YouVersion Logo
Search Icon

Psalms 103

103
1အို ငါ၏စိတ်ဝိဉာာဉ်၊ ဘုရားရှင်ကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ 2အို ငါ၏စိတ်ဝိဉာာဉ်၊ ဘုရားရှင်ကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ 3ကိုယ်တော်သည် ငါ၌ရှိသမျှသောအပြစ်တရားတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 4ကိုယ်တော်သည် ငါ့အားသေဘေးမှ ကယ်တင်တော်မူ၍ မေတ္တာတော်နှင့် ဂရုဏာတော်တို့ဖြင့် လွမ်းခြုံတော်မူ၏။ 5ကိုယ်တော်သည် ငါ့အား ကောင်းချီးပေးသနားတော်မူသဖြင့် ငါသည် လင်းယုန်ငှက်ကဲ့သို့ နုပျိုသန်စွမ်းလျှက်ရှိ၏။ 6ဘုရားရှင်သည် နှိပ်စက်ညှဉ်းဆဲခြင်းခံရသူအပေါင်းတို့အတွက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။ 7မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးလူမျိုးအပေါင်းတို့အားလည်းကောင်း သိစေတော်မူ၏။ 8ဘုရားရှင်သည် သနားကြင်နာတော်မ၍ စိတ်ရှည်သီးခံတော်မူလျက် ခိုင်မြဲသော မေတ္တာတရားနှင့်ပြည့်ဝတော်မူ၏။ 9ကိုယ်တော်သည် အစဉ်မပြတ်ပြစ်တင်၍ နေတော်မမူ။ အမျက်ဒေသကိုလည်း အမြဲတမ်းသိုဝှက်ထားတော်မူမည်မဟုတ်။ 10ငါတို့၏အပြစ်နှင့်အညီ ခံထိုက်သောပြစ်ဒဏ်ကို ခံစေတော်မူခြင်းမရှိ။ ငါတို့၌ အပြစ်များနှင့် အမှားများရှိသည့်အတိုင်း အပြစ်ပေးတော်မမူ။ 11အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အတွက် ထားရှိသော မေတ္တာတော်သည် ကြီးမားတော်မူ၏။ 12အရှေ့အစွန်းသည် အနောက်အစွန်းနှင့်ဝေးကွာလှသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့် ဝေးကွာစေတော်မူ၏။ 13ဖခင်သည် သားသမီးတို့အား သနားကြင်နာသကဲ့သို့ ဘုရားရှင်သည် မိမိအားကြောက်ရွံ့ရိုသေသူအပေါင်းတို့ကို သနားကြင်နာတော်မူ၏။ 14အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ ခန္ဓာဖွဲ့စည်းပုံကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။ 15ငါတို့၏ဘဝအသက်တာသည် မြက်ပင်နှင့်တူ၏။ ငါတို့သည် ကွင်းပြင်ရှိပန်းပွင့်ကဲ့သို့ရှင်သန်တတ်ကြ၏။ 16လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျင် သူ့ကိုမသိတော့ပေ။ 17သို့သော် ဘုရားရှင်၏မေတ္တာ ဂရုဏာတော်သည် ကိုယ်တော်ကို ကြောက်ရွံ့သူတို့အပေါ်၌ ထာဝရကာလမှ ထာဝရကာလတိုင်အောင် အစဉ်တည်မြဲ၏။ 18ပဋိဉာာဉ်တော်ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာရန်သတိရသောသူတို့အပေါ်၌လည်းကောင်း တည်တော်မူ၏။ 19ဘုရားရှင်သည် မိမိ၏ ရာဇပလ္လင်ကို ရွှေမြို့တော်၌ တည်တော်မူ၏။ ကိုယ်တော်၏ သာသနာတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။ 20ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ နတ်ဒေဝါတို့၊ ဘုရားရှင်ကို ချီးမွမ်းထောမနာပြုကြလော့။ 21ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်လို၍ အလိုတော်အတိုင်းလုပ်ဆောင်သော နတ်စစ်သည်အပေါင်းတို့၊ ဘုရားရှင်ကို ချီးမွမ်ထောမနာပြုကြလော့။ 22ကိုယ်တော်အုပ်စိုးသော ရှိသမျရပ်တို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသော ရှိသမျှအရာတို့၊ ဘုရားရှင်ကို ကောင်းချီးထေားမနာပြုကြလော့။ အို ငါ၏စိတ်ဝိဉာာဉ်၊ ဘုရားရှင်ကို ကောင်းချီးထောမနာပြုလော့။

Currently Selected:

Psalms 103: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in