Acts 23
23
1ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စိုက်ကြည့်လျက် "ညီအစ်ကိုတို့၊ ကျွန်ုပ်သည် ယနေ့အထိ လိပ်ပြာသန့်စွာဖြင့် ဘုရားရှင်၏အမှုတော်များအား ထမ်းဆောင်ခဲ့ပါ၏" ဟုပြောဆိုသောအခါ 2အကြီးဆုံးပုရောဟိတ်အာနနိက ပေါလု၏အနီးတွင် ရပ်နေသောကြသူတို့အား ပေါလု၏ပါးစပ်အား ရိုက်ကြရန်အမိန့်ပေးလေ၏။ 3ပေါလုကလည်း "သူတော်ကောင်းယောင်ဆောင်ကြသူတို့၊ သင်တို့ကို ဘုရားရှင်သည် ပြစ်ဒဏ်ပေးလိမ့်မည်မှာ အသေအချာပင်ဖြစ်၏။ သင်သည် ဤနေရာတွင်ထိုင်ပြီး မောရှေ၏ပညတ်တရားဖြင့် ငါ့အားစီရင်နေ၏။ သို့သော် တစ်ချိန်တည်းမှာပင် သင်သည် ပညတ်တရားအား ဖောက်ဖျက်ပြီး ငါ့အားရိုက်နှက်ရန်အမိန့်ပေးနေ၏" ဟုပြောဆိုလေ၏။ 4ထိုအခါ ပေါလု၏အနီးတွင် ရပ်နေကြသောသူတို့က "သင်သည် ဘုရားရှင်၏ အကြီးဆုံးပုရောဟိတ်အား စော်ကားပြောဆိုနေခြင်းဖြစ်၏" ဟုပြောဆိုကြသဖြင့် 5ပေါလုကလည်း "ညီအစ်ကိုတို့၊ သူသည် အကြီးဆုံးပုရောဟိတ် ဖြစ်သည်ဆိုသည်ကို ကျွန်ုပ်မသိပေ။ ကျမ်းစာထဲတွင် ‘သင်၏လူမျိုးတို့အား အုပ်ချုပ်သူကို သင်သည် မကောင်းမပြောရ’ ဟုရေးသားထားပါ၏" ဟုပြောဆိုလေ၏။ 6ပေါလုသည် ထိုသူတို့ထဲမှ အချို့တို့သည် ဇဒ္ဒုကဲများဖြစ်ကြပြီး အချို့သည် ဖာရိရှဲများဖြစ်ကြသည်ကို မြင်သောအခါ "ညီအစ်ကိုတို့၊ ကျွန်ုပ်သည် ဖာရိရှဲတစ်ယောက်ဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ ယခုကျွန်ုပ်သည် သေလွန်ပြီးသောသူတို့ အသက်ပြန်ရှင်ကြလိမ့်မည်ဟု ယုံကြည်သည့်အတွက်ကြောင့် ဤနေရာတွင် ဤကဲ့သို့ အစစ်ဆေးခံနေရခြင်းဖြစ်ပါ၏" ဟုအော်ဟစ်ပြောဆိုလေ၏။ 7ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့အကြားတွင် ကြီးစွာသောသဘောထားကွဲလွဲမှုဖြစ်ပေါ်၍ ထိုအစည်းဝေးသည်လည်း အုပ်စုကွဲကြလေ၏။ 8ကြောင်းမူကား ဇဒ္ဒုကဲတို့က လူတို့သည် သေရာမှပြန်လည်ရှင်သန်ခြင်းမရှိသကဲ့သို့ နတ်ဒေဝါများနှင့် မကောင်းဆိုးဝါးများ ဟူ၍လည်းမရှိကြဟု ယုံကြည်ကြပြီး ဖာရိရှဲများကမူ ထိုအခြင်းအရာအလုံးစုံကို ရှိသည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်၏။ 9ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့၏အဖွဲ့မှ ကျမ်းတတ်ဆရာအချို့တို့သည် ထ၍ "ဤလူထံတွင် မည်သည့်ပြစ်တစ်စုံတစ်ရာကိုမျှ ငါတို့မတွေ့မိပေ။ ဝိညာဉ်သော်လည်းကောင်း၊ နတ်ဒေဝါတစ်ပါးပါးကသော်လည်းကောင်း သူ့အား အမှန်တကယ် စကားပြောဆိုခဲ့ခြင်းဖြစ်လိမ့်မည်" ဟုအပြင်းအထန်ကန့်ကွက်ပြောဆိုကြလေ၏။ 10ဤသို့အချင်းချင်းကြားတွင် ငြင်းခုံကွဲလွဲမှုများ ပိုမိုပြင်းထန်လာကြသောအခါ ထိုသူတို့က ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို စိုးရိမ်သဖြင့် တပ်မှူးကြီးသည် စစ်သည်များကိုစေခိုင်း၍ ပေါလုကို ခေါ်၍ ထိုသူတို့နှင့်ဝေးရာ စစ်စခန်းထဲသို့ပို့ဆောင်စေ၏။ 11ထိုည၌ အရှင်ဘုရားသည် ပေါလု၏အနီးတွင် ရပ်လျက် "မကြောက်ပါနှင့် ပေါလု။ သင်သည် ယခုဂျေရုဆလင်မြို့တွင် ငါ၏အကြောင်းကို သက်သေခံခဲ့သကဲ့သို့ ရောမမြို့တွင်လည်း သက်သေခံရလိမ့်မည်" ဟု မိန့်တော်မူ၏။ 12မိုးလင်းသောအခါ ဂျူးလူမျိုးများသည် အတူတကွ တွေ့ဆုံကြလျက် တိုင်ပင်၍ကြံစည်ကြပြီးလျှင် ပေါလုအား မသတ်ရမချင်း မည်သည့်အရာကိုမျှ စားသောက်ခြင်းမပြုရန် ကျိန်ဆို၍ကတိပြုကြလေ၏။ 13ဤသို့ ပူးပေါင်းကြံစည်ကြသူများသည် အယောက်လေးဆယ်ကျော်မျှရှိကြ၏။ 14ထို့နောက် သူတို့သည် ပုရောဟိတ်အကြီးအကဲများနှင့် လူထုခေါင်းဆောင်များထံသို့ ချဉ်းကပ်၍ "ကျွန်ုပ်တို့သည် ပေါလုအား မသတ်ရမချင်း မည်သည့်အစားအစာကိုမျှ စားသောက်ခြင်း မပြုကြပါဟု အလေးအနက် ကျိန်ဆိုကတိပြုထားပါ၏။ 15ထို့ကြောင့် သင်နှင့်တကွ လွှတ်တော်ရှိလူများက တပ်မှူးကြီးထံသို့သွားပြီး ပေါလု၏အမှုအား ပို၍တိတိကျကျစစ်ဆေးရန် လိုအပ်ပါသည်ဟု ဟန်ဆောင်ပြောဆိုပြီး ပေါလုကို သင်တို့ထံသို့ ခေါ်လာပေးရန် တောင်းဆိုကြလော့။ ကျွန်ုပ်တို့က ပေါလု ဤနေရာသို့ ရောက်မလာခင်တွင်ပင် သူ့အားသတ်ရန် အဆင်သင့်ရှိနေပါမည်" ဟုပြောကြားကြ၏။ 16သို့သော် ပေါလု၏တူဖြစ်သူသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့် အစီအစဉ်ကိုကြားလျှင် စစ်စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။ 17ထိုအခါ ပေါလုသည် အရာရှိတစ်ဦးကိုခေါ်၍ "ဤလူငယ်ကို တပ်မှူးကြီးထံသို့ ခေါ်သွားလော့။ သူ့ထံတွင် တပ်မှူးကြီးအား လျှောက်တင်စရာရှိ၏" ဟုပြောဆိုသဖြင့် 18ထိုအရာရှိသည် လူငယ်အားခေါ်၍ တပ်မှူးကြီးထံသို့ သွားပြီးလျှင် "အကျဉ်းသားပေါလုသည် ကျွန်ုပ်အားခေါ်ပြီး ဤလူငယ်ထံတွင် အရှင့်ကိုတင်ပြစရာတစ်ခုရှိသည့်အတွက် သူ့အား အရှင့်ထံသို့ ခေါ်သွားပေးရန် တောင်းဆိုခဲ့ပါ၏" ဟုပြောဆိုလေ၏။ 19တပ်မှူးကြီးသည်လည်း ထိုလူငယ်၏လက်ကိုဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ခေါ်ဆောငကာ "ငါ့အား မည်သည့်ပြောစရာရှိသနည်း" ဟုမေးမြန်းလေ၏။ 20ထိုလူငယ်ကလည်း "ဂျူးလူမျိုးအာဏာပိုင်များသည် ပေါလု၏အမှုအား ပို၍တိတိကျကျ မေးမြန်းချင်ပါသည်ဟု ဟန်ဆောင်ပြောဆိုပြီး ပေါလုအား တရားလွှတ်တော်သို့ ပို့ဆောင်စေရန် အရှင့်အားတောင်းဆိုကြမည်ဟု တိုင်ပင်၍သဘောတူထားကြပါ၏။ 21သို့သော် သူ့အား လမ်းတွင် လူလေးဆယ်ကျော်ခန့်က ချောင်းမြောင်း၍ စောင့်နေကြသည့်အတွက် သူတို့၏ပြောစကားကို နားမထောင်ပါနှင့်။ သူတို့သည် ပေါလုအား မသတ်ရမချင်း မစားမသောက်ဘဲ နေကြရန်ပင် ကျိန်ဆို၍ ကတိပြုထားကြပါ၏။ သူတို့သည် ယခုပင် အဆင်သင့်ဖြစ်နေကြပြီး အရှင်၏ဆုံးဖြတ်ချက်ကို စောင့်နေကြပါ၏" ဟုပြောဆိုလေ၏။ 22ထိုအခါ တပ်မှူးကြီးကလည်း "ယခုငါ့အား သင်လာ၍ သတင်းပို့ခြင်းအား မည်သူ့ကိုမျှမပြောနှင့်" ဟုအမိန့်ပေးပြီးနောက် ထိုလူငယ်အား ပြန်လွှတ်လိုက်လေ၏။ 23ထို့နောက် တပ်မှူးကြီးသည် အရာရှိနှစ်ဦးကိုခေါ်၍ "ယနေ့ည ကိုးနာရီတွင် ဆီဇာရီးယားမြို့သို့ သွားရန် စစ်သည်နှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနှစ်ဆယ်တို့ကို အဆင်သင့်ပြင်ဆင် ထားကြလော့။ 24ပေါလုအတွက် မြင်းအချို့စီစဉ်ပေးပြီး သူ့အား ဘုရင်ခံဖေလဇ်ဆီသို့ ဘေးအန္တရာယ်ကင်းစွာဖြင့် ပို့ဆောင်ကြလော့" ဟုမှာကြားပြီးနောက် 25တပ်မှူးကြီးသည် ဘုရင်ခံထံသို့ အောက်ပါအတိုင်း စာတစ်စောင်ရေးပို့လိုက်လေ၏။ 26"ကလောဒိလုသိသည် လေးစားရပါသော ဘုရင်ခံဖေလဇ်မင်းအား နှုတ်ခွန်းဆက်သလိုက်ပါ၏။ 27ဂျူးလူမျိုးများသည် ဤသူအားဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်းကို ကြားသိရသဖြင့် အကျွန်ုပ်သည် စစ်သားများနှင့်အတူသွား၍ သူ့ကို ကယ်တင်ခဲ့ပါသည်။ 28ကျွန်ုပ်သည် သူ့အားဂျူးလူမျိုးတို့က မည်သည့်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကို သိလိုသဖြင့် သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားပါ၏။ 29ဂျူးလူမျိုးတို့သည် သူ့အား သူတို့၏ ပညတ်တရားဆိုင်ရာမေးခွန်းများနှင့်ပတ်သက်၍ ပြစ်တင်စွပ်စွဲခဲ့ကြပါသည်။ သို့သော် ဤသူတွင် သေဒဏ်ခံထိုက်သောအပြစ် သို့မဟုတ် ထောင်ဒဏ်ကျခံထိုက်သော အပြစ်တစ်စုံတစ်ရာကိုမျှ မရှိကြောင်းကိုလည်း ကျွန်ုပ်တွေ့ရှိပါ၏။ 30သို့သော် သူ့အားလုပ်ကြံရန် ကြံစည်လျက်ရှိကြောင်း သတင်းကို ရရှိကတည်းကပင် ကျွန်ုပ်သည် သူ့ကို အရှင့်ထံသို့ ချက်ချင်းစေလွှတ်လိုက်ပါ၏။ စွပ်စွဲပြောဆိုကြသူများကိုလည်း မိမိတို့၏အမှုကို အရှင်၏ရှေ့တော်တွင် ထုတ်ဖော်ပြောကြရန် အမိန့်ပေးလိုက်ပါသည်" ဟူ၍ဖြစ်၏။ 31စစ်သည်တို့သည်လည်း အမိန့်အတိုင်း ဆောင်ရွက်ကြပြီးလျှင် သူတို့သည် ပေါလုကိုခေါ်၍ ညတွင်းချင်းပင် အန္တိပတရိမြို့အထိ ပို့ဆောင်ကြ၏။ 32နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကိုသာ ပေါလုနှင့်အတူ ခရီးဆက်သွားစေ၍ စစ်သည်များသည် စစ်စခန်းသို့ ပြန်လာကြ၏။ 33မြင်းတပ်သားတို့သည် ပေါလုနှင့်အတူ ဆီဇာရီးယားမြို့သို့ရောက်လျှင် သူတို့သည် တပ်မှူးကြီး၏စာကို ဘုရင်ခံထံသို့ပေးအပ်၍ ပေါလုအား သူ့ထံသို့ အပ်နှံကြ၏။ 34ဘုရင်ခံသည် စာကိုဖတ်ပြီးသောအခါ ပေါလုသည် မည်သည့်ပြည်သားဖြစ်ကြောင်းကို မေးမြန်းပြီး သူသည် ဆီလီဆီးယားပြည်သား ဖြစ်ကြောင်းကို ကြားသိလျှင် 35သူသည် "သင့်အား စွပ်စွဲသည့်သူများ ရောက်လာလျှင် သင်၏အမှုကို ငါသည်ကြားနာမည်" ဟုပြောဆိုပြီးလျှင် ဘုရင်ခံသည် ပေါလုအား ဘုရင်ခံအိမ်တော်၌ စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။
ទើបបានជ្រើសរើសហើយ៖
Acts 23: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: