မဿဲ 14
14
ရေနှစ်မင်္ဂလာဆရာယောဟန် သေဆုံးခြင်း
1ထိုအချိန်တွင် ဘုရင်ခံဟေရုဒ်သည် ကိုယ်တော်ယေရှုပြုလုပ်ခဲ့သော အံ့ဖွယ်အမှုအရာများကို ကြားရသောအခါ 2သူ၏လက်အောက်ငယ်သားတို့အား “ဤသူသည် ရေနှစ်မင်္ဂလာပေးသူ ဆရာယောဟန်ဖြစ်၏။ ထို့ကြောင့်သူသည် သေရာမှပြန်ရှင်လာပြီ။ ထိုကြောင့် သူသည် အံ့ဖွယ်အမှုကိစ္စတွေကို လုပ်ဆောင်ပြနိုင်ခြင်းဖြစ်သည်” ဟုဆိုလေ၏။ 3အကြောင်းမှာ ဟေရုဒ်သည် သူ၏ညီဖြစ်သူ ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်အား ဖမ်းဆီးချုပ်နှောင်၍ ထောင်တွင်း၌ အကျဉ်းချခဲ့၏။ 4အကြောင်းမူကား ယောဟန်သည် ဟေရုဒ်အား “မိမိညီဖြစ်သူ၏ဇနီးကို လက်ထပ်လိုက်ခြင်းသည် ပညတ်တရားတော်နှင့် မကိုက်ညီပါ” ဟုဝေဖန်ပြောဆိုသောကြောင့်ဖြစ်၏။ 5ဟေရုဒ်သည် ယောဟန်အား ကွပ်မျက်လိုသော်လည်း လူများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် ထိုအချိန်တွင် သူမလုပ်ခဲ့ပေ။ အကြောင်းမူကား ယောဟန်သည် အရိယာသူတော်စင်တစ်ပါးဖြစ်ကြောင်း လူအများက ယုံကြည်ထားကြသောကြောင့်ဖြစ်၏။
6သို့သော် ဟေရုဒ်၏မွေးနေ့သို့ရောက်ရှိလာသောအခါ ဟေရောဒိ၏သမီးဖြစ်သူသည် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ကပြဖျော်ဖြေလေ၏။ ဟေရုဒ်သည်လည်း သူမ၏ဖျော်ဖြေမှုကို လွန်စွာနှစ်သက်သဖြင့် 7ဟေရုဒ်သည် သူမအား သင်တောင်းဆိုသမျှကို ငါပေးမည်ဟု ကတိစကားဆိုလေ၏။ 8ထိုအခါ သူမသည် မိခင်၏တိုက်တွန်းချက်အရ “ရေနှစ်မင်္ဂလာဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ အကျွန်ုပ်ကို ပေးပါ” ဟုတောင်းဆိုလေ၏။ 9ဟေရုဒ်သည် သူမ၏တောင်းဆိုမှုကြောင့် လွန်စွာစိတ်မကောင်းဖြစ်သော်လည်း ဧည့်သည်တော်များ၏ရှေ့မှောက်တွင် ပေးထားသောကတိအား မဖျက်လိုသောကြောင့် သူမတောင်းဆိုသည့်အတိုင်း ဖြစ်စေရန် 10သူသည် လက်အောက်ငယ်သားများကို စေလွှတ်၍ ထောင်အတွင်းရှိ ယောဟန်၏ဦးခေါင်းကို ဖြတ်စေလေ၏။ 11ထို့နောက် ယောဟန်၏ဦးခေါင်းအား လင်ပန်းပေါ်တင်၍ ယူဆောင်လာပြီး မိန်းကလေးအား ပေးလိုက်ရာ သူမသည် မိခင်ဖြစ်သူထံ ယူဆောင်သွားလေ၏။ 12ထိုသတင်းကို ယောဟန်၏တပည့်များကြားသောအခါ အကျဉ်းထောင်အတွင်းရှိ ယောဟန်၏ရုပ်အလောင်းအား သွားရောက်သယ်ယူ၍ သင်္ဂြိုဟ်ကြလေ၏။ ထို့နောက် သူတို့သည် ထိုအကြောင်းအရာများအား ကိုယ်တော်ယေရှုထံသွား၍ လျှောက်တင်ကြလေ၏။
လူငါးထောင်အား ကျွေးမွေးတော်မူခြင်း
13ကိုယ်တော်ယေရှုသည် ထိုသတင်းစကားအား ကြားသိရပြီးနောက် လှေပေါ်သို့တက်ပြီး တပည့်တော်များနှင့်အတူ လူသူကင်းဝေးရာအရပ်သို့ ကြွတော်မူလေ၏။ သို့သော် လူတို့သည် ကိုယ်တော်ယေရှုကြွတော်မူကြောင်းကို ကြားသိကြသောအခါ ကိုယ်တော်ယေရှု၏နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်လာကြလေ၏။ 14ကိုယ်တော်ယေရှုသည် လှေပေါ်မှဆင်းသော် သူ၏နောက်တော်သို့ လိုက်လာကြသော လူအုပ်ကြီးအားမြင်သောအခါ ထိုသူများအား သနားဂရုဏာသက်တော်မူ၍ နာမကျန်းဖြစ်နေသောသူတို့အား ကျန်းမာစေတော်မူ၏။
15ညနေခင်းအချိန်သို့ရောက်လာသောအခါ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ချဉ်းကပ်၍ “ကိုယ်တော်၊ ဤအရပ်သည် မြို့ရွာတို့နှင့်အလှမ်းဝေးပြီး မိုးလည်းချုပ်တော့မည်ဖြစ်သောကြောင့် ထိုလူများအား မြို့ရွာများတွင် စားသောက်စရာများ ဝယ်ယူနိုင်ရန် စေလွှတ်ပေးတော်မူပါ” ဟုလျှောက်တင်လေ၏။
16သို့သော် ကိုယ်တော်ယေရှုက “သူတို့သွားရန် မလို။ သင်တို့ကိုယ်တိုင် သူတို့အတွက် စားစရာများကိုပေးကြလော့” ဟုတပည့်တော်များအား မိန့်လေ၏။
17တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်” ဟုကိုယ်တော်အား ပြန်လည်လျှောက်တင်ကြလေ၏။
18ထိုအခါ ကိုယ်တော်က “၎င်းတို့ကို ငါ့ထံသို့ ယူလာခဲ့လော့” ဟုမိန့်လေ၏။ 19ထို့နောက် လူထုပရိတ်သတ်တို့အား မြက်ခင်းပြင်ပေါ်တွင် ထိုင်ကြရန်မိန့်တော်မူကာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့မျှော်ကြည့်ကာ ဘုရားရှင်၏ကျေးဇူးတော်အား ချီးမွမ်းဆုတောင်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလေ၏။ တပည့်တော်တို့ကလည်း လူထုပရိတ်သတ်များအား ပေးဝေကြလေ၏။ 20လူထုပရိတ်သတ်ကြီးသည်လည်း ဝလင်စွာစားသောက်နိုင်ကြလေ၏။ ထို့နောက် ကြွင်းကျန်သောမုန့်များကို ကောက်ယူသိမ်းဆည်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရလေ၏။ 21စားသောသူများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်ထည့်တွက်မထားဘဲ ယောက်ျားသားဦးရေပင် အယောက်ငါးထောင်ခန့်ရှိ၏။
ရေပေါ်တွင် လမ်းလျှောက်တော်မူခြင်း
22ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့အား လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိ၏ရှေ့မှကူးနှင့်စေတော်မူ၏။ တပည့်တော်များထွက်သွားပြီးသော် လူထုပရိတ်သတ်ကြီးကိုလည်း ၎င်းတို့၏မြို့ရွာများသို့ ပြန်ရန်စေလွှတ်တော်မူလေ၏။ 23လူထုပရိတ်သတ်ကြီးအား ပြန်လွှတ်ပြီးနောက် ကိုယ်တော်ယေရှုသည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူလေ၏။ ညနေချမ်းအချိန်သို့ရောက်သောအခါ ထိုနေရာတွင် ကိုယ်တော်တစ်ပါးတည်းသာရှိနေလေ၏။ 24ထိုအချိန်တွင် တပည့်တော်တို့၏လှေသည် ကမ်းနှင့်အလွန်ဝေးကွာနေပြီဖြစ်ပြီး လေဆန်ဖြစ်သောကြောင့် ပြင်းထန်သောလှိုင်းလုံးများ၏ ရိုက်ခတ်မှုဒဏ်ကိုခံနေရလေသည်။
25မိုးသောက်ယံအချိန်တွင် ကိုယ်တော်သည် တောင်ပေါ်မှဆင်းလာပြီး ရေပေါ်တွင်လမ်းလျှောက်ကာ တပည့်တော်တို့ရှိရာနေရာသို့ ကြွတော်မူလေ၏။ 26တပည့်တော်တို့သည် ရေပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်သောအခါ ကြောက်လန့်တုန်လှုပ်သွားကြပြီး “တစ္ဆေ” ဟုကြောက်လန့်တကြား အော်ဟစ်ကြလေ၏။
27သို့သော် ကိုယ်တော်ယေရှုက “မစိုးရိမ်ကြနှင့်၊ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်” ဟုတပည့်တော်တို့အား ချက်ချင်းပင် မိန့်တော်မူလေ၏။
28ထိုအခါ ပေတရုက “ကိုယ်တော်၊ အမှန်တကယ်ကိုယ်တော်ဆိုလျှင် အကျွန်ုပ်အား ကိုယ်တော့်ထံသို့ ရေပေါ်မှာလမ်းလျှောက်လာနိုင်ရန် အမိန့်ပေးတော်မူပါ” ဟုလျှောက်လေ၏။
29ကိုယ်တော်ကလည်း “လာခဲ့လော့” ဟုမိန့်တော်မူလိုက်ရာ ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်တွင်လမ်းလျှောက်ကာ ကိုယ်တော်ယေရှုထံသို့သွားလေ၏။ 30သို့သော်သူသည် လေပြင်းများတိုက်ခတ်လာနေသည်ကိုမြင်လျှင် ကြောက်ရွံ့လာပြီး ရေစတင်နှစ်မြုပ်လာလေသည်။ ထို့ကြောင့် ပေတရုသည် “ကိုယ်တော် အကျွန်ုပ်ကို ကယ်တော်မူပါ” ဟုအော်ဟစ်လေ၏။
31ထိုအခါ ကိုယ်တော်ယေရှုသည် လက်ကိုဆန့်၍ ပေတရုအား ဆွဲကိုင်ကာ “ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်နေရသနည်း” ဟုမိန့်လေ၏။
32ထို့နောက် သူတို့သည်လှေပေါ်သို့ တက်သွားကြရာ လေပြင်းသည်လည်း ငြိမ်သက်သွားလေ၏။ 33လှေပေါ်တွင်ရှိနေသောတပည့်တော်တို့သည် “ကိုယ်တော်သည် အမှန်တကယ်ပင် ဘုရားရှင်၏သားတော်ဖြစ်၏” ဟုဆိုကာ ဒူးထောက်ရှိခိုးကြလေ၏။
ဂင်္နေသရက်မြို့၌ အနာရောဂါပျောက်ကင်းစေတော်မူခြင်း
34ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင်ကိုဖြတ်ကူး၍ ဂင်္နေသရက်မြို့ရှိ ကမ်းပေါ်သို့တက်ကြလေ၏။ 35ထိုအရပ်တွင်နေထိုင်ကြသောသူတို့သည် ကိုယ်တော်ယေရှုအားမြင်လျှင် မှတ်မိကြသဖြင့် အနီးပတ်ဝန်းကျင်ရှိရွာများသို့ သတင်းဖြန့်သဖြင့် လူအပေါင်းတို့သည်လည်း နာမကျန်းဖြစ်နေသောသူရှိသမျှကို ကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာကြလေ၏။ 36သူတို့သည် ဖျားနာနေသူများကို ကိုယ်တော့်ဝတ်ရုံတော်၏ချည်မျှင်တစ်စမျှကိုသာ ထိတို့ခွင့်ပြုပါရန် တောင်းပန်ကြလေ၏။ ထိတို့ရသောသူအပေါင်းတို့သည်လည်း အနာရောဂါများ ပျောက်ကင်းသွားကြလေ၏။
Currently Selected:
မဿဲ 14: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: