ရှင်မာကု 6
6
နာဇရက်မြို့က ငြင်းပယ်ခြင်း
(မ၊ ၁၃:၅၃-၅၈။ လု၊ ၄:၁၆-၃၀)
1ထို့နောက် ကိုယ်တော်ယေရှုသည် ကပေရနောင်မြို့မှကြွတော်မူ၍ သူ၏နေရင်းမြို့ဖြစ်သည့် နာဇရက်မြို့သို့ တပည့်တော်များနှင့်အတူ ရောက်တော်မူ၏။ 2ဥပုသ်နေ့တစ်ရက်သို့ရောက်လာသောအခါ ကိုယ်တော်သည် ဓမ္မာရုံတစ်ခု၌ စတင်ဟောပြောသွန်သင်တော်မူသဖြင့် ကြားနာရသောလူအပေါင်းတို့သည် အံ့ဩစွာဖြင့်
“ဤသူသည် ဤအရာတို့ကို အဘယ်ကသင်ယူလာသနည်း။ ဤကဲ့သို့ အသိဉာဏ်ပညာနှင့် အံ့ဖွယ်တန်ခိုးတော်များကို အဘယ်သူက ပေးအပ်ထားသနည်း။ 3သူသည် လက်သမားမဟုတ်လော။ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ့ညီမတို့သည်လည်း ငါတို့အနီးအနား၌ပင် နေလျက်ရှိကြသည်မဟုတ်လော” ဟု ပြောဆိုကြလျက် ကိုယ်တော်အား ဘဝင်မကျဖြစ်ကြ၏။
4သို့သော် ကိုယ်တော်ယေရှုက “အရိယာသူတော်စင်#6:4 အရိယာသူတော်စင် ဘုရားရှင် မိန့်ကြားတော်မူသည်များကို တစ်ဆင့်ခံပြန်ပြောကြားပေးသူသည် မိမိ၏နေရင်းမြို့မှ လူများ၊ ဆွေမျိုးများနှင့် မိသားစုများမှလွဲ၍ ကျန်သည့်အခြားနေရာတိုင်း၌ လူတိုင်း၏လေးစားဂုဏ်ပြုခြင်းအား ရရှိတတ်၏” ဟုမိန့်တော်မူလေ၏။ 5ကိုယ်တော်သည် ထိုနေရာ၌ မကျန်းမာသောသူအနည်းငယ်တို့အပေါ် လက်တော်ကိုတင်လျက် ကျန်းမာစေခဲ့ခြင်းမှတစ်ပါး အခြားအံ့ဖွယ်နိမိတ်လက္ခဏာများကို မပြုခဲ့ပေ။ 6ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းမရှိကြသည်ကို အံ့ဩတော်မူ၏။ ထို့နောက် သူသည် အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် လူတို့အား ဆက်လက်၍ ဟောပြောသွန်သင်တော်မူလေ၏။
သာဝကတစ်ဆယ့်နှစ်ဦးတို့အား စေလွှတ်တော်မူခြင်း
(မ၊ ၁၀:၅-၁၅။ လု၊ ၉:၁-၆)
7ထို့နောက် ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးအားခေါ်ယူတော်မူပြီး မကောင်းဆိုးဝါးများအားနှင်ထုတ်စေနိုင်ခြင်းငှာ အခွင့်အာဏာကိုပေးအပ်လျက် နှစ်ယောက်တစ်တွဲစီတွဲ၍ မြို့ရွာများသို့ စေလွှတ်တော်မူ၏။
8ကိုယ်တော်က သူတို့အား ခရီးသွားရန်အတွက် တောင်ဝှေးမှလွဲ၍ လွယ်အိတ်၊ အစားအစာမှစ၍ ခါးပန်း၌ ငွေကြေးတို့ကိုလည်းကောင်း ယူဆောင်သွားခွင့်မပြုခဲ့ပေ။ 9ကိုယ်တော်သည် သူတို့အား ဖိနပ်ကိုစီးစေသော်လည်း အဝတ်အစားအပိုများကိုမူ ယူသွားခွင့်မပြုခဲ့ပေ။ 10ထို့အပြင် ကိုယ်တော်က သူတို့အား “မည်သည့်အရပ်၌မဆို သင်တို့အား လှိုက်လှိုက်လှဲလှဲကြိုဆိုသည့် အိမ်၌ပင် တည်းခို၍ ထိုဒေသမှမပြန်မချင်း ထိုအိမ်၌ပင် တည်းခိုကြလော့။ 11သို့သော် မည်သည့်အရပ်ဒေသတွင်မဆို သင်တို့အား လက်မခံ၊ သင်တို့၏စကားအား နားမထောင်လျှင် ထိုဒေသမှ ထွက်ခွာကြစဉ် ဘုရားရှင်၏အပြစ်ဒဏ်ပေးခြင်းခံရမည့်အကြောင်းအား သတိပေးသည့်အနေနှင့် သင်တို့ခြေဖဝါးမှ ဖုန်မှုန့်များအား ခါချခဲ့ကြလော့#6:11 ခြေဖဝါးမှ ဖုန်မှုန့်များအား ခါချခဲ့ကြလော့ ဤသည်မှာ ဂျူးလူမျိုးတို့၏ဓလေ့တစ်ခုဖြစ်သည်။ ဂျူးလူမျိုးတစ်ဦးသည် အရပ်ဒေသတစ်ခု၌ သူ၏ခြေမှဖုန်မှုန့်ကို ခါချလျှင် ၎င်းသည် ထိုအရပ်ဒေသရှိ လူတို့နှင့်မည်သည့်ပတ်သက်ခြင်းမျှမရှိဟု အဓိပ္ပါယ်ရသည်။” ဟုမိန့်မှာလေသည်။
12ထို့နောက် တပည့်တော်တို့လည်း ထွက်ခွာလာကြပြီး လူအပေါင်းတို့အား အပြစ်ဒုစရိုက်တို့မှ နောင်တသံဝေဂရ၍ ဘုရားဘက်သို့ လှည့်ကြရန် ဟောပြောကြလေသည်။ 13သူတို့သည် လူတို့အား ပူးကပ်နေသော မကောင်းဆိုးဝါးများစွာကို နှင်ထုတ်ကြကာ ဖျားနာနေသူတို့အပေါ်၌ ဆီကိုလိမ်းပေးခြင်းဖြင့် အနာရောဂါတို့ကို ပျောက်ကင်းစေကြလေ၏။
ရေနှစ်မင်္ဂလာဆရာယောဟန် သေဆုံးခြင်း
(မ၊ ၁၄:၁-၁၂။ လု၊ ၉:၇-၉)
14ထိုအချိန်တွင် ကိုယ်တော်ယေရှု၏ဂုဏ်သတင်းသည် ပျံ့နှံ့နေခဲ့ပြီး လူများစွာတို့ကလည်း ကိုယ်တော့်အကြောင်းကို ပြောဆိုနေကြသောကြောင့် ဘုရင်ခံဟေရုဒ်သည်လည်း ကြားသိလေသည်။ အချို့သောသူများကလည်း “သူသည် သေရာမှပြန်ရှင်လာသည့် ရေနှစ်မင်္ဂလာဆရာယောဟန်ဖြစ်ရမည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ အံ့ဖွယ်အမှုအရာများ လုပ်နိုင်ခြင်းဖြစ်၏” ဟူ၍ ကိုယ်တော့်အကြောင်းကို ပြောဆိုကြလေသည်။
15အချို့ကလည်း “သူသည် ဧလိယဖြစ်၏” ဟုပြောဆိုကြပြီး
လူအချို့က “သူသည် ရှေးတုန်းကရှိခဲ့သည့် အရိယာသူတော်စင်တစ်ပါးဖြစ်လိမ့်မည်” ဟုအမျိုးမျိုးထင်မြင်ပြောဆိုကြလေသည်။
16သို့သော် ဘုရင်ခံဟေရုဒ်သည် ကိုယ်တော်ယေရှုသတင်းကို ကြားသောအခါ “သူသည် ရေနှစ်မင်္ဂလာဆရာယောဟန်ဖြစ်၏။ ငါကိုယ်တိုင် သူ့အား ခေါင်းဖြတ်သတ်ခိုင်းခဲ့သော်လည်း ယခုမူ သူသည် သေရာမှ ပြန်ရှင်လာခဲ့လေပြီ” ဟုပြောဆိုလေသည်။
17ထိုသို့ပြောဆိုရခြင်းမှာ ဘုရင်ခံဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ဇနီး ဟေရောဒိကို သိမ်းယူခဲ့ခြင်းကြောင့် ယောဟန်ကပြစ်တင်သဖြင့် ယောဟန်ကိုဖမ်း၍ ထောင်တွင်းအကျဉ်းချထားခဲ့လေသည်။ 18အကြောင်းမူကား ယောဟန်သည် ဘုရင်ခံဟေရုဒ်ကို “သင့်ညီ၏ဇနီးအား သိမ်းယူခြင်းသည် မသင့်လျှော်မမှန်ကန်ပါ” ဟု အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 19ထို့ကြောင့် ဟေရောဒိသည် ယောဟန်အား ရန်ငြိုးထားလျက် သတ်ပစ်ချင်ခဲ့သော်လည်း အခွင့်မရခဲ့ချေ။ 20အဘယ်ကြောင့်ဆိုသော် ဘုရင်ခံဟေရုဒ်က ယောဟန်သည် ဖြောင့်မတ်မှန်ကန်သော သူတော်ကောင်းဖြစ်ကြောင်းသိ၍ ကြောက်ရွံ့ရိုသေသဖြင့် သူ့အား သူမ၏လက်မှ အကာအကွယ်ပေးထားခဲ့လေသည်။ သူသည် ယောဟန် ဆောင်ရွက်ခဲ့သော အရာများကိုလည်း ဝမ်းမြောက်သောစိတ်နှင့် ကြားနာတတ်သူဖြစ်လေသည်။
21သို့သော် တစ်နေ့တွင် ဟေရုဒ်၏မွေးနေ့ ရောက်ရှိလာခဲ့ပြီး မှူးမတ်များ၊ စစ်သူကြီးများနှင့် ဂါလိလဲပြည်၏အကြီးအကဲတို့အား ဖိတ်ကြားပြီး သူ၏မွေးနေ့ပွဲကို ခမ်းနားစွာ ကျင်းပလေသဖြင့် ဟေရောဒိသည် အခွင့်အရေးရရှိသွားခဲ့လေ၏။ 22ထိုမွေးနေ့ပွဲတွင် ဟေရောဒိ၏သမီးဖြစ်သူသည် ကပြဖျော်ဖြေလေရာ သူမ၏ဖျော်ဖြေမှုကို ဟေရုဒ်နှင့်တကွ ဧည့်သည်တော်များလည်း လွန်စွာနှစ်သက်ကျေနပ်ခဲ့ကြသောကြောင့်
ဟေရုဒ်က “သင်အလိုရှိရာ တောင်းပါ။ သင့်အား ငါပေးမည်။ 23ငါ့တိုင်းပြည်တစ်ဝက်တိုင်အောင် သင်တောင်းသမျှ ငါပေးမည်” ဟုကတိပြုလေ၏။
24ထိုအခါ ချက်ချင်းပင် သူမသည် မိခင်ထံသွား၍ “အဘယ်အရာအား တောင်းဆိုသင့်ပါသနည်း” ဟုမေးရာ
မိခင်က “ရေနှစ်မင်္ဂလာဆရာယောဟန်၏ ဦးခေါင်းအား တောင်းပါ” ဟုဖြေသဖြင့်
25သူမသည် ချက်ချင်းပင် ဟေရုဒ်ထံသွားပြီး “ရေနှစ်မင်္ဂလာဆရာယောဟန်၏ဦးခေါင်းအား လင်ပန်းပေါ်တင်၍ ယခုပင် ပေးစေလိုပါ၏” ဟုလျှောက်တင်လေသည်။
26ဟေရုဒ်သည်လည်း သူပေးခဲ့သောကတိအတွက် လွန်စွာနောင်တရသော်လည်း ဧည့်သည်တော်များ ရှေ့မှောက်တွင် သူမအား သူကိုယ်တိုင်ပေးခဲ့သောကတိကိုလည်း မချိုးဖောက်လိုခဲ့ပေ။ 27ထို့ကြောင့် ဘုရင်ဟေရုဒ်သည် ချက်ချင်းပင် အစောင့်တစ်ဦးအား စေလွှတ်၍ ယောဟန်၏ဦးခေါင်းအား ယူဆောင်လာခဲ့ရန် အမိန့်ပေးလေသည်။ အစောင့်လည်း ထောင်ထဲသို့သွားပြီး ယောဟန်၏ ဦးခေါင်းအား ဖြတ်ပြီး 28ဦးခေါင်းကို လင်ပန်းပေါ်တင်၍ မိန်းကလေးအား ပေးလေသဖြင့် မိန်းကလေးကလည်း သူမ၏မိခင်ဖြစ်သူ ဟေရောဒိအား ပေးခဲ့လေသည်။ 29ယောဟန်၏တပည့်များသည် ထိုသတင်းကိုကြားရသောအခါ ယောဟန်၏ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ကာ သင်္ချိုင်းတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့ကြလေသည်။
လူငါးထောင်အား ကျွေးမွေးတော်မူခြင်း
(မ၊ ၁၄:၁၃-၂၁။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄)
30ထို့နောက် ကိုယ်တော်ယေရှုစေလွှတ်လိုက်သော သာဝကတစ်ဆယ့်နှစ်ဦးတို့သည် ပြန်လည်ရောက်ရှိလာခဲ့ကြပြီး သူတို့ဆောင်ရွက်ခဲ့သမျှ အရာအားလုံးနှင့် ဟောပြောသွန်သင်ခဲ့သမျှတို့ကို ကိုယ်တော့်ထံ လျှောက်တင်ကြလေသည်။ 31ကိုယ်တော်က တပည့်တော်တို့အား “လူသူကင်းဝေးရာအရပ်သို့သွား၍ ခဏမျှ အနားယူကြလော့” ဟု မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် စားချိန်၊ သောက်ချိန်မရလောက်အောင် လူထုပရိသတ်ကြီးသည် သူတို့ထံသို့ တဖွဲဖွဲ ရောက်ရှိလိုက်၊ ပြန်သွားလိုက် ဖြစ်နေကြသောကြောင့်ဖြစ်၏။
32ထို့ကြောင့် ကိုယ်တော်နှင့်တပည့်တော်တို့သည် လူသူကင်းဝေးရာအရပ်တစ်နေရာဆီသို့ လှေဖြင့် ထွက်ခွာကြလေ၏။ 33သို့သော် မြို့အသီးသီးမှ လူများသည် ကိုယ်တော်နှင့်တပည့်တော်တို့ ထွက်ခွာသွားသည်ကို မြင်တွေ့ကြသဖြင့် သူတို့သွားကြသည့်နေရာသို့ ခြေကျင်ပြေးလိုက်လာကြပြီး သူတို့ထက်ဦးစွာ ရောက်နှင့်နေကြပါ၏။ 34ကိုယ်တော်သည် လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကြီးသည် သိုးထိန်းမရှိသော သိုးအုပ်ကြီးကဲ့သို့ ဖြစ်နေသည်ကို မြင်ရသဖြင့် သနားကရုဏာပွား၍ သူတို့အား စတင်၍ ဟောပြောသွန်သင်လေ၏။
35ညနေစောင်းအချိန်ရောက်လာသဖြင့် တပည့်တော်များက ကိုယ်တော့်ထံသို့ လာ၍ သူ့အား “ကိုယ်တော်၊ ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး မိုးချုပ်တော့မည်ဖြစ်၍ 36ဤလူများအား အနီးတစ်ဝိုက်ရှိ စိုက်ခင်းများ၊ ကျေးရွာများဆီသို့ သွား၍ အစားအစာများ ဝယ်နိုင်စေရန် စေလွှတ်တော်မူပါ” ဟုလျှောက်တင်ကြလေ၏။
37ထိုအခါ ကိုယ်တော်က တပည့်တော်တို့အား “သင်တို့သည် ထိုသူတို့အတွက် စားစရာတစ်ခုခု ပေးလိုက်ကြလော့” ဟုဆိုရာ
တပည့်တော်များက “အကျွန်ုပ်တို့သည် ဒေနာရီဒင်္ဂါးပြားနှစ်ရာ#6:37 ဒေနာရီဒင်္ဂါးပြားနှစ်ရာ ဒေနာရီဒင်္ဂါး နှစ်ရာပြားသည် သာမန်လူတစ်ဦး၏ရှစ်လစာလုပ်အားခခန့်ရှိ၏ သုံး၍ အစားအစာများဝယ်လျှင်ပင် ဤလူအကုန်လုံးအတွက် လုံလောက်မည်မဟုတ်ပါ” ဟုလျှောက်တင်ကြလေ၏။
38ထိုအခါ ကိုယ်တော်က သူတို့အား “သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသည်ကို သွားကြည့်ကြလော့” ဟုမိန့်ဆိုရာ
တပည့်တော်တို့က “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါ၏” ဟုပြန်လည်လျှောက်တင်ကြ၏။ 39ကိုယ်တော်က တပည့်တော်တို့အား လူအုပ်ကြီးကို အုပ်စုတစ်စုစီခွဲ၍ စိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင် ထိုင်ကြစေဖို့ သွားပြောရန် မိန့်တော်မူလေ၏။ 40ထို့နောက် လူအုပ်ကြီးသည်လည်း အယောက်တစ်ရာ၊ အယောက်ငါးဆယ်စသည်ဖြင့် အုပ်စုခွဲ၍ ထိုင်လိုက်ကြလေ၏။ 41ကိုယ်တော်သည်လည်း မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မှန်းမျှော်ကာ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်များကို ဖဲ့၍ လူအုပ်ကြီးကို ကျွေးမွေးရန် တပည့်တော်များထံသို့ ပေးလေ၏။ ထို့နောက် ကိုယ်တော်သည် ငါးနှစ်ကောင်ကိုလည်း ထိုနည်းအတိုင်း လူအားလုံးအတွက် ခွဲဝေပေးလေ၏။ 42လူအားလုံးတို့သည်လည်း ဝလင်စွာ စားသုံးကြရသည့်အပြင် 43ပိုလျှံသောမုန့်နှင့် ငါးအပိုင်းအစများကို တပည့်တော်တို့က ကောက်ယူစုဆောင်းကြရာ ခြင်းတောင်းတစ်ဆယ့်နှစ်တောင်းပင် ပြည့်လျှံနေလေ၏။ 44ထိုနေရာ၌ စားသုံးခဲ့ကြသော ယောကျ်ားသားဦးရေမှာ ငါးထောင်ခန့်ရှိလေ၏။
ရေပေါ်တွင် လမ်းလျှောက်ခြင်း
(မ၊ ၁၄:၂၂-၃၃။ ယော၊ ၆:၁၅-၂၁)
45ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား လှေပေါ်သို့ ချက်ချင်းတက်စေပြီး ရေအိုင်တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အရင်သွားနှင့်ရန် စေလွှတ်တော်မူ၏။ ကိုယ်တော်ကမူ လူထုပရိသတ်ကြီးကို ပြန်လွှတ်ရန် ကျန်ရစ်တော်မူ၏။ 46လူများကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ ကြွတော်မူ၏။
47ညနေအချိန်သို့ရောက်သော် တပည့်တော်တို့၏လှေသည် ရေအိုင်အလယ်တွင် ရောက်နေပြီး ကိုယ်တော်သည် ကုန်းပေါ်တွင် တစ်ပါးတည်း ရှိတော်မူ၏။ 48ထို့နောက် တပည့်တော်တို့သည် လေကိုဆန်၍ ခက်ခက်ခဲခဲလှေလှော်နေရပုံကို ကိုယ်တော်သည် မြင်တွေ့ရလေ၏။ မိုးလင်းအရုဏ်တက်ချိန်တွင် ကိုယ်တော်သည် တပည့်တော်တို့၏လှေဆီသို့ ရေအိုင်ပေါ်တွင် လမ်းလျှောက်၍ ကြွလှမ်းလာ၏။ 49သို့သော် တပည့်တော်တို့သည် ကိုယ်တော်ယေရှု ရေပေါ်တွင် လမ်းလျှောက်လာသည်ကို မြင်ကြသောအခါ တစ္ဆေကို မြင်တွေ့ရသည်ဟု ထင်မှတ်ကြသဖြင့် အော်ဟစ်ကြ၏။ 50တပည့်တော်တို့က ကြောက်လန့်၍ ထိပ်ထိပ်ပြာပြာဖြစ်နေကြသဖြင့်
ချက်ချင်းပင် ကိုယ်တော်က သူတို့အား “သတ္တိရှိကြလော့။ ငါကြွလာခြင်းဖြစ်၏။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။ 51ထို့နောက် ကိုယ်တော်သည် သူတို့၏လှေပေါ်သို့ ကြွရောက်တော်မူသည်နှင့် တိုက်ခတ်လျက်ရှိသော လေသည်လည်း ချက်ချင်းပင် ငြိမ်သက်သွားလေသဖြင့် တပည့်တော်တို့သည် အလွန်အမင်းအံ့ဩမှင်သက်ကြ၏။ 52အဘယ်ကြောင့်ဆိုသော် သူတို့သည် လူငါးထောင်အား ကျွေးမွေးခဲ့ခြင်းဖြင့် ကိုယ်တော်မည်မျှတန်ခိုးစွမ်းအား ကြီးမြတ်သည်ကို နားလည်သင့်သော်လည်း ယခုထိတိုင် နားမလည်နိုင်ကြသေးသောကြောင့်ဖြစ်၏။
ဂင်္နေသရက်မြို့တွင် နာမကျန်းသူများကို ပျောက်ကင်းစေခြင်း
(မ၊ ၁၄:၃၄-၃၆)
53ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ရေအိုင်ကို ဖြတ်လာပြီးနောက် ဂင်္နေသရက်မြို့#6:53 ဂင်္နေသရက်မြို့ ဂင်္နေသရက်မြို့သည် ဂျော်ဒန်မြစ်ကိုဖြတ်၍ အစ္စရေးနိုင်ငံ၌ စီးဆင်းသော ဂါလိလဲအိုင်အနောက်ဘက်ကမ်းတွင်ရှိသည်။ လှပသောကျေးလက်နှင့်ကြွယ်ဝသောလယ်မြေများဖြစ်ပြီး ဂါလိလဲပရဒိသုဟုခေါ်သည်။ တူးဖော်တွေ့ရှိသောရှေ့ဟောင်းမြို့ဖြစ်သည်။အနီးရှိ ကမ်းစပ်သို့ ရောက်ရှိလာကြပြီး လှေကို ဆိုက်ကပ်ထားလိုက်ကြ၏။ 54သူတို့လှေပေါ်မှ ဆင်းကြသောအခါ လူအများတို့သည် ကိုယ်တော့်အား ချက်ချင်း မှတ်မိသွားကြလေသည်။ 55ထို့ကြောင့် လူတို့သည် ကိုယ်တော် မည်သည့်အရပ်တွင် ရောက်နေသည်ကို ကြားသိရသည်နှင့် သူတို့၏ပတ်ဝန်းကျင်ဒေသတစ်ခွင်လုံးမှ နာမကျန်းသူများကို ဖျာများပေါ်တင်၍ အပြေးအလွှား ရောက်ရှိလာကြ၏။ 56ကိုယ်တော် ကြွတော်မူရာ မြို့တိုင်း၊ ရွာတိုင်းနှင့် ကျေးလက်ဒေသများတိုင်းတွင် လူတို့သည် နာမကျန်းသူများကို ဈေးများနှင့် လမ်းများပေါ်သို့ ခေါ်လာကြပြီး ထိုနာမကျန်းသူတို့က ကိုယ်တော့်၏ဝတ်ရုံတော်စကိုပင် တို့ထိခွင့်ရရန် တောင်းလျှောက်ကြ၏။ တို့ထိခွင့်ရသူတိုင်းသည်လည်း အနာရောဂါများ ပျောက်ကင်းကြလေ၏။
Currently Selected:
ရှင်မာကု 6: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: