ရှင်မာကု 3
3
ဥပုသ်နေ့တွင် အနာရောဂါကင်းငြိမ်းစေခြင်း
(မ၊ ၁၂:၉-၁၄။ လု၊ ၆:၆-၁၁)
1အခြားသောဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ လာလေရာ ထိုနေရာ၌ လက်တစ်ဖက်လေဖြတ်နေသူတစ်ဦးသည်လည်း ရှိနေလေ၏။ 2ဖာရိရှဲတို့ကလည်း ကိုယ်တော်အား ပြစ်တင်စွပ်စွဲရန်အတွက် ဥပုသ်နေ့တွင် ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို နီးကပ်စွာစောင့်ကြည့်နေကြ၏။ 3ကိုယ်တော်ကလည်း လက်တစ်ဖက်သေနေသူကို “ထ၍ လူတို့အလယ်၌ ရပ်လော့” ဟုမိန့်တော်မူပြီးလျှင်
4ဓမ္မာရုံထဲမှ လူတို့အား “ဥပုသ်နေ့၌ ကောင်းမှုကို ပြုသင့်သလော။ မကောင်းမှုကို ပြုသင့်သလော။ အသက်ကို ကယ်တင်သင့်သလော။ သတ်သင့်သလော” ဟုမေးတော်မူ၏။ ထိုအခါ လူတို့သည်လည်း နှုတ်ဆိတ်နေကြကုန်လေ၏။
5ထို့ကြောင့် ကိုယ်တော်က အမျက်တော်နှင့် လှည့်ပတ်ကြည့်ရှုတော်မူပြီး လူတို့၏ခေါင်းမာနေမှုအတွက် ဝမ်းနည်းတော်မူလေ၏။ ထို့နောက် ကိုယ်တော်က လက်တစ်ဖက်လေဖြတ်နေသူအား “သင်၏လက်ကို ဆန့်လော့” ဟုမိန့်တော်မူသည်နှင့် ထိုသူသည်လည်း ဆန့်လိုက်ရာ လေဖြတ်နေသောလက်သည် အကောင်းပကတိဖြစ်သွားလေ၏။ 6ထိုအခါ ဖာရိရှဲတို့သည်လည်း ထွက်ခွာသွားကြကာ ဘုရင်ခံဟေရုဒ်၏လူများနှင့် ပူးပေါင်း၍ ကိုယ်တော်ယေရှုကို အဘယ်သို့ဖျက်ဆီးရမည်ကို ချက်ချင်းတိုင်ပင်ကြ၏။
လူထုပရိတ်သတ်ထံ အမှုတော်ဆောင်ခြင်း
7ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များနှင့်အတူ ဂါလိလဲအိုင်ကမ်းစပ်ဆီသို့ ကြွတော်မူလေသဖြင့် ဂါလိလဲပြည်မှ များစွာသောလူတို့သည် နောက်တော်သို့လိုက်ပါလာကြလေ၏။ 8ထို့ပြင် ကိုယ်တော် ပြုလုပ်ဆောင်ရွက်သမျှကို ကြားသိကြရသော ယုဒပြည်၊ ဂျေရုဆလင်မြို့၊ ဣဒုမဲပြည်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူများနှင့်တကွ တုရုမြို့နှင့် ဇိဒုန်မြို့အနီးဝန်းကျင်ရှိ လူအပေါင်းတို့သည်လည်း ကိုယ်တော်ထံသို့ လာကြလေ၏။ 9ကိုယ်တော်သည် မိမိအားများစွာသောလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ တပည့်တော်တို့အား မိမိအတွက် လှေငယ်တစ်စင်းကို ပြင်ဆင်ပေးရန် မိန့်မှာလေ၏။ 10အကြောင်းမူကား ကိုယ်တော်သည် လူနာများစွာတို့အား အနာရောဂါပျောက်ကင်းစေသည့်အတွက် ရောဂါဝေဒနာခံစားနေရသူအားလုံးသည် ကိုယ်တော်ယေရှုကို တို့ထိနိုင်ရန် အနားသို့ တိုးကပ်ကြ၏။ 11လူတို့ကိုပူးကပ်နေသော မကောင်းဆိုးဝါးတို့သည် ကိုယ်တော်အား မြင်သောအခါ မြေကြီးပေါ်သို့ ပျပ်ဝပ်၍ “ကိုယ်တော်သည် ဘုရားရှင်၏သားတော်ဖြစ်ပါ၏” ဟုအော်ဟစ်ကြ၏။ 12သို့သော် ကိုယ်တော်က မိမိ၏အကြောင်းကို မည်သူ့ကိုမျှ မပြောရန် မကောင်းဆိုးဝါးတို့အား တင်းကြပ်စွာအမိန့်ပေးတော်မူ၏။
သာဝကတစ်ဆယ့်နှစ်ဦး
(မ၊ ၁၀:၁-၄။ လု၊ ၆:၁၂-၁၆)
13ထို့နောက် ကိုယ်တော်ယေရှုသည် အလိုတော်ရှိသောတပည့်တော်များကိုခေါ်ကာ တောင်ပေါ်သို့ ကြွတော်မူ၏။ 14ထို့နောက် ကိုယ်တော်သည် မိမိနှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ မင်္ဂလာသတင်းကောင်းကို ဟောကြားရန်အခွင့်၊ 15မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှာလည်းကောင်း သာဝက#3:15 သာဝက အထူးတာဝန်တစ်ခုကို ထမ်းဆောင်ရန်အခွင့်အာဏာဖြင့် တစ်စုံတစ်ဦးက စေလွှတ်လိုက်သောသူများကိုရည်ညွှန်းသည်။တစ်ဆယ့်နှစ်ဦးကို ရွေးချယ်ခဲ့၏။
16ထိုသာဝကတစ်ဆယ့်နှစ်ဦးမှာ ပေတရုဟု ကိုယ်တော်အမည်သစ်ပေးထားသော ရှိမုန်၊ 17မိုးကြိုး၏သားများဟုအဓိပ္ပါယ်ရသော ဗောနေရဂက်ဟု ကိုယ်တော်အမည်ပေးထားသည့် ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် ယောဟန်၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် 19နောင်တစ်ချိန်တွင် ကိုယ်တော်ယေရှုအား သစ္စာဖောက်သောသူ ယုဒရှကာရုတ်တို့ဖြစ်ကြသည်။
ဆန့်ကျင်ကွဲပြားခြင်း
(မ၊ ၁၂:၂၂-၃၂။ လု၊ ၁၁:၁၄-၂၃၊ ၁၂:၁၀)
20ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် အိမ်တစ်အိမ်သို့ ရောက်ရှိလာစဉ် များစွာသောလူထုပရိသတ်တို့သည်လည်း တဖန်စုဝေးရောက်ရှိလာကြသောကြောင့် သူတို့သည် အစားအစာကိုပင် မသုံးဆောင်နိုင်ကြတော့ပေ။ 21ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည် ကိုယ်တော်ပြုတော်မူသည့်အခြင်းအရာတို့ကို ကြားသိကြသောအခါ ကိုယ်တော်အား ရူးသွပ်နေပြီဟုထင်ကြသဖြင့် ကိုယ်တော့်ကို အိမ်သို့ပြန်ခေါ်သွားကြရန် ထွက်လာကြ၏။
22ထို့ပြင် ဂျေရုဆလင်မြို့မှလာသော ကျမ်းတတ်ဆရာများကလည်း ကိုယ်တော်သည် မကောင်းဆိုးဝါးတို့၏ဘုရင် ဗေလဇေဗုလ#3:22 ဗေလဇေဗုလ မာရ်နတ်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။၏ဩဇာခံဖြစ်ပြီး ဗေလဇေဗုလကိုအမှီပြု၍ မကောင်းဆိုးဝါးများအား နှင်ထုတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြလေ၏။
23ထိုအခါ ကိုယ်တော်က ထိုသူတို့ကို ခေါ်၍ ပုံဥပမာဖြင့် မိန့်တော်မူသည်မှာ “မာရ်နတ်သည် မာရ်နတ်ကို မည်ကဲ့သို့ နှင်ထုတ်မည်နည်း။ 24နိုင်ငံတစ်နိုင်ငံ၌ ရှိသောသူတို့သည် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည် တည်တံ့နိုင်မည်မဟုတ်။ 25မိသားစုတစ်စုရှိ လူတို့သည်လည်း အချင်းချင်း ဆန့်ကျင်ကွဲပြားနေလျှင် ထိုမိသားစုသည် ပြိုကွဲရလိမ့်မည်။ 26ထိုနည်းတူစွာ မာရ်နတ်သည်လည်း မိမိကိုယ်ကို ဆန့်ကျင်၍ ကွဲပြားနေလျှင် သူသည်လည်း မတည်တံ့နိုင်ဘဲ အဆုံးသတ်ရလိမ့်မည်။ 27သန်မာသောလူတစ်ဦး၏အိမ်ကို မည်သူမျှ လွယ်ကူစွာ ဝင်ရောက်လုယူနိုင်မည်မဟုတ်။ ရှေ့ဦးစွာ ထိုသူကို ချုပ်နှောင်ထားပြီးမှသာ ထိုသူပိုင်သောအရာတို့ကို လုယူနိုင်မည်ဖြစ်၏။ 28သင်တို့အား ငါအမှန်ဆိုသည်ကား၊ လူတို့သည် ပြုသမျှသောအပြစ်အမျိုးမျိုးသာမက ဘုရားရှင်ကို ပြစ်မှားစော်ကားသောအပြစ်တို့မှပင်လျင် ခွင့်လွှတ်ခြင်းကို ရနိုင်ကြ၏။ 29သို့သော် ဉာဏ်အလင်းတော်ကို ပြစ်မှားစော်ကားသောသူသည်ကား မည်သို့သောအခါမျှ ခွင့်လွှတ်ခြင်းရမည်မဟုတ်ဘဲ ထာဝရအပြစ်ဒဏ်သင့်သောသူဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
30ထိုကဲ့သို့ မိန့်ဆိုရခြင်းမှာ “ထိုသူ၌ မကောင်းဆိုးဝါး ပူးကပ်နေခြင်းဖြစ်သည်” ဟုကိုယ်တော်အား ပြောဆိုနေကြသောကြောင့်ဖြစ်၏။
စစ်မှန်သော မိသားစု
(မ၊ ၁၂:၄၆-၅၀။ လု၊ ၈:၁၉-၂၁)
31ထို့နောက် ကိုယ်တော်၏မိခင်နှင့်ညီအစ်ကိုတို့ ရောက်ရှိလာကြကာ အပြင်ဘက်၌စောင့်နေကြပြီး ကိုယ်တော်အား ထွက်လာရန် လူတစ်ယောက်ကို သတင်းပါးစေလိုက်၏။ 32ကိုယ်တော်၏အနားတွင် ထိုင်နေကြသောသူတို့က ကိုယ်တော်အား “ကိုယ်တော်၏မိခင်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော့်အား ဆုံတွေ့လိုသဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းလျက်ရှိပါ၏” ဟုလျှောက်တင်ကြသောအခါ
33ကိုယ်တော်က “ငါ၏မိခင်နှင့် ညီအစ်ကိုများဆိုသည်ကား အဘယ်သူနည်း” ဟုမေးခွန်းမေးပြီးနောက်
34သူ၏ဘေးပတ်လည်တွင် ထိုင်နေကြသော လူအပေါင်းတို့အား ကြည့်ရှု၍ “ကြည့်ကြလော့။ ဤနေရာ၌ရှိနေသောသူတို့သည် ငါ၏မိခင်နှင့် ညီအစ်ကိုများပေတည်း။ 35အကြောင်းမူကား ဘုရားရှင်၏အလိုတော်ကို လိုက်နာဆောင်ရွက်ကြသောသူတိုင်းသည် ငါ၏မိခင်၊ ညီအစ်ကိုမောင်နှမများပင်ဖြစ်ကြ၏” ဟုမိန့်တော်မူလေ၏။
Currently Selected:
ရှင်မာကု 3: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: