YouVersion Logo
Search Icon

Psalms 104

104
1အို ငါ၏စိတ်ဝိဉာာဉ်၊ ဘုရားရှင်ကို ကောင်းချီးထောမနာပြုလော့။ အကျွန်ုပ်၏ဘုရားရင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းကျက်သရေနျင့် ဘုန်းအာနုဘော်ကို ဆင်မြန်းတော်မူ၏။ 2ကိုယ်တော်သည် အလင်းကိုခြုံထည်ကဲ့သို့ လွှမ်းခြုံထား၍ ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။ 3ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ ရက်မများကို ရေပေါ်တွင် တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။ 4မိမိ၏နတ်ဒေဝါတို့ကို လေကဲ့သို့လည်းကောင်း မိမိ၏အမှုတော်ကို ဆောင်ရွက်သောသူတို့အား လောင်ကျွမ်းသောမီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။ 5ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ဘယ်သောအခါမှ မတုန်လှုပ်နိုင်စေရန် အုပ်မြစ်ချ၍ တည်တော်မူပါပြီ။ 6ထို့နောက် ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ဝတ်ရုံသဖွယ် သမုဒ္ဒရာတို့ဖြင့် ဖုံးလွမ်းတော်မူပါ၏။ ရေသည်လည်း တောင်ပေါ်များတွင် တည်လျက်ရှိပါ၏။ 7ကိုယ်တော်ဆုံးမတော်မူသောအခါ ရေတို့သည် ထွက်ပြေးတတ်ပါ၏။ မိုးခြိမ်းသံနှင့်တူသောအသံတော်ကြောင့် အလျင်အမြန်ထွက်ပြေးသွားပါ၏။ 8တောင်များပေါ်သို့တက်၍ ချိုင့်ဝှမ်းများထဲသို့စီးဆင်းကာ မိမိတို့အတွက် ကိုယ်တော်သတ်မှတ်ထားတော်မူသောနေရာသို့ သွားကြပါ၏။ 9ရေထုသည် ပြန်လှည့်လာ၍ ကမ္ဘာမြေကြီးကို မဖုံးလွှမ်းစေရန် သူတို့မကျော်ရမည့် နယ်နိမိတ်ကို သတ်မှတ်ပေးတော်မူ၏။ 10ကိုယ်တော်သည် လျှိုမြောင်များထဲ၌ စမ်းရေးတို့ကို ထွက်စေတော်မူ၍ တောင်များကြား၌စီးဆင်စေတော်မူ၏။ 11စမ်းရေတို့သည် တောရိုင်းတိရိစ္ဆာန်အပေါင်းတို့အား သောက်စရာရေကိုပေး၍ မြည်းရိုင်းတို့ကို ရေငတ်ပြေစေ၏။ 12မိုးကောင်းကင်ငှက်တို့သည် ၎င်းအနီးတွင် နေကြပြီး သစ်ကိုင်းများကြားတွင် သာယာစွာသီကျူးကြပါ၏။ 13ကိုယ်တော်သည် တောင်များပေါ်သို့ ကောင်းကင်မှမိုးကို ရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ကောင်းချီး မင်္ဂလာများကို ပြည့်ဝစွာခံစားရပါ၏။ 14ကိုယ်တော်သည် တိရိစ္ဆာန်များအတွက် မြက်ပင်တို့ကိုလည်းကောင်း လူတို့စိုက်ပျိုးရန်အတွက် အပင်ကိုလည်းကောင်း ပေါက်စေတော်မူ၏။ သို့ဖြစ်၍ လူတို့သည် သီးနှံပင်များကို စိုက်ပျိုးနိုင်လျက် 15လူ၏စိတ်နှလုံးကို ဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နာကိုဝင်းပြောင်စေသော ဆီကိုလည်းကောင်း၊ လူတို့၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။ 16ဘုရားရှင်၏ သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည် လက်ဘနွန်ရှိ သစ်ကတိုးပင်များသည်လည်း ရေဝကြ၏။ 17ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်ကြ၏။ ထင်းရှူးပ်ငတို့သည် ငှက်ကြား၏အိမ်ဖြစ်ကြ၏။ 18မြင့်သောတောင်ကုန်းများသည် တော်တ်တို့အတွက်ဖြစ်ပြီး ကျောက်ဆောင်များသည်လည် ခွေးတူဝက်တူများအတွက် ခိုအောင်းစရာဖြစ်ပါ၏။ 19ကိုယ်တော်သည် အချအခါများကို သတ်မှတ်ရန်အတွက် လကို ဖန်ဆင်းတော်မူ၏။ နေသည်မည့်မည့်ဝင်ရမည့်အချိန်ကိုသိ၏။ 20ကိုယ်တော်သည် အမှောင်ကိုဖြစ်စေသောအခါ ၎င်းသည် ညဖြစ်လာပါ၏။ ထိုအချိန်တွင် တောရိုင်းတိရိစ္ဆာန်အပေါင်းတို့သည် လှုပ်ရှားသွားလာကြပါ၏။ 21ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်ဟောက်လျက် ဘုရားရှင်ထံမှ မိမိတို့၏အစာကို တောင်းကြပါ၏။ 22နေထွက်လာသောအခါ ၎င်းတို့သည် ဆုတ်ခွါသွား၍ မိမိတို့၏အတွင်းထဲ၍၌ ဝင်၍လဲလျောင်းကြပါ၏။ 23လူတို့သည် မိမိ၏လုပ်ငန်းခွင်သို့သွား၍ နေဝင်ချိန်တိုင်အောင် မိမိအလုပ်ကို လုပ်ဆောင်ကြပါ၏။ 24အို... ဘုရားရှင်၊ ကိုယ်တော်ပြုတော်မူသောအရာတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာတော်ဖြင့် ဖန်ဆင်းတော်မူ၏။ 25ထိုနေရာ၌ ကြီးမားကျယ်ဝန်းသည့် ပင်လယ်ရှိ၍ ၎င်းတွင်တွားတွားသတ္တဝါအကြီးအငယ်တို့ရှိကြပါ၏။ 26သင်္ဘောများသည်လည်း ထိုပင်လည်၌ သွားလာကြပြီး ၎င်းထဲ၌ပျော်မြူးစေရန် ကိုယ်တော်ပုံဖော်ဖန်ဆင်းထားသော လဝိသန်ဟုခေါ်သည် အကောင်ကြီးသောသတ္တဝါသည်လည်းရှိ၏။ 27ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် သူတို့အားအစာကျွေးတော်မူရန် ကိုယ်တော်ကို စောင့်မျှော်နေကြပါ၏။ 28ကိုယ်တော်သည် သူတို့အား ကျွေးမွေးတော်မူသောအခါ သူတို့သည် စုသိမ်းရကြပါ၏။ လက်တော်ကိုဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာများနှင် ပြည့်စုံကြွယ်ကြပါ၏။ 29ကိုယ်တော်သည် သူတို့ထံမှ မျက်နာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူသောအိခါ သူတို့သည် သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပါ၏။ 30ဉာဏ်အလင်းတော်ကို စေလွတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်ခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။ 31ဘုရားရှင်၏ ဘုန်တန်ခိုးတော်သည် အစဉ်အမြဲတည်ရှိပါစေသော။ ဘုရားရှင်သည် မိမိပြုတော်မူသောအမှုများအတွက် ဝမ်းမြောက်တော်မူပါစေသော။ 32ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောာအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်လာကြ၏။ 33အကျွန်ုပ်သည် အသက်ရှင်နေသေးသရွေ့ ကာလပတ်လုံး ဘုရားရှင်ထံသို့ သီချင်းသီဆိုမည်။ အကျွန်ုပ်ရှိနေသေးသရွေ့ ဘုရားရှင်ကို သီဆိုချီးမွမ်းမည်။ 34အကျွန်ုပ်၏ ဆင်ခြင်တွေးတောမှုများသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ဘုရားရှင်ထံတော်တွင် ဝမ်းမြောက်ခြင်းရှိမည်။ 35အပြစ်သားတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပါစေသော။ ဆိုးယုတ်သောသူတို့သည်လည်း ဆက်၍မရှိကြပါစနှင့်။ အို... ငါ၏စိတ်ဝိဉာာဉ်၊ ဘုရားရှင်ကို ကောင်းချီးထောမနာပြုလော့။ ဟာလေလုယာ။

Currently Selected:

Psalms 104: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in