မဿဲ 17
17
အဆင်းသဏ္ဍာန်ပြောင်းတော်မူခြင်း
1ထိုသို့မိန့်တော်မူပြီး ခြောက်ရက်အကြာတွင် ကိုယ်တော်ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကို အခြားသူများနှင့်ဝေးရာ မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ 2သူတို့အတူရှိစဉ်တွင် ကိုယ်တော်ယေရှု၏အဆင်းသဏ္ဍာန် ပြောင်းလဲသွားသည်ကို တပည့်တော်သုံးဦးသည် မြင်တွေ့ကြလေ၏။ ကိုယ်တော်၏မျက်နှာတော်သည် နေကဲ့သို့ ထွန်းလင်းပြီး သူ၏အဝတ်သည်လည်း အလင်းရောင်ကဲ့သို့ ဖြူစင်တောက်ပလျက်ရှိ၏။
3ရှေးအရိယာသူတော်စင်များဖြစ်သည့် မောရှေနှင့် ဧလိယသည်လည်း ရုတ်တရက်ပေါ်လာပြီး ကိုယ်တော်နှင့် စကားပြောနေကြလေ၏။
4ထိုအခါ ပေတရုက “ကိုယ်တော်၊ ဤနေရာသည် အလွန်နေချင်စဖွယ်ကောင်းလှပါ၏။ ကိုယ်တော်အလိုရှိလျှင် ကိုယ်တော့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ်ဆောင်နှင့် ဧလိယအတွက် တဲတစ်ဆောင်ကို အကျွန်ုပ်တို့ဆောက်လုပ်ပေးပါမည်” ဟုလျှောက်လေ၏။
5ပေတရုထိုသို့လျှောက်ထားစဉ်တွင် ရုတ်တရက် အလွန်တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ “ဤသူသည် ငါ၏ချစ်သားဖြစ်၏။ ငါသည် သူ့ကိုနှစ်သက်၏။ သူ၏စကားကိုနားထောင်ကြလော့” ဟူ၍ ဘုရားရှင်၏အသံတော်သည်လည်း မိုးတိမ်အတွင်းမှထွက်ပေါ်လာလေသည်။
6တပည့်တော်တို့သည် ကြားကြသောအခါ မြေပေါ်၌ ပြားပြားဝပ်လျက် လွန်စွာကြောက်လန့်နေကြလေ၏။ 7သို့သော် ကိုယ်တော်ယေရှုသည် သူတို့ထံသို့ ချဉ်းကပ်လာပြီး သူတို့အား ထိ၍ “ထကြလော့။ မကြောက်ကြနှင့်” ဟုမိန့်တော်မူ၏။ 8ထိုအခါ သူတို့သည် ခေါင်းမော့ကြည့်လိုက်ကြရာ ကိုယ်တော်ယေရှုတစ်ပါးတည်းကိုသာ မြင်တွေ့ကြရလေတော့၏။
9ထို့နောက် သူတို့တောင်ပေါ်မှဆင်းလာကြစဉ် ကိုယ်တော်ယေရှုသည် သူတို့အား “လူ့သားတော်သည် သေခြင်းမှ အသက်ပြန်ရှင်လာသည့်အချိန်မတိုင်ခင်အထိ သင်တို့မြင်ခဲ့သည်များအား မည်သူ့ကိုမျှမပြောကြနှင့်” ဟု မိန့်မှာတော်မူ၏။
10ထိုအခါ တပည့်တော်တို့က ကိုယ်တော်အား “ဤသို့ဆိုလျှင် ကျမ်းတတ်ဆရာများသည် အဘယ်ကြောင့် ဧလိယသည် ဦးစွာကြွလာမည်ဟု ဟောပြောကြသနည်း” ဟူ၍မေးလျှောက်ကြ၏။
11ကိုယ်တော်က “ဧလိယသည် အရင်ဦးစွာလာမည်ဖြစ်ပြီး သူသည်အရာခပ်သိမ်းကို ပြန်လည်ထူထောင်မည်မှာမှန်၏။ 12သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် အရင်ဦးစွာရောက်ခဲ့ပြီဖြစ်သော်လည်း လူတို့သည် ဧလိယကို မသိကြဘဲ သူ့အပေါ်တွင် သူတို့ဖြစ်စေလိုသည့်အတိုင်း လုပ်ခဲ့ကြပြီးဖြစ်၏။ ထိုနည်းတူပင် ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည်လည်း လူတို့၏လက်ထဲတွင် ဒုက္ခဝေဒနာကို အမှန်တကယ်ခံစားရမည်ဖြစ်၏” ဟုမိန့်တော်မူလေ၏။ 13ထိုအခါ တပည့်တော်တို့သည်လည်း ကိုယ်တော်သည် ရေနှစ်မင်္ဂလာဆရာယောဟန်ကို ရည်ညွှန်း၍ သူတို့အား မိန့်တော်မူကြောင်း သဘောပေါက်ကြလေ၏။
ဝက်ရူးပြန်ရောဂါကို ပျောက်ကင်းစေတော်မူခြင်း
14ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် လူထုပရိသတ်ထံသို့ လာကြလေရာ လူတစ်ဦးသည် ကိုယ်တော်ယေရှုထံ ချဉ်းကပ်လာပြီး ကိုယ်တော်၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ 15“အရှင်၊ အကျွန်ုပ်၏သားကို သနားငဲ့ညှာတော်မူပါ။ အကြောင်းမူကား သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်နေသဖြင့် ဝေဒနာကိုပြင်းထန်စွာ ခံစားနေရပါ၏။ ထို့ပြင် သူသည် မီးထဲသို့လည်းကောင်း၊ ရေထဲကိုလည်းကောင်း မကြာခဏလဲကျတတ်ပါ၏။ 16ထို့ကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏သားအား ကိုယ်တော်၏တပည့်တို့ထံ ခေါ်ဆောင်လာသော်လည်း သူတို့သည် ရောဂါပျောက်ကင်းအောင် မကုသပေးနိုင်ကြပါ” ဟုလျှောက်တင်လေသည်။
17ထိုအခါ ကိုယ်တော်ယေရှုသည် “ယုံကြည်မှုမရှိဘဲ စာရိတ္တပျက်ပြားနေသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာကြာရှိနေနိုင်မည်နည်း။ သင်တို့ကို မည်မျှလောက်ကြာအောင် သည်းခံနေရဦးမည်နည်း။ လူငယ်အား ငါ့ထံသို့ ခေါ်ခဲ့ကြလော့” ဟုမိန့်တော်မူလေသည်။ 18ထို့နောက် ကိုယ်တော်သည် မကောင်းဆိုးဝါးအား နှင်ထုတ်လေရာ မကောင်းဆိုးဝါးသည် ထိုလူငယ်ထံမှ ထွက်သွားပြီးနောက် လူငယ်သည်လည်း ချက်ချင်းပင် ကျန်းမာသွားလေတော့သည်။
19ထို့နောက် တပည့်တော်တို့သည် ကိုယ်တော်ယေရှုတစ်ပါးတည်းရှိနေချိန်တွင် ကိုယ်တော့်ထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်တို့သည် အဘယ်ကြောင့်မကောင်းဆိုးဝါးကို မနှင်ထုတ်နိုင်ကြပါသနည်း” ဟုမေးလျှောက်ကြလေသည်။
20ကိုယ်တော်က သူတို့အား “သင်တို့၏ယုံကြည်မှုသည် အလွန်နည်းပါးသောကြောင့်ဖြစ်၏။ သင်တို့အား ငါဆိုသည်ကား သင်တို့တွင် မုန်ညင်းစေ့ပမာဏမျှလောက် ယုံကြည်မှုရှိလျှင်ပင် သင်တို့သည် ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ရွေ့ပါ’ ဟုပြောလျှင် ထိုတောင်သည်ရွေ့သွားမည်ပင်ဖြစ်၏။ သင်တို့အဖို့ မဖြစ်နိုင်သောအရာ တစ်ခုမျှရှိမည်မဟုတ်။ 21သို့သော် ဤကဲ့သို့သော မကောင်းဆိုးဝါးကို နှင်ထုတ်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းသည် ဆုတောင်းခြင်းနှင့် အစာရှောင်ဆုတောင်းခြင်းပင်ဖြစ်သည်” ဟုမိန့်တော်မူလေ၏။
အသေခံမည့်အကြောင်းကို ဒုတိယအကြိမ်ကြိုတင်မိန့်တော်မူခြင်း
22ထို့နောက် သူတို့သည် ဂါလိလဲပြည်သို့ ရောက်ရှိလာပြီး အတူတကွစုဝေးနေကြစဉ် ကိုယ်တော်က “ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည် မကြာခင်တွင် မကောင်းသောလူများ၏လက်ထဲသို့ အပ်နှံခံရတော့မည်ဖြစ်ပြီး 23သူ့အား သတ်ပစ်ကြမည်ဖြစ်သည်။ သို့သော် သုံးရက်မြောက်သည့်နေ့တွင် သူသည် သေရာမှ အသက်ပြန်ရှင်လိမ့်မည်” ဟုမိန့်တော်မူလေ၏။
ဗိမာန်တော်အခွန်ပေးဆောင်ခြင်း
24ထို့နောက် ကိုယ်တော်ယေရှုနှင့်သူ၏တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်ရှိလာကြပြီးနောက် ဗိမာန်တော်အတွက် အခွန်ကောက်ခံသည့် အခွန်ကောက်သမားအချို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်အခွန်ကို ပေးဆောင်ပါသလော” ဟုမေးလေ၏။
25ထိုအခါ ပေတရုက “ပေးဆောင်ပါသည်” ဟုပြန်လည်ဖြေကြား၍ အိမ်ထဲသို့ဝင်လာလေရာ ကိုယ်တော်က သူ့အား “ပေတရု၊ သင်မည်သို့ထင်သနည်း။ ကမ္ဘာလောက၏ရှင်ဘုရင်များသည် မည်သူ့ထံမှ အခွန်ကောက်များ ကောက်ခံကြသနည်း။ သူတို့၏သားသမီးများထံမှလော၊ သို့မဟုတ် အခြားသူများထံမှလော” ဟုမေးတော်မူ၏။
26ထိုအခါ ပေတရုက “အခြားသူများထံမှ ကောက်ခံပါသည်” ဟုပြန်လည်ဖြေကြားရာ ကိုယ်တော်က “ဤသို့ဆိုလျှင် သားသမီးများသည် လွတ်ငြိမ်းခွင့်ရကြ၏။
27သို့သော် သူတို့သည် ငါတို့အတွက်ကြောင့် စိတ်အနှောက်အယှက်မဖြစ်စေရန် ရေအိုင်သို့သွားပြီး ငါးသွားမျှားလော့။ ပထမဆုံးမိသောငါးကိုယူ၍ ထိုငါး၏ပါးစပ်ကို ဖွင့်လိုက်လျှင် ငွေဒင်္ဂါးပြားကြီးတစ်ခုကို တွေ့လိမ့်မည်။ ထိုငွေဒင်္ဂါးကို ယူ၍ ငါနှင့်သင့်အတွက် သူတို့ကို အခွန်ပေးဆောင်လိုက်လော့” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 17: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: