မဿဲ 18
18
မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း
1ထိုအချိန်တွင် တပည့်တော်တို့သည် ကိုယ်တော်ယေရှုအနီးသို့လာ၍ “ရွှေမြို့တော်၏သာသနာတော်တွင် မည်သူကအကြီးမြတ်ဆုံးဖြစ်ပါသနည်း” ဟုမေးလျှောက်ကြလေ၏။
2ထိုအခါ ကိုယ်တော်ယေရှုသည် ကလေးငယ်တစ်ဦးကို ခေါ်၍ သူတို့၏အလယ်၌ရပ်စေပြီး 3“သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် ဤကလေးငယ်ကဲ့သို့မဖြစ်လျှင် ရွှေမြို့တော်၏သာသနာတော်ကို မည်သည့်အခါမှ ဝင်ရောက်နိုင်မည်မဟုတ်။ 4ထို့ကြောင့် ဤကလေးငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ရွှေမြို့တော်၏သာသနာတော်တွင် အကြီးမြတ်ဆုံးဖြစ်၏။ 5ငါ့၏အမည်နာမကြောင့် ဤကလေးငယ်ကိုလက်ခံသောသူသည် ငါ့ကိုယုံကြည်လက်ခံသောသူဖြစ်၏။ 6သို့သော် ငါ့ကိုယုံကြည်လက်ခံသော ဤကလေးသူငယ်များထဲမှ တစ်ယောက်ယောက်ကို အပြစ်လုပ်မိသောသူသည် ကြီးမားသောကျောက်တုံးကို လည်ပင်းမှာဆွဲ၍ပင်လယ်ထဲသို့ ပစ်ချခံရခြင်းသည်သာ ပို၍ကောင်းပေလိမ့်မည်။ 7လူတို့အား သူတို့၏ယုံကြည်မှုပျက်ပြားစေရန် လုပ်ဆောင်သည့်အရာများရှိနေသော ဤကမ္ဘာမြေကြီးသည် အလွန်ပင်ဆိုးဝါး၏။ ဤသို့သောအရာများက အမြဲတမ်းဖြစ်ပျက်နေဦးမည်ဖြစ်သော်လည်း ထိုအရာများကို ကျူးလွန်စေသောလူတို့သည် အလွန်ပင်ဆိုးဝါးလှ၏။ 8အကယ်၍ သင်၏ခြေ၊ သို့မဟုတ် လက်သည် အပြစ်ကျူးလွန်ခဲ့သည်ဆိုလျှင် ထိုခြေလက်များအား ဖြတ်ထုတ်လော့။ အကြောင်းမူကား ခြေလက်ပြတ်ပြီး အသက်ရှင်ရခြင်းသည် ခြေလက်အစုံနှင့် အဆုံးမဲ့မီးလျှံထဲသို့ ကျခံရသည်ထက် ပို၍ကောင်းသည့်အတွက်ကြောင့်ဖြစ်၏။ 9ထိုအပြင် သင်၏မျက်လုံးသည် သင့်ကိုအပြစ်ကျူးလွန်စေလျှင် ထိုမျက်လုံးအား ဖောက်ထုတ်လော့။ မျက်လုံးအစုံနှင့်အဆုံးမဲ့မီးထဲသို့ ပစ်ချခံရခြင်းထက် မျက်လုံးတစ်လုံးနှင့်အသက်ရှင်ရခြင်းသည် သင့်အတွက်ပို၍ကောင်း၏။
ပျောက်ဆုံးသောသိုး ပုံဥပမာ
10သင်တို့သည် ဤကဲ့သို့သော ကလေးငယ်များထဲမှ တစ်ယောက်ယောက်ကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ရွှေမြို့တော်၌ရှိသော နတ်ဒေဝါများသည် ရွှေမြို့တော်တွင်ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။ 11အမှန်စင်စစ် လူ့သားတော်သည် ပျောက်ဆုံးသွားသောသူတို့ကို ကယ်တင်ရန်ကြွလာခြင်းဖြစ်၏။
12လူတစ်ဦးတွင် သိုးအကောင်တစ်ရာရှိပြီး ထိုသိုးများထဲမှတစ်ကောင် ပျောက်သွားလျှင် သူသည် မည်သို့လုပ်ဆောင်မည်ဟု သင်တို့ထင်သနည်း။ သူသည် သိုးကိုးဆယ့်ကိုးကောင်ကို တောင်ကုန်းပေါ်တွင် ထားခဲ့ပြီး ပျောက်ဆုံးသွားသော သိုးတစ်ကောင်ကို သွားရောက်ရှာဖွေမည်ဖြစ်၏။ 13သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် သိုးကိုးဆယ့်ကိုးကောင်ထက် ပျောက်ဆုံးသွားသော သိုးတစ်ကောင်ကို ပြန်ရှာတွေ့သောအခါ ပို၍ဝမ်းသာမည်ပင်ဖြစ်၏။ 14ထိုနည်းတူပင် ရွှေမြို့တော်တွင်ရှိတော်မူသော သင်တို့အဖဘုရားရှင်သည် ဤကလေးငယ်များထဲကတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုမရှိပေ။
ညီအကိုတို့ကို ပဲ့ပြင်တည့်မတ်ပေးခြင်း
15အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားခဲ့လျှင် သူ့ထံသို့သွား၍ သူ့အမှားကို နှစ်ကိုယ်ကြားသာ ထောက်ပြလော့။ သူသည် သင်၏စကားကို နားထောင်လျှင် သင်တို့သည်ပြန်လည် သင့်မြတ်ပြီဖြစ်၏။ 16သို့သော် သူသည် နားမထောင်လျှင် လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သက်သေအဖြစ် ခေါ်သွား၍ ရှင်းပြလော့။ အမှုကိစ္စတိုင်းကို လူနှစ်ယောက် သို့မဟုတ် သုံးယောက်၏သက်သေခံချက်နှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ်၏။ 17အကယ်၍ သူသည် ထိုသူတို့ကိုငြင်းဆိုလျှင် အသင်းတော်ကို ပြောပြကြလော့။ အကယ်၍ သူသည် အသင်းတော်ကို ထပ်မံငြင်းဆိုလျှင် ထိုသူကို အယုံအကြည်လွဲမှားသူ သို့မဟုတ် ဖြောင့်မတ်ခြင်းမရှိသော အခွန်ကောက်သမားများအား ဆက်ဆံသကဲ့သို့ ဆက်ဆံနိုင်၏။
18သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ကို ကမ္ဘာမြေကြီးပေါ်တွင် ချည်နှောင်ထားသည့်အရာများသည် ရွှေမြို့တော်တွင်လည်း ချည်နှောင်ခြင်းခံရမည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်တွင် ဖြေလွှတ်ခဲ့သမျှတို့သည် ရွှေမြို့တော်မှာဖြေလွှတ်ခြင်းကို ခံကြရမည်ဖြစ်၏။
19ထို့နောက် သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာမြေကြီးပေါ်တွင် သင်တို့တွင် လူနှစ်ဦးသည် သဘောတူညီ၍ ဆုတောင်းကြလျှင် သူတို့တောင်းသမျှကို ရွှေမြို့တော်မှာရှိတော်မူသော ငါ၏အဖဘုရားရှင်သည် သူတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်၏။ 20အကြောင်းမူကား ငါ၏အမည်နာမကို အမှီပြု၍ လူနှစ်ဦး သို့မဟုတ် သုံးဦးစုဝေးကြသောအခါ ငါသည်သူတို့နှင့်အတူ ရှိတော်မူမည်ဖြစ်၏” ဟုမိန့်တော်မူ၏။
ခွင့်မလွှတ်သောအစေခံ ပုံဥပမာ
21ထိုအခါ ပေတရုသည် ကိုယ်တော်ယေရှုထံသို့လာ၍ “အရှင်၊ အကျွန်ုပ်ကိုပြစ်မှားသော ညီအစ်ကို၊ မောင်နှမတို့ကို အကြိမ်မည်မျှခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော” ဟုလျှောက်လေ၏။
22ကိုယ်တော်ကလည်း “ခုနှစ်ကြိမ်မဟုတ်။ ခုနှစ်ဆယ့်ခုနှစ်ကြိမ်တိုင်တိုင် ခွင့်လွှတ်ရမည်” ဟုပြန်လည်မိန့်ဆိုလေ၏။
23ထို့နောက် ကိုယ်တော်က “ရွှေမြို့တော်၏သာသနာတော်သည် မိမိအစေခံတို့၏စာရင်းကို စစ်ဆေးလိုသည့်ဘုရင်တစ်ပါးနှင့်တူ၏။ 24သူသည် စာရင်းစတင်စစ်ဆေးသောအခါ ရွှေဒင်္ဂါးတစ်သောင်းအကြွေးတင်နေသောသူတစ်ဦးကို ရှေ့တော်သို့ ခေါ်ဆောင်စေ၏။ 25သို့သော် ထိုအစေခံသည် အကြွေးမဆပ်နိုင်သည့်အတွက် ဘုရင်သည် ထိုသူအား သူ၏သားမယားနှင့်သူပိုင်ဆိုင်သောအရာအားလုံးကို ရောင်းချပြီးအကြွေးဆပ်ရန် အမိန့်ချလေ၏။
26ထိုအခါ အစေခံသည် ဘုရင်၏ရှေ့တွင် ဒူးထောက်၍ ‘အကျွန်ုပ်ကို သည်းခံတော်မူပါ။ အကြွေးရှိသမျှကို ပြန်ဆပ်ပါမည်’ ဟူ၍တောင်းလျှောက်လေ၏။ 27ဘုရင်သည် သနားကြင်နာစိတ်ရှိသည့်အတွက် ရှိသမျှအကြွေးများကို လျှော်ပစ်ကာ သူ့အား သွားခွင့်ပေးလိုက်လေ၏။
28သို့သော် ထိုအစေခံသည် ထိုနေရာမှထွက်သွားပြီးသောအခါ သူ့ထံတွင် ငွေဒင်္ဂါးအပြားတစ်ရာအကြွေးတင်နေသည့် အခြားအစေခံတစ်ဦးကို မြင်သော် သူ့အားဖမ်းဆီး၍ လည်ပင်းကိုညှစ်ကာ ‘သင်ယူထားသည့်အကြွေးကို ပြန်ဆပ်ပါ’ ဟုပြောဆို၏။
29ထိုအစေခံသည်လည်း ဒူးထောက်၍ ‘အကျွန်ုပ်အား သည်းခံပါ။ သင်၏အကြွေးကို ပြန်ဆပ်ပါမည်’ ဆိုကာတောင်းပန်လေ၏။ 30သို့သော် သူသည် လက်မခံဘဲ ထိုအစေခံကို သူယူထားသည့်အကြွေးများပြန်ဆပ်နိုင်သည့်အထိ ထောင်ထဲ၌ ထည့်ထား၏။ 31အခြားအစေခံတစ်ဦးသည် ဤသည်ကို မြင်သောအခါ လွန်စွာစိတ်ပျက်၍ ဘုရင်ထံသို့ သွား၍ ဖြစ်ပျက်သမျှကို လျှောက်တင်လေ၏။
32ထိုအခါတွင် ဘုရင်သည် ထိုဆိုးညစ်သောအစေခံကိုခေါ်စေ၍ ‘အကျင့်ပျက်ဆိုးညစ်သောအစေခံ၊ သင်သည် ငါ့ကိုတောင်းပန်သည့်အတွက်ကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါသည်လျှော်ပစ်ခဲ့၏။ 33ငါသည်သင့်အပေါ် သနားကြင်နာသကဲ့သို့ သင်သည် အစေခံအချင်းချင်းအပေါ်မှာလည်း သနားကြင်နာသင့်၏’ ဟု ပြောဆိုလေ၏။ 34ထို့နောက် ဘုရင်သည် အမျက်ဒေါသထွက်၍ အကြွေးရှိသမျှကို ပြန်ဆပ်သည့်အထိ သူ့အားအကျဉ်းချပြီး အပြစ်ပေးလေ၏။
35သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးသားထဲမှ ခွင့်မလွှတ်လျှင် ရွှေမြို့တော်၌ရှိတော်မူသော အဖဘုရားရှင်သည်လည်း သင်တို့ကို ထိုနည်းအတိုင်းပင် ပြုတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 18: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: