မဿဲ 20
20
စပျစ်ခြံအလုပ်သမား ပုံဥပမာ
1ထို့နောက် ကိုယ်တော်ယေရှုက ဆက်လက်၍ “ရွှေမြို့တော်၏သာသနာတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရမ်းရန် နံနက်စောစော ထွက်သွားသောခြံပိုင်ရှင်နှင့်တူ၏။ 2ခြံပိုင်ရှင်က အလုပ်သမားများအား တစ်နေ့တာလုပ်အားခအဖြစ် ငွေဒင်္ဂါးတစ်ပြားနှုန်းနှင့်သဘောတူပြီး ငှားရမ်းကာ မိမိ၏စပျစ်ခြံသို့ စေလွှတ်လိုက်၏။
3ခြံပိုင်ရှင်သည် နံနက်ကိုးနာရီအချိန်လောက်တွင် အပြင်သို့ထွက်၍ ဈေးအရပ်၌ လူအချို့သည် အလုပ်အကိုင်မရှိကြသည်ကို မြင်သော် 4ထိုသူတို့အား ‘သင်တို့လည်း အကျွန်ုပ်၏စပျစ်ခြံတွင် သွား၍အလုပ်လုပ်ကြလော့။ ထိုက်သင့်သောလုပ်အားခကို သင်တို့ကိုပေးမည်’ ဟုဆိုသဖြင့် ထိုသူတို့လည်း စပျစ်ခြံရှိရာသို့ ထွက်ခွာသွားကြ၏။
5တဖန် ခြံပိုင်ရှင်သည် မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီခန့်၌လည်း ထွက်သွား၍ ထိုနည်းတူပြုလေ၏။ 6ညနေငါးနာရီခန့်တွင်လည်း ထွက်၍ အခြားသောသူတို့သည် အလုပ်မရှိသဖြင့် ရပ်နေကြသည်ကို ထပ်၍မြင်သော် ‘အဘယ်ကြောင့် တစ်နေကုန် အလုပ်မလုပ်ဘဲ ဤနေရာတွင် ရပ်နေကြသနည်း’ ဟုမေးလေ၏။
7ထိုသူတို့ကလည်း ‘ကျွန်ုပ်တို့ကို မည်သူမျှ မငှားရမ်းကြသောကြောင့်ဖြစ်ပါသည်’ ဟုပြန်ဖြေကြသောအခါ ခြံပိုင်ရှင်က ‘သင်တို့သည်လည်း ငါ၏စပျစ်ခြံကို သွား၍ အလုပ်လုပ်ကြလော့’ ဟုဆိုလေ၏။
8ညနေချမ်းချိန်သို့ ရောက်လာသောအခါ စပျစ်ခြံပိုင်ရှင်သည် မိမိ၏လက်ထောက်အား ‘အလုပ်သမားတို့ကို ခေါ်၍ နောက်ဆုံးမှ အလုပ်လာလုပ်သောသူမှစ၍ အဦးဆုံးအလုပ်စလုပ်သောသူတို့အထိ လုပ်အားခကို ပေးချေလော့’ ဟုဆိုလေ၏။
9ဤသို့ဖြင့် ညနေငါးနာရီအချိန်ခန့်က ငှါးရမ်းထားသောသူတို့သည် လာ၍ ငွေဒင်္ဂါးတစ်ပြားစီရကြ၏။ 10ထိုအခါ ပထမဦးဆုံးငှါးထားသောသူတို့သည် အစောဆုံးလာသည့်အတွက် သူတို့သည်ပိုရကြလိမ့်မည်ဟု ထင်မှတ်ကြ၏။ သို့သော် သူတို့သည်လည်း ငွေဒင်္ဂါးတစ်ပြားစီသာ ရကြ၏။ 11ငွေဒင်္ဂါးတစ်ပြားစီသာ ရကြသည့်အတွက် ထိုသူတို့က ခြံပိုင်ရှင်အား ဤသို့ ဇောဒကတက်ကြ၏။ 12‘နောက်ဆုံးမှလာသောသူတို့သည် တစ်နာရီလောက်သာ အလုပ်လုပ်ကြရသော်လည်း တစ်နေကုန်အပင်ပန်းခံလုပ်ရသော အကျွန်ုပ်တို့နှင့်တန်းတူလုပ်အားခကို ရရှိကြ၏’ ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
13သို့သော် ခြံပိုင်ရှင်သည် သူတို့အထဲမှ အလုပ်သမားတစ်ဦးအား ‘မိတ်ဆွေ၊ အကျွန်ုပ်သည် သင်တို့အပေါ် မတရားပြုခြင်းမဟုတ်။ တစ်နေ့တာလုပ်အားခအတွက် ငွေဒင်္ဂါးတစ်ပြားနှင့်သဘောတူထားခဲ့သည်မဟုတ်လော။ 14သင်တို့၏လုပ်အားခကို ယူ၍သွားကြလော့။ သင်တို့ကို အကျွန်ုပ်ပေးသကဲ့သို့ နောက်ဆုံးမှလာသောသူတို့ကိုလည်း အကျွန်ုပ်ပေးလို၏။ 15အကျွန်ုပ်၏ငွေနှင့် အကျွန်ုပ်ဆန္ဒရှိသည်ကို လုပ်ပိုင်ခွင့်ရှိသည် မဟုတ်လော။ သို့မဟုတ် အကျွန်ုပ် ရက်ရောစွာပေးကမ်းသည်ကို သင်တို့သည် မနာလိုဖြစ်နေကြသလော’ ဟုဆိုလေ၏။
16ထိုနည်းတူပင် နောက်ဆုံးဖြစ်သောသူတို့သည် ပထမဦးဆုံးဖြစ်ကြရပြီး ပထမဦးဆုံးဖြစ်သောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။
မိမိ၏သေခြင်းအကြောင်းကို တတိယအကြိမ်ကြိုတင်မိန့်ဆိုခြင်း
17ထို့နောက် ကိုယ်တော်ယေရှုသည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကို သီးသန့်ခေါ်ယူ၍ 18“နားထောင်ကြလော့၊ ယခုငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြခြင်းဖြစ်၏။ လူ့သားတော်သည် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများထံ ဖမ်းဆီးပြီးအပ်နှံခြင်းခံရမည်ဖြစ်၏။ 19သူတို့သည် လူ့သားတော်ကို လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ ကြာပွတ်နှင့်ရိုက်နှက်ခြင်း၊ လက်အား သံနှင့်ရိုက်၍ လက်ဝါးကပ်တိုင်ပေါ်ကိုတင်ကာ သေဒဏ်ပေးပြီး လူမျိုးခြားတို့၏လက်သို့ အပ်နှံကြမည်ဖြစ်၏။ သို့သော် သူသည် သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်လိမ့်မည်” ဟုမိန့်တော်မူ၏။
မိခင်တစ်ဦး၏တောင်းဆိုချက်
20ထို့နောက် ဇေဗေဒဲ၏ဇနီးဖြစ်သူသည် သားဖြစ်သူ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ကိုယ်တော်ယေရှုအနီးသို့ချဉ်းကပ်၍ ဒူးထောက်ကာ တစ်စုံတစ်ခုကို တောင်းလျှောက်ဟန်ပြင်သဖြင့် 21ကိုယ်တော်ကလည်း “သင်မည်သည်ကိုအလိုရှိပါသနည်း” ဟုမေးတော်မူလျှင် သူမက “ကိုယ်တော်သည် ရွှေမြို့တော်၌ ဘုန်းတန်ခိုးတော်နှင့် အုပ်စိုးမည့်အချိန်၌ အကျွန်ုပ်၏သားနှစ်ဦးကို ကိုယ်တော်၏လက်ဝဲဘက်တွင်တစ်ယောက် လက်ယာဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ” ဟုတောင်းလျှောက်လေ၏။ 22ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့သည် မည်သည့်အရာကို တောင်းဆိုနေကြသနည်းဆိုသည်ကို သင်တို့မသိကြ။ ငါခံယူရမည့် ဒုက္ခဆင်းရဲအပေါင်းတို့ကို သင်တို့ခံယူနိုင်ကြသလော” ဟုမေးတော်မူလျှင် “ကျွန်ုပ်တို့ ခံယူနိုင်ပါ၏” ဟုပြန်ဖြေကြလေသည်။ 23ကိုယ်တော်ယေရှုကလည်း “ငါခံယူရမည့်ဆင်းရဲဒုက္ခအပေါင်းတို့အတိုင်း သင်တို့သည်လည်းခံယူနိုင်သည်ဆိုသည်မှာ မှန်ပါ၏။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲဘက်တို့တွင် ထိုင်ရသည့်အခွင့်အား ငါပေးသည်မဟုတ်။ ထိုနေရာသည် အဖဘုရားရှင်ပြင်ဆင်ပေးတော်မူသောသူများအတွက်သာဖြစ်သည်” ဟုမိန့်တော်မူလေ၏။
24တပည့်တော်ဆယ်ဦးတို့သည် ထိုအကြောင်းအရာအား ကြားသိကြသောအခါ ယာကုပ်နှင့်ယောဟန်ကို စိတ်ဆိုးကြ၏။ 25သို့သော် ကိုယ်တော်က သူတို့ကိုခေါ်ယူပြီး “တိုင်းတစ်ပါးသားလူမျိုးခြားတို့သည် မိမိတို့၏တိုင်းသူပြည်သားများအား အုပ်ချုပ်သည့်အခါ အမိန့်အာဏာကိုသုံး၍ အုပ်ချုပ်တတ်ကြသည်ကို သင်တို့သိကြပြီးပြီဖြစ်၏။ 26သို့သော် သင်တို့သည်ကား ထိုကဲ့သို့ မပြုလုပ်သင့်။ သင်တို့ထဲတွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အစေခံကဲ့သို့ နှိမ့်ချပြီးနေရမည်။ 27အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးသည် ဘုရားရှင်၏သာသနာတော်တွင် အရေးကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်လိုလျှင် လူတိုင်း၏အစေခံကဲ့သို့ ပြုမူနေထိုင်ရမည်။ 28လူ့သားတော်ပင်လျှင် လူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံယူရန်ရောက်လာခြင်းမဟုတ်ဘဲ လူတို့အား အလုပ်အကျွေးပြုရန်နှင့် မိမိအသက်ကို စွန့်၍ လူတို့ကိုရွေးနုတ်ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်” ဟုမိန့်တော်မူလေ၏။
မျက်မမြင်နှစ်ဦးအား မျက်စိမြင်စေခြင်း
29ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂျေရိခေါမြို့မှထွက်ခွါလာကြရာ များစွာသောလူထုပရိတ်သတ်ကြီးသည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်ပါလာကြ၏။ 30ထိုစဉ် လမ်းဘေးတွင်ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ကိုယ်တော်ယေရှု ကြွလာတော်မူကြောင်းကို ကြားသိ၍ “ကိုယ်တော်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ” ဟုအော်ဟစ်တောင်းပန်ကြလေ၏။
31ထို့ကြောင့် လူထုပရိတ်သတ်အချို့သည် သူတို့ကို ထိုသို့မအော်ဟစ်ဘဲ တိတ်တိတ်နေရန် ဆူငေါက်ကြလေ၏။ သို့သော် သူတို့သည် “ကိုယ်တော်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ” ဟုပို၍ကျယ်လောင်စွာ ထပ်မံအော်ဟစ်ကြ၏။
32ထိုအခါ ကိုယ်တော်ယေရှုသည် ရပ်တန့်ပြီး ထိုသူတို့အားခေါ်စေ၍ “သင်တို့အတွက် မည်သည့်အရာကို ပြုလုပ်စေလိုကြသနည်း” ဟုမေးတော်မူ၏။ 33ထိုသူတို့ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ကို မျက်စိပြန်မြင်လာစေတော်မူပါ” ဟုပြန်လည်လျှောက်တင်သဖြင့် 34ကိုယ်တော်ယေရှုသည် သနားကြင်နာစိတ်ရှိတော်မူသောကြောင့် ထိုသူတို့၏မျက်စိအား တို့ထိတော်မူလေ၏။ ထိုခဏချင်းတွင် ထိုသူတို့၏မျက်စိသည်လည်း ပြန်မြင်လာပြီး ကိုယ်တော်ယေရှုသွားလေရာနောက်သို့ လိုက်ပါကြလေ၏။
Currently Selected:
မဿဲ 20: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: