မဿဲ 19
19
ကွာရှင်းခြင်းအကြောင်း သွန်သင်ခြင်း
1ကိုယ်တော်ယေရှုသည် ထိုအကြောင်းအရာများအား ဟောပြောသွန်သင်ဆုံးမပြီးသောအခါ ဂါလိလဲပြည်မှထွက်ခွာပြီး ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒပြည်သို့ကြွတော်မူ၏။ 2များစွာသောလူထုပရိသတ်ကြီးသည်လည်း ကိုယ်တော့်နောက်သို့လိုက်ပါလာကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ ဖျားနာနေသောသူများအား ကျန်းမာစေတော်မူ၏။
3ထို့နောက် ဖာရိရှဲအချို့သည် ကိုယ်တော့်ထံသို့ ရောက်လာ၍ ကိုယ်တော့်အား စမ်းသပ်လိုကြသဖြင့် “လင်ယောကျ်ားတစ်ဦးသည် သူ့၏ဇနီးမယားကို မည်သည့်အကြောင်းကြောင့်မဆို ကွာရှင်းခြင်းသည် ပညတ်တရားနှင့်ညီပါသလော” ဟုမေးလျှောက်လေ၏။
4ကိုယ်တော်ကလည်း “သင်တို့သည် ‘ကမ္ဘာဦးအစ၌ ဘုရားရှင်သည် လူယောကျ်ားနှင့်မိန်းမကိုဖန်ဆင်းတော်မူ၏။ 5ထိုအကြောင်းကြောင့် ယောကျ်ားသည် သူ၏ဖခင်နှင့်မိခင်ကို စွန့်ခွာ၍ သူ၏ဇနီးမယားနှင့် အတူတကွ ပေါင်းဖက်နေထိုင်ရပြီး သူတို့နှစ်ဦးသည် ခန္ဓာကိုယ်တစ်ခုထဲအနေဖြင့် ပူးပေါင်းသွားကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးသားထားသည်ကို မဖတ်ဖူးကြသလော။ 6ထို့ကြောင့် သူတို့သည် လူနှစ်ဦးမဟုတ်ဘဲ တစ်ဦးထဲအဖြစ်ကို ရောက်ရှိသွားကြခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားရှင် တွဲဖက်ပေးထားသည့်လူတို့သည် တစ်ဦးနှင့်တစ်ဦးကွဲကွာအောင် မည်သူကမျှ မလုပ်သင့်” ဟု မိန့်တော်မူ၏။
7ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော့်အား “ဤသို့ဆိုလျှင် ယောကျ်ားဖြစ်သူသည် မိမိဇနီးမယားကို ကွာရှင်းစာချုပ်ပေးပြီး သူမအားကွာရှင်းနိုင်သည်ဟု အဘယ်ကြောင့်ပညတ်တော်ရှိခဲ့သနည်း” ဟုမေးလျှောက်ကြလေသည်။
8ကိုယ်တော်ကလည်း သူတို့အား “အကြောင်းမူကား သင်တို့၏စိတ်နှလုံးသည် မာကျောသည့်အတွက် မောရှေက သင်တို့၏ဇနီးမယားကို ကွာရှင်းနိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်၏။ သို့သော် အစဦး၌ ထိုသို့မဟုတ်ပေ။ 9ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား လင်ယောကျ်ားသည် သူ၏ဇနီးမယားကို အိမ်ထောင်ရေးဖောက်ပြန်သည့်အတွက်ကြောင့်မဟုတ်ဘဲ ကွာရှင်းပြီး နောက်မိန်းမတစ်ယောက်ကို လက်ထပ်လိုက်လျှင် ထိုယောကျ်ားသည် အိမ်ထောင်ရေးဖောက်ပြန်ရာရောက်၏။ ကွာရှင်းထားသောမိန်းမနှင့် လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာရောက်၏” ဟုမိန့်တော်မူလေ၏။
10တပည့်တော်တို့ကလည်း “ဤသို့ဆိုလျှင် အိမ်ထောင်မပြုခြင်းက သာ၍ကောင်းပါ၏” ဟုပြောဆိုကြလေ၏။
11သို့သော် ကိုယ်တော်သည် တပည့်တော်တို့အား “သင်တို့၏စကားကို လူတိုင်းလက်ခံနိုင်ကြမည်မဟုတ်။ ဘုရားရှင်သည် ထိုလုပ်နိုင်စွမ်းကို ပေးထားသောလူတို့ကပင် လက်ခံနိုင်ကြမည်ဖြစ်၏။ 12လူအချို့သည် အမိဝမ်းထဲမှာကတည်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးဖွားလာကြတယ်။ အချို့ကလည်း လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိ၏။ အချို့ကလည်း ရွှေမြို့တော်၏သာသနာတော်အတွက် မိမိ၏အိမ်ထောင်ပြုနိုင်စွမ်းကို မိမိကိုယ်တိုင် စွန့်လွှတ်လိုက်ခြင်းများသည်လည်းရှိ၏။ ဤအရာကို ခံယူနိုင်ကြသောသူတို့ လက်ခံကြပါစေ” ဟုမိန့်တော်မူ၏။
ကလေးသူငယ်များကို ကောင်းချီးပေးခြင်း
13ထို့နောက်တွင် မိဘအချို့သည် မိမိတို့၏ကလေးငယ်များအပေါ်၌ ကိုယ်တော်၏လက်တော်ကိုတင်၍ ဆုတောင်းပေးရန် ကလေးငယ်များအား ခေါ်ဆောင်လာကြလေ၏။ သို့သော် တပည့်တော်တို့က သူတို့ကို ဆူငေါက်ကြ၏။ 14ထိုအခါ ကိုယ်တော်က “ကလေးငယ်တို့ကို ငါ့ထံသို့ လာခွင့်ပြုလော့။ သူတို့ကို မတားမြစ်နှင့်။ အကြောင်းမူကား ရွှေမြို့တော်၏သာသနာတော်သည် ကလေးငယ်များနှင့်တူသည့် လူတို့နှင့်သာ သက်ဆိုင်သောကြောင့်ဖြစ်သည်” ဟုမိန့်တော်မူပြီးနောက် 15ကိုယ်တော်သည် ကလေးငယ်များ၏ကိုယ်ပေါ်၌ လက်တင်၍ ဆုတောင်းပေးပြီးနောက် ထိုနေရာမှထွက်ခွာတော်မူ၏။
ချမ်းသာသောလူငယ်
16ထို့နောက် လူတစ်ဦးသည် ကိုယ်တော်ထံသို့ ချဉ်းကပ်လာပြီး “ဆရာ၊ နိစ္စထာဝရအသက်ကိုရရန်အတွက် မည်သည့်ကောင်းမြတ်သောအမှုကိစ္စများကို လုပ်ဆောင်ရပါမည်နည်း” ဟုမေးလျှောက်လေသည်။
17ထိုအခါ ကိုယ်တော်က ထိုသူအား “သင်သည် ငါ့အား မည်သည်က ကောင်းမြတ်သနည်းဟု အဘယ်ကြောင့်မေးရသနည်း။ ဘုရားရှင်တစ်ပါးတည်းသာ ကောင်းမြတ်ပေ၏။ သင်သည် နိစ္စထာဝရအသက်ကို ရလိုလျှင် ပညတ်တရားများကို စောင့်ထိန်းလော့” ဟုမိန့်တော်မူ၏။
18ထိုအခါ ထိုသူကလည်း “မည်သို့သော ပညတ်တရားများဖြစ်ပါသနည်း” ဟုမေးလျှောက်သော် ကိုယ်တော်က “လူမသတ်ရ၊ အိမ်ထောင်ရေးမဖောက်ပြန်ရ၊ မခိုးရ၊ မမှန်သောစကားကို သက်သေထွက်ဆိုခြင်းမပြုရ၊ 19ဖခင်နှင့်မိခင်တို့အား ရိုသေကြ၊ အိမ်နီးချင်းကို မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခင်ကြလော့” ဟုမိန့်တော်မူ၏။ 20ထိုအခါ ထိုသူက “အကျွန်ုပ်သည် ဤပညတ်တော်များအားလုံးကို စောင့်ထိန်းပါပြီ။ မည်သည့်အရာ လိုပါသေးသနည်း” ဟုမေးလျှောက်သဖြင့် 21ကိုယ်တော်က “သင်ပိုင်ဆိုင်သမျှတို့ကို ရောင်းချ၍ ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် သင်သည် ရွှေမြို့တော်တွင် ဥစ္စာဘဏ္ဍာကို ရရှိမည်ဖြစ်၏။ ထို့နောက် ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ 22သို့သော် ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကို ကြားသောအခါ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ထွက်သွားလေ၏။
ချမ်းသာသောသူနှင့် ဘုရားရှင်သာသနာတော်
23ထို့နောက် ကိုယ်တော်ယေရှုက တပည့်တော်တို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား ချမ်းသာသောသူသည် ရွှေမြို့တော်၏သာသနာတော်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲကြ၏။ 24တဖန်သင်တို့အား ငါဆိုသည်ကား ချမ်းသာသောသူတို့သည် ဘုရားရှင်၏သာသနာတော်ထဲသို့ ဝင်ရောက်ရန်ထက် ကုလားအုတ်တစ်ကောင်သည် အပ်နဖားပေါက်ထဲသို့ ဝင်သည်ကမှ ပို၍လွယ်ကူလိမ့်မည်” ဟုမိန့်တော်မူ၏။
25တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့ဩလျက် “ဤသို့ဆိုလျှင် မည်သူသည် ကယ်တင်ခြင်းကို ခံရနိုင်ပါမည်နည်း” ဟုပြောဆိုကြလေ၏။
26ထိုအခါ ကိုယ်တော်ယေရှုသည် သူတို့အား စူးစိုက်ကြည့်ရှုလျက် “ထိုအရာတို့သည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားရှင်အတွက်မှာမူ အရာအားလုံးသည် ဖြစ်နိုင်၏” ဟုမိန့်တော်မူလေ၏။
27ထို့နောက် ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှအားလုံးကို စွန့်လွှတ်၍ ကိုယ်တော့်နောက်သို့ လိုက်ခဲ့ပါ၏။ ထို့ကြောင့် မည်သည့်အရာများကို အကျွန်ုပ်တို့ လက်ခံရရှိမည်နည်း” ဟုမေးလျှောက်ကြ၏။
28ထိုအခါ ကိုယ်တော်သည် “သင်တို့အား ငါအမှန်ဆိုသည်ကား ရောက်ရှိလာတော့မည့်ကမ္ဘာလောကအသစ်တွင် ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည် မိမိ၏ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသောပလ္လင်ပေါ်တွင် ထိုင်တော်မူသောအခါ ငါ၏နောက်သို့ လိုက်ပါကြသည့်သင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်တွင် ထိုင်၍ အစ္စရေးမျိုးနွယ်စုဆယ့်နှစ်စုအား အုပ်ချုပ်ကြရမည်ဖြစ်၏။ 29ငါ၏အမည်နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမတွေကိုဖြစ်စေ၊ ဖခင်နှင့်မိခင်ကိုဖြစ်စေ စွန့်လွှတ်သောသူတိုင်းသည် နိစ္စထာဝရအသက်ကို လက်ခံရရှိရုံသာမက မိမိစွန့်လွှတ်ခဲ့သည့်အရာများထက် အဆတစ်ရာပိုပြီး လက်ခံရရှိကြလိမ့်မည်။ 30သို့သော် ယခုအချိန်၌ ကြီးမြတ်နေသောလူတို့သည် နှိမ့်ချခံရမည်ဖြစ်ပြီး ယခုနှိမ့်ချကြသောလူတို့သည် ကြီးမြတ်ခြင်းကိုရကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။
Currently Selected:
မဿဲ 19: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: