးအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားရှင်ထံမှ ကြွလာပြီး ဘုရားရှင်ထံသို့ ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့် 4ကိုယ်တော်သည် ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။ 5ထို့နောက် ဇလုံ၌ ရေလောင်းထည့်၍ တပည့်တော်တို့၏ခြေအား ဆေးကြောပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်ပေးတော်မူ၏။
6ဤသို့ဖြင့် ကိုယ်တော်သည် ရှိမုန်ပေတရုထံသို့ ရောက်တော်မူသောအခါ ပေတရုသည် “ကိုယ်တော်၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေအား ဆေးတော်မူမည်လော” ဟုမေးလျှောက်လေ၏။
7ကိုယ်တော်သည်လည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လာလိမ့်မည်” ဟုမိန့်တော်မူသဖြင့်
8ပေတရုသည် ကိုယ်တော်ယေရှုအား “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်” ဟုလျှောက်လေ၏။
ထိုအခါ ကိုယ်တော်သည် “သင့်ခြေကို ငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်” ဟုပြန်၍မိန့်တော်မူ၏။
9ရှိမုန်ပေတရုသည်လည်း “သို့ဖြစ်လျှင် ကိုယ်တော်၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ” လျှောက်တင်လေ၏။
10ကိုယ်တော်သည်လည်း “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးတော့မဟုတ်” ဟု မိန့်တော်မူ၏။ 11ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကို သိတော်မူသောကြောင့် ‘သင်တို့အားလုံးတော့ စင်ကြယ်သည်မဟုတ်’ ဟုမိန့်တော်မူခြင်းဖြစ်၏။
12ကိုယ်တော်သည် တပည့်တော်တို့၏ခြေအား ဆေးတော်မူပြီးနောက် ဝတ်ရုံတော်ကိုဝတ်၍ တဖန်ထိုင်တော်မူလျက် တပည့်တော်တို့ကို “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။ 13သင်တို့သည် ငါ့အား ဆရာဟုလည်းကောင်း၊ အရှင်ဟုလည်းကောင်း ခေါ်တတ်ကြ၏။ ငါသည်လည်း ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ခေါ်ကြသည်မှာ မှန်ပေ၏။ 14ထို့ကြောင့် ဆရာလည်းဖြစ်၍ အရှင်လည်းဖြစ်သောငါသည် သင်တို့၏ခြေအား ဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကို ဆေးကြရမည်။ 15သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်း ပြုကြရန် စံနမူနာပြခဲ့ခြင်းဖြစ်၏။ 16သင်တို့အား ငါအမှန်ဆိုသည်ကား အစေခံသည် သူ၏သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူသည်လည်း သူ့အားစေလွှတ်သောသူထက်သာ၍ ကြီးမြတ်မည်မဟုတ်။ 17ဤအရာများအား သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးကြလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
18သင်တို့အားလုံးအား ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကို စားသောသူသည် ငါ့အားဖနောင့်နှင့်ပေါက်လေ၏’ ဆိုသောကျမ်းချက်သည် ပြည့်စုံရမည်ဖြစ်၏။
19ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန် ထိုအခြင်းအရာမဖြစ်ပျက်မီ ယခုကပင် သင်တို့အား ငါပြောနှင့်ပြီ။ 20သင်တို့အား ငါအမှန်ဆိုသည်ကား ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံသူပင်ဖြစ်၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
သစ္စာဖောက်ခံရမည့်အကြောင်း
21ကိုယ်တော်သည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ လွန်စွာစိတ်နှလုံးပူပန်လျက် “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်” ဟုပွင့်လင်းစွာသက်သေခံတော်မူ၏။
22ထိုအခါ တပည့်တော်တို့သည် မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကို တွေးမရဖြစ်သဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။ 23တပည့်တော်တို့ထဲတွင် တစ်ဦးဖြစ်သည့် ကိုယ်တော်ချစ်ခင်တော်မူသောသူသည် ကိုယ်တော်၏အနီးဆုံး၌ ထိုင်လျက်နေသဖြင့် 24ကိုယ်တော်မည်သူ့ကို ရည်ညွှန်း၍ မိန့်တော်မူသည်ကိုမေးရန် ရှိမုန်ပေတရုက ထိုတပည့်တော်အား အချက်ပြလေ၏။
25သို့ဖြစ်၍ ထိုတပည့်တော်သည် ကိုယ်တော့်ထံသို့ ချဉ်းကပ်လျက် “ကိုယ်တော်၊ ထိုသူသည် မည်သူနည်း” ဟုမေးလျှောက်လေ၏။
26ထိုအခါ ကိုယ်တော်သည် “ထိုသူကား ဤမုန့်တစ်ဖဲ့ကို ဟင်းအနှစ်သို့နှစ်၍ ငါပေးသောသူဖြစ်၏” ဟုမိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့အား ဟင်းအနှစ်ထဲသို့နှစ်၍ ရှိမုန်ဣရှကာရုတ်၏သားဖြစ်သူ ယုဒဣရှကာရုတ်အား ပေးတော်မူ၏။ 27ထိုမုန့်တစ်ဖဲ့အား ယုဒယူလိုက်သည်နှင့် မာရ်နတ်သည်လည်း သူ့အထဲသို့ ဝင်လေ၏။
ထို့ကြောင့် ကိုယ်တော်က သူ့အား “သင်ပြုနေသည့်အမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။ 28သို့သော် ကိုယ်တော်သည် ယုဒအား အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ရှိသောသူတို့သည် နားမလည်ကြပေ။ 29တပည့်တော်အချို့သည် ယုဒအား ငွေအိတ်ကို ကိုင်ရသည်ဖြစ်၍ ကိုယ်တော်က ပွဲတော်အတွက် လိုအပ်သောအရာကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးလှူရန်အတွက် သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ 30ယုဒသည်ကား ကိုယ်တော်ပေးသောမုန့်တစ်ဖဲ့ကိုယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
ပညတ်တော်အသစ်
31ယုဒထွက်သွားပြီးနောက် ကိုယ်တော်သည် “ယခုတွင် လူ့သားတော်အား ဘုန်းတော်ထင်ရှားစေတော်မူပြီဖြစ်သဖြင့် ဘုရားရှင်သည်လည်း လူ့သားတော်အားဖြင့် ဘုန်းတော်ထင်ရှားတော်မူပြီ။ 32ဘုရားရှင်သည် လူ့သားတော်အားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားရှင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားတော်ကို ဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းပင် ထင်ရှားစေတော်မူလိမ့်မည်။
33ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည်လည်း ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ ဟုဂျူးလူမျိုးတို့အား ငါဆိုသကဲ့သို့ ယခုသင်တို့ကိုလည်း ငါဆို၏။
34သင်တို့အချင်းချင်း မေတ္တာကရုဏာထားကြလော့။ သင်တို့အား ငါမေတ္တာထားသည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းမေတ္တာထားကြလော့ဟူသည့် ပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။ 35သင်တို့အချင်းချင်းကြား၌ မေတ္တာကရုဏာရှိလျှင် ထိုမေတ္တာကရုဏာကိုထောက်၍ သင်တို့သည် ငါ၏တပည့်တော်များဖြစ်ကြောင်းကို လူအပေါင်းတို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုကို ပေတရုငြင်းပယ်မည့်အကြောင်း
36ထိုအခါ ရှိမုန်ပေတရုသည် ကိုယ်တော်အား “ကိုယ်တော် မည်သည့်အရပ်သို့ ကြွတော်မူပါမည်နည်း” ဟုမေးလျှောက်သော်
ကိုယ်တော်သည် “ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ သို့သော် နောင်အခါတွင် လိုက်ရလိမ့်မည်” ဟုပြန်လည်မိန့်တော်မူ၏။
37ထိုအခါ ပေတရုသည် “ကိုယ်တော် အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော့်အတွက် အကျွန်ုပ်၏အသက်ကိုပင် စွန့်နိုင်ပါ၏” ဟုလျှောက်တင်လေ၏။
38ကိုယ်တော်သည် “ငါ့အတွက် သင်၏အသက်ကို စွန့်နိုင်သလော။ သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ကြက်မတွန်မီပင် သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ទើបបានជ្រើសរើសហើយ៖
ယောဟန် 13: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: