ရှင်မာကု 8
8
လူလေးထောင်ကို ကျွေးမွေးတော်မူခြင်း
(မ၊ ၁၅:၃၂-၃၉)
1ထိုနေ့ရက်များတွင် များစွာသောလူထုပရိတ်သတ်တို့သည် ကိုယ်တော်ယေရှုထံ စုရုံးရောက်ရှိလာကြ၏။ သူတို့တွင် စားသောက်စရာများ မရှိကြတော့သောအခါ ကိုယ်တော်ယေရှုက တပည့်တော်တို့အား ဆင့်ခေါ်၍ 2“ဤလူထုပရိတ်သတ်သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ ထိုသူတို့ကို ငါသနားကရုဏာသက်မိ၏။ 3သူတို့ထဲမှ လူအချို့သည် အဝေးမှလာကြသည်ဖြစ်၍ သူတို့ကို အစားအစာမကျွေးဘဲ ပြန်သွားစေလျှင် လမ်းခရီး၌ အားပြတ်၍ မူးမေ့ပြိုလဲကုန်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
4ထိုအခါ တပည့်တော်တို့ကလည်း “ဤလူအားလုံးအတွက် လုံလောက်သည့် အစားအသောက်ကို ဤလူသူကင်းမဲ့သောတောအရပ်၌ မည်သို့ရရှိနိုင်ပါမည်နည်း” ဟုမေးမြန်းကြသဖြင့်
5ကိုယ်တော်က “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟုမေးရာ
သူတို့က “မုန့်ခုနစ်လုံး ရှိပါသည်” ဟုလျှောက်တင်ကြ၏။
6ထိုအခါ ကိုယ်တော်သည် လူအစုအဝေးအပေါင်းတို့အား မြေပြင်ပေါ်တွင် ထိုင်နေစေကာ မုန့်ခုနစ်လုံးကိုယူ၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းလေသည်။ ထို့နောက် မုန့်များအားဖဲ့၍ တပည့်တော်များကိုပေးကာ လူအများအား ပေးဝေစေလေသည်။ 7သူတို့၌ ငါးကလေးအနည်းငယ် ရှိသေးသောကြောင့် ကိုယ်တော်သည် ထိုငါးတို့ကိုယူပြီး ကျေးဇူးတော်ချီးမွမ်းကာ ၎င်းတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။ 8လူအပေါင်းတို့သည် ဝလင်စွာစားကြရသည့်အပြင် ပိုလျှံသည်များအား ကောက်ယူသိမ်းဆည်းသောအခါ တောင်းကြီးခုနစ်တောင်း အပြည့်ရရှိလေသည်။ 9လူပေါင်းလေးထောင်ခန့်ရှိသောလူအုပ်ကြီးသည် အစားအစာများ စားပြီးကြသောအခါ ကိုယ်တော်က သူတို့အား အိမ်သို့ပြန်သွားရန် စေလွှတ်တော်မူ၏။ 10ထို့နောက် ကိုယ်တော်ယေရှုသည်လည်း ချက်ချင်းပင် လှေပေါ်သို့တက်၍ သူ၏တပည့်တော်တို့နှင့်အတူ ဒါလမနုသဒေသသို့ ကြွတော်မူလေ၏။
အံ့ဖွယ်နိမိတ်လက္ခဏာကို တောင်းဆိုကြခြင်း
(မ၊ ၁၆:၁-၄)
11ထို့နောက် ဖာရိရှဲတို့သည် ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို ကြားသိသောအခါ ကိုယ်တော်ထံသို့ ရောက်လာကြပြီး ကိုယ်တော်နှင့် စတင်ငြင်းခုန်ပြောဆိုကြ၏။ သူတို့သည် ကိုယ်တော့်အား ဘုရားရှင်မှပေးအပ်ထားသော အခွင့်အာဏာများကို စမ်းသပ်လိုသောကြောင့် အံ့ဖွယ်နိမိတ်လက္ခဏာများကို ပြုလုပ်ပြသရန် တောင်းဆိုကြလေသည်။ 12ကိုယ်တော်က စိတ်ပျက်စွာသက်ပြင်းချလျက် “ဤမျိုးဆက်လူတို့သည် အဘယ်ကြောင့် ဘုရားရှင်ထံမှ နိမိတ်လက္ခဏာကို ပြသဖို့ရန် တောင်းဆိုနေကြသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်လူများအား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။ 13ထို့နောက် ကိုယ်တော်သည် ဖာရိရှဲတို့ကို ချန်ထားရစ်ခဲ့ပြီး သူ၏တပည့်တော်များနှင့်အတူ လှေပေါ်သို့တက်၍ ရေအိုင်တစ်ဖက်ကမ်းသို့ ထွက်ခွါလာကြလေသည်။
ဖာရိရှဲတို့နှင့် ဟေရုဒ်၏တဆေး
(မ၊ ၁၆:၅-၁၂)
14ထိုသို့ထွက်လာစဉ် တပည့်တော်တို့သည် အစားအစာများယူဆောင်လာရန် မေ့လျော့ခဲ့ကြပြီး လှေပေါ်တွင် ပေါင်မုန့်တစ်လုံးမှလွဲ၍ မည်သည့်စားစရာ တစုံတရာမျှ ရှိမနေခဲ့ပေ။ 15ကိုယ်တော်က တပည့်တော်များအား “ဖာရိရှဲတို့၏တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏တဆေးကိုလည်းကောင်း သတိပြုရှောင်ကြဉ်ကြလော့#8:15 ဖာရိရှဲတို့၏တဆေးဆိုသည်မှာ သူတော်ကောင်းယောင်ဆောင်ခြင်း၊ ထုံးတမ်းစဉ်လာကို ဦးစားပေးခြင်း၊ ဘဝင်မြင့်ခြင်းနှင့် တယူသန်ခြင်းဖြစ်သည်။ အပြင်ပန်းလက္ခဏာအားဖြင့် ဖြောင့်မတ်စင်ကြယ်သယောင်ရှိသော်လည်း အတွင်းသရုပ်၌ ပုပ်ပွနေသောကျီးအာသီးကဲ့သို့ဖြစ်သည်။ ဟေရုဒ်တဆေးဆိုသည်မှာ အတင်းအဓမ္မပြုခြင်း၊ အာဏာရှင်ဆန်ခြင်းတို့ဖြစ်ကြသည်။” ဟု မိန့်တော်မူ၏။
16ထိုအခါ တပည့်တော်တို့က “မိမိတို့၌ မုန့်များကို ယူလာရန် မေ့လျော့ခဲ့ခြင်းကြောင့် ကိုယ်တော်သည် ဤသို့မိန့်ဆိုခြင်းဖြစ်မည်” ဟုအချင်းချင်းပြောဆိုနေကြလေသည်။ 17ကိုယ်တော်ယေရှုက ထိုအကြောင်းကို သိတော်မူလျှင် တပည့်တော်တို့အား “သင်တို့၌ မုန့်မပါသည့်အကြောင်းကို အဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။ သင်တို့ နားမလည်သဘောမပေါက်နိုင်ကြသေးသလော။ သင်တို့၏စိတ်နှလုံးတို့ အမှောင်ဖုံးနေကြသေးသလော။ 18သင်တို့၌ မျက်စိရှိလျက်နှင့် မမြင်ကြသလော။ နားရှိလျက်နှင့် မကြားကြသလော။ သင်တို့ မမှတ်မိကြသလော။ 19ငါသည် မုန့်ငါးလုံးကိုဖဲ့၍ လူငါးထောင်အား ကျွေးမွေးခဲ့စဉ်၌ ပိုလျှံသောမုန့်များကို လိုက်ကောက်သည့်အခါ တောင်းနှင့်မည်မျှရခဲ့ကြသနည်း” ဟုမေးတော်မူလျှင်
တပည့်တော်များက “တစ်ဆယ့်နှစ်တောင်းရရှိပါ၏” ဟုလျှောက်တင်ကြ၏။
20ထို့နောက် ကိုယ်တော်က “ငါသည် မုန့်ခုနစ်လုံးကိုဖဲ့၍ လူလေးထောင်ကို ကျွေးမွေးခဲ့စဉ်ကလည်း မုန့်များ မည်မျှပိုလျှံခဲ့သနည်း” ဟုမေးရာ
သူတို့က “တောင်းခုနစ်တောင်းပါ” ဟုလျှောက်တင်ကြ၏။
21ထိုအခါ ကိုယ်တော်က “သင်တို့ ယခုထိတိုင် နားမလည်နိုင်ကြသေးသလော” ဟုမိန့်တော်မူလေ၏။
မျက်မမြင်တစ်ဦးကို ပြန်မြင်စေခြင်း
22ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဗက်ဇဲဒမြို့သို့ ရောက်သောအခါ လူအချို့သည် မျက်မမြင်တစ်ဦးကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြပြီး ထိုမျက်မမြင်အား ကိုယ်တော်၏လက်ဖြင့် တို့ထိပေးပါရန် တောင်းလျှောက်ကြလေသည်။ 23ကိုယ်တော်သည် ထိုမျက်မမြင်၏ လက်ကိုဆွဲ၍ မြို့ပြင်သို့ခေါ်ဆောင်သွား၏။ ထို့နောက် ကိုယ်တော်က ထိုမျက်မမြင်၏မျက်စိအား တံတွေးဖြင့်ဆွတ်ကာ ထိုသူ၏ကိုယ်ပေါ်တွင် လက်ကိုတင်၍ “တစ်စုံတစ်ခုကို သင်မြင်ရသလော” ဟုမေးလေသည်။
24ထိုသူလည်း လှည့်ပတ်ကြည့်လိုက်ပြီး “အကျွန်ုပ်သည် လူတို့ကို မြင်နေရပါ၏။ သို့သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရဘဲ လူတို့သည် လမ်းလျှောက်သွားနေကြသော သစ်ပင်များကဲ့သို့ ဖြစ်နေပါ၏” ဟုလျှောက်တင်လေသည်။
25တဖန် ကိုယ်တော်က ထိုသူ၏မျက်လုံးများပေါ်သို့ သူ၏လက်ကို ထပ်မံ၍ တင်တော်မူပြီးနောက် ထိုသူသည် မျက်လုံးများကို ဖွင့်ကြည့်သောအခါ သူ၏အမြင်အာရုံသည် ရှင်းလင်းသွားလျက် အရာအားလုံးကို ပြတ်သားစွာ မြင်နိုင်သွားလေတော့၏။ 26ကိုယ်တော်ယေရှုက ထိုသူအား “မြို့ထဲသို့မဝင်နှင့်” ဟုမိန့်မှာပြီးနောက် အိမ်သို့ပြန်စေလေ၏။
ပေတရု၏ဝန်ခံချက်
(မ၊ ၁၆:၁၃-၂၀။ လု၊ ၉:၁၈-၂၁)
27ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ကဲသရိဖိလိပ္ပုမြို့အနီးရှိ ကျေးရွာများဆီသို့ သွားရာလမ်းတွင် တပည့်တော်တို့အား “လူတို့သည် ငါ့အားမည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးသဖြင့်
28တပည့်တော်တို့ကလည်း “ကိုယ်တော့်အား လူအချို့က ရေနှစ်မင်္ဂလာဆရာယောဟန်၊ အချို့သည် အရိယာသူတော်စင်ဧလိယ၊ အခြားသူတို့က ရှေးယခင်အရိယာသူတော်စင်များထဲမှ တစ်ပါးဖြစ်သည်ဟု ပြောဆိုနေကြပါ၏” ဟုဖြေကြားလေ၏။
29ထိုအခါ ကိုယ်တော်က သူတို့အား “သင်တို့ကမူ ငါ့ကိုမည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးရာ
ပေတရုက “ကိုယ်တော်သည် ကယ်တင်ရှင်ခရစ်တော်ဖြစ်ပါ၏” ဟုလျှောက်ထားလေ၏။
30ထိုအခါ ကိုယ်တော်သည် မိမိအကြောင်းကို မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
အသေခံမည့်အကြောင်းကို ကြိုတင်မိန့်ကြားခြင်း
(မ၊ ၁၆:၂၁-၂၈။ လု၊ ၉:၂၂-၂၇)
31ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား “လူ့သားတော်ဖြစ်သော ငါသည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်း၊ နှိပ်စက်ညှင်းပန်း၍ အသေသတ်ခြင်းများ ကြုံတွေ့မည်။ သို့သော် သုံးရက်မြောက်နေ့၌ ငါသည် အသက်ပြန်ရှင်လိမ့်မည်” ဟုကြိုတင်မိန့်တော်မူလေ၏။ 32ကိုယ်တော်က သူတို့အား ဤအကြောင်းအရာကို အတိအကျပွင့်လင်းစွာပြောဆိုခဲ့ခြင်းကြောင့် ပေတရုက ကိုယ်တော်အား ဘေးဘက်သို့ခေါ်၍ ထိုကဲ့သို့ ပြောဆိုခြင်းမပြုရန် ပြစ်တင်တားမြစ်လေ၏။
33ထိုအခါ ကိုယ်တော်က လှည့်၍ တပည့်တော်တို့အား ကြည့်လိုက်ပြီး ပေတရုအား “မာရ်နတ်၊ ငါ၏အနားက ထွက်သွားလော့။ အကြောင်းမူကား သင်သည် ဘုရားရှင်နှင့်ဆိုင်သည့်အရာများကို ဂရုမစိုက်ဘဲ လူတို့နှင့်ဆိုင်သောအရေးအရာများကိုသာ ဂရုစိုက်နေသောသူဖြစ်၏” ဟုပြစ်တင်ပြောဆိုတော်မူ၏။
34ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့် လူထုပရိသတ်တို့ကိုခေါ်ယူ၍ သူတို့အား “ငါ့တပည့်တော်ဖြစ်လိုသောသူတို့သည် မိမိအတ္တကို စွန့်ပယ်ရမည်။ ငါ့အတွက် မိမိအသက်ခန္ဓာကိုပင် စွန့်လွှတ်ရန်အဆင်သင့်ဖြစ်လျက် ငါ့နောက်သို့လိုက်ရမည်။ 35ထိုသို့မဟုတ်ဘဲ မိမိအသက်ခန္ဓာကို မက်မောနေသောသူတို့သည် ဘုရားရှင်ထံတော်၌ နိစ္စထာဝရအသက်#8:35 နိစ္စထာဝရအသက် တဖန်မွေးပြန်လည်မွေးဖွားခြင်း မရှိဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းကို ရနိုင်မည့်အခွင့်အလမ်းအား ဆုံးရှုံးရလိမ့်မည်။ သို့သော် မိမိအသက်ခန္ဓာကို ငါ့အတွက်သော်လည်းကောင်း၊ မင်္ဂလာသတင်းကောင်းအတွက်သော်လည်းကောင်း စွန့်လွှတ်ပေးဆပ်သည့်သူများသည် နိစ္စထာဝရအသက်ကို ရရှိကြလိမ့်မည်။ 36လူသည် ကမ္ဘာလောကတစ်ခုလုံးကို ရရှိပိုင်ဆိုင်ရသော်လည်း အသက်ဝိညာဉ် ဆုံးရှုံးရလျှင် မည်သည့် အကျိုးကျေးဇူးရှိမည်နည်း။ 37အသက်ဝိညာဉ်ကိုပြန်ရရန်အတွက် မည်သည့်အရာနှင့်မျှ သင်တို့ ပြန်ပေးဆပ်နိုင်ကြမည်မဟုတ်။ 38ဤသို့ပျက်စီးယိုယွင်းနေသော ခေတ်ကာလ၌ ငါနှင့် ငါ၏သွန်သင်မှုတို့ကို ယုံကြည်ဖို့ရန် ငြင်းဆန်နေသူများအား ငါသည် လူ့သားတော်အဖြစ် အဖဘုရားရှင်၏ဘုန်းဂုဏ်တော်နှင့်အတူ မြင့်မြတ်သည့် နတ်ဒေဝါများ ခြံရံ၍ ဤကမ္ဘာသို့ ပြန်ကြွလာသည့်အခါ၌ ငါ၏တပည့်တော်များအဖြစ်မှ ငါငြင်းပယ်မည်” ဟု မိန့်တော်မူ၏။
Currently Selected:
ရှင်မာကု 8: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: