မဿဲ 15
15
ဘိုးဘေးတို့၏ဓလေ့ထုံးတမ်း
1ထို့နောက် ဂျေရုဆလင်မြို့မှ ဖာရိရှဲအချို့နှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော်ယေရှုထံရောက်လာပြီး 2“သင်၏တပည့်တို့သည် မည်သည့်အတွက်ကြောင့် ဘိုးဘေးတို့၏ထုံးတမ်းအစဉ်အလာများအား မလိုက်နာကြသနည်း။ သူတို့သည် အစားအစာများ စားသောက်သည့်အခါတွင်လည်း လက်ကိုဆေးကြောသန့်စင်ခြင်းမပြုဘဲ စားသောက်နေကြသည်” ဟုဆိုကြလေ၏။
3ကိုယ်တော်ကလည်း “သင်တို့သည် မိမိကိုယ်ပိုင်ထုံးတမ်းအစဉ်အလာကို လိုက်နာ၍ မည်သည့်အတွက်ကြောင့် ဘုရားရှင်၏ပညတ်တော်များကို ချိုးဖေါက်နေကြသနည်း။ 4အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ‘သင်တို့၏မိဘကိုရိုသေကြလော့၊ မိခင် သို့မဟုတ် ဖခင်အား ဆန့်ကျင်ပုတ်ခတ်ပြောဆိုသောသူတို့သည် သေဒဏ်ကျခံရမည်ဖြစ်သည်’ ဟုမိန့်တော်မူထား၏။ 5သို့သော် သင်တို့သည် လူတို့အား လူတစ်ဦးသည် မိဘတို့အား ‘အကျွန်ုပ် သင်တို့ကို ထောက်ပံ့ရမည့်ဥစ္စာတို့သည် ဘုရားရှင်အား လှူဒါန်းသည့် လှူဖွယ်ဝတ္ထုဟုခေါ်သော ကော်ဘန်ဖြစ်ပါပြီ’ ဟုဆိုလျှင်ရ၏ဟု သွန်သင်ကြ၏။ 6ထိုသို့အားဖြင့် ထိုလူသည် မိမိ၏မိဘကို ရိုသေလေးစားစရာ မလိုတော့ပါ။ ဤသို့ဖြင့် သင်တို့သည် သင်တို့၏ထုံးတမ်းအစဉ်အလာအတွက် ဘုရားရှင်၏ပညတ်တော်များကို ချိုးဖေါက်ကြ၏။ 7သူတော်ကောင်းယောင်ဆောင်နေသောသူတို့၊ အရိယာသူတော်စင်ဟေရှာယကြိုတင်ဟောပြောထားသည့် သင်တို့၏အကြောင်းများသည် အမှန်ပင်ဖြစ်၏။ 8‘ဤလူတို့သည် ငါ့ထံသို့ချဉ်းကပ်၍ နှုတ်အားဖြင့် ရိုသေဂုဏ်ပြုကြသော်လည်း သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးကွာလွန်းလှ၏။ 9ငါ့အား ကိုးကွယ်ကြသော်လည်း တန်ဖိုးမရှိ။ အကြောင်းမှာ လူ၏စည်းမျဥ်းများကို သွန်သင်ပြီး ၎င်းတို့သည် ဘုရားရှင်၏ ပညတ်တော်များဖြစ်သည်ဟု ဆိုကြသည်’ ဆိုသည်မှာ မှန်လှပေ၏” ဟုမိန့်တော်မူလေ၏။
အတွင်းစိတ်မှလာသော ညစ်ညမ်းခြင်း
10ထို့နောက် ကိုယ်တော်ယေရှုသည် လူပရိသတ်တို့အား သူ့ထံသို့ခေါ်တော်မူပြီးလျှင် သူတို့အား “ငါ၏စကားကို သင်တို့နားထောင်၍ နားလည်အောင် ကြိုးစားကြလော့။ 11လူတို့၏ခံတွင်းထဲသို့ ဝင်ရောက်သည့်အရာများက လူတို့ကို ညစ်ညမ်းစေသည်မဟုတ်။ လူတို့၏ နှုတ်မှထွက်သော အရာများကသာ လူတို့ကိုညစ်ညမ်းစေခြင်းပင် ဖြစ်သည်” ဟုမိန့်တော်မူလေ၏။
12ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ယေရှုအနီးသို့ ချဉ်းကပ်၍ “ဖာရိရှဲများသည် ကိုယ်တော်မိန့်တော်မူသောစကားများကိုကြားပြီး စိတ်ဆိုးနေကြသည်ကို ကိုယ်တော်သိပါသလော” ဟုလျှောက်ကြလေ၏။
13ကိုယ်တော်ယေရှုက “လယ်သမားတစ်ဦးသည် သူစိုက်ပျိုးမထားသောအပင်များကို နုတ်ပစ်သကဲ့သို့ ရွှေမြို့တော်၌ရှိတော်မူသောအဖဘုရားရှင်ကလည်း သူနှင့်မသက်ဆိုင်သောသူတိုင်းကို ဒဏ်ခတ်တော်မူလိမ့်မည်။ 14သူတို့အတွက် စိတ်ပူမနေနှင့်။ သူတို့သည် အခြားမျက်မမြင်များ၏လက်ကို ကိုင်၍တွဲခေါ်သော မျက်မမြင်များနှင့်တူသည်။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြသောအခါ နှစ်ဦးစလုံး တွင်းထဲကိုကျသွားမည်ပင်ဖြစ်သည်” ဟုပြန်လည်မိန့်တော်မူလေ၏။
15ထိုအခါ ပေတရုက “ထိုပုံဥပမာကို ကျွန်ုပ်တို့ကို ရှင်းပြပေးတော်မူပါ” လျှောက်တင်လေသည်။
16ကိုယ်တော်က “သင်တို့သည် အဘယ်ကြောင့် ယခုထိတိုင် နားမလည်နိုင်သေးသနည်း။ 17ခံတွင်းထဲသို့ ဝင်သမျှအရာများသည် ဝမ်းဗိုက်ထဲသို့ရောက်ပြီးလျှင် အပြင်ကို စွန့်ထုတ်ခံရသည်ကို သင်တို့ မသိကြသလော။ 18လူတို့၏ပါးစပ်မှထွက်သော လူတို့ပြောသမျှစကားတို့သည် သူတို့၏စိတ်နှလုံးက ထွက်လာခြင်းပင်ဖြစ်သည်။ ထိုအရာများကသာ လူတို့အား ညစ်ညမ်းစေသောအရာများပင်ဖြစ်သည်။ 19အဘယ်ကြောင့်ဆိုသော် မကောင်းသော အကြံအစည်များကြံစည်ခြင်း၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုံပြုခြင်း၊ ခိုးခြင်း၊ မမှန်ကန်သောသက်သေခံခြင်း 20စသည့်အရာများကသာ လူတို့ကို ညစ်ညမ်းစေသောအရာများဖြစ်သော်လည်း လက်ကိုမဆေးဘဲ အစာစားခြင်းသည် လူတို့ကိုညစ်ညမ်းစေခြင်းမဟုတ်” ဟုမိန့်တော်မူလေ၏။
လူမျိုးခြားအမျိုးသမီး၏ယုံကြည်ခြင်း
21ထို့နောက်ကိုယ်တော်ယေရှုသည် ထိုအရပ်မှ ထွက်ခွာပြီး တုရုနှင့်ဇိဒုန်ဒေသသို့ကြွတော်မူ၏။ 22ထိုအရပ်တွင် နေထိုင်သောလူမျိုးခြားအမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ထံလာပြီး “ဒါဝိဒ်၏သားတော်၊ ကိုယ်တော်၊ အကျွန်ုပ်ကို သနားတော်မူပါ၊ အကျွန်ုပ်၏သမီးသည် မကောင်းဆိုးဝါးပူးကပ်ခံရပြီး ပြင်းထန်သည့်ဝေဒနာကို ခံစားနေရပါသည်” ဟုလျှောက်တင်လေ၏။
23သို့သော် ကိုယ်တော်သည် သူ့အားတစ်ခွန်းမျှ ဖြေကြားတော်မမူ။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော့်ထံသို့ချဉ်းကပ်၍ “ဤအမျိုးသမီးသည် ကျွန်တော်တို့နောက်မှလိုက်၍ အော်ဟစ်နေပါသဖြင့် သူမအား နှင်ထုတ်ပေးတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
24ထိုအခါ ကိုယ်တော်က ထိုအမျိုးသမီးအား “ငါ့အား ဘုရားရှင်၏ပျောက်ဆုံးသွားသော သိုးငယ်များကိုကိုယ်စားပြုသည့် အစ္စရေးလူမျိုးများအား ကူညီရန်အတွက် စေလွှတ်ခဲ့ခြင်းဖြစ်သည်” ဟုပြန်လည်မိန့်တော်မူ၏။
25သို့သော်သူမသည် ကိုယ်တော့်ထံချဉ်းကပ်ပြီး ဝပ်တွားကာ “ကိုယ်တော်၊ အကျွန်ုပ်ကို ကူညီပါ” ဟု ထပ်မံတောင်းပန်လေ၏။
26ကိုယ်တော်ကလည်း “သားသမီးထံမှ အစားအသောက်များကိုယူပြီး ခွေးကို ချကျွေးခြင်းသည် မသင့်တော်ပါ” ဟုမိန့်တော်မူလေသည်။
27သူမကလည်း “မှန်ပါသည် ကိုယ်တော်၊ သို့သော်လည်း ခွေးကလေးများပင်လျှင် သခင်၏စားပွဲအောက်တွင် ကျနေသည့် စားကြွင်းစားကျန်များကိုပင် စားခွင့်ရကြပါသည်” ဟုပြန်လည်လျှောက်တင်လေ၏။
28ထိုအခါ ကိုယ်တော်ယေရှုက “အို အသင်အမျိုးသမီး၊ သင်၏ယုံကြည်မှုမှာ ကြီးမားသဖြင့် သင်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေလော့” ဟု မိန့်တော်မူလိုက်ရာ ထိုအချိန်မှစ၍ ထိုအမျိုးသမီး၏သမီးဖြစ်သူသည်လည်း ကျန်းမာလာလေ၏။
လူများစွာတို့ကို ကျန်းမာစေတော်မူခြင်း
29ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာပြီး ဂါလိလဲကမ်းခြေတစ်လျှောက်ကိုသွားကာ တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ 30ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အနာရောဂါအမျိုးမျိုးစွဲကပ်နေသော လူတို့ကို ခေါ်ဆောင်၍ ကိုယ်တော်၏ခြေတော်ရင်း၌ချထားကြလေရာ ကိုယ်တော်ကလည်း သူတို့ကို ကျန်းမာစေလေ၏။ 31လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း မြင်တွေ့ရသောအခါ အလွန်အံ့ဩ၍ အစ္စရေးလူမျိုးတို့၏ဘုရားရှင်ကို ချီးမွမ်းကြလေ၏။
လူလေးထောင်ကိုကျွေးမွေးတော်မူခြင်း
32ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား ခေါ်၍ “ဤသူတို့သည် ငါနှင့်အတူ သုံးရက်တိုင် ရှိနေခဲ့သော်လည်း စားစရာများ မရှိတော့သည့်အတွက် ငါသည်သနားဂရုဏာဖြစ်မိ၏။ သူတို့ကို မည်သည်မျှ မကျွေးဘဲ ပြန်လွှတ်လိုက်လျှင် သူတို့ အိမ်ပြန်လမ်းတွင် အားပြတ်သွားလိမ့်မည်” ဟုမိန့်တော်မူ၏။
33တပည့်တော်တို့ကလည်း “ဤသို့များပြားလှသော လူပရိတ်သတ်ကို လုံလောက်စွာကျွေးနိုင်ရန် ဤတောကန္တာရတွင် များပြားလှသောအစားအစာကို အကျွန်ုပ်တို့ မည်သို့ရှာရပါမည်နည်း” ဟုလျှောက်တင်ကြ၏။
34ကိုယ်တော်ကလည်း သူတို့အား “သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်း” ဟုမေးရာ “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်” ဟု လျှောက်ကြ၏။
35ထိုအခါ ကိုယ်တော်သည် လူထုပရိတ်သတ်ကြီးအား မြေပေါ်၌ထိုင်ရန် မိန့်မှာတော်မူပြီးနောက် 36မုန့်ခုနစ်လုံးနှင့်ငါးတို့ကိုယူ၍ ရွှေမြို့တော်သို့မျှော်ကြည့်ကာ ဘုရားရှင်၏ကျေးဇူးတော်အား ချီးမွမ်းပြီးလျှင် ၎င်းမုန့်တို့ကိုဖဲ့ကာ တပည့်တော်တို့မှတဆင့် လူထုပရိတ်သတ်ကြီးအား ပေးဝေစေလေ၏။ 37သူတို့အားလုံးသည်လည်း အဝအလင် စားသောက်ကြပြီးနောက် တပည့်တော်တို့သည် အကြွင်းအကျန်များကို ကောက်ယူသိမ်းဆည်းရာ တောင်းခုနှစ်တောင်းရလေ၏။ 38စားကြသောသူများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ထည့်သွင်းရေတွက်ခြင်းမရှိဘဲ ယောက်ျားသားဦးရေပင် လေးထောင်ခန့်ရှိ၏။ 39ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်များကို ပြန်လွှတ်တော်မူပြီးလျှင် လှေပေါ်သို့တက်၍ မာဂဒါလအရပ်ဒေသသို့ ကြွတော်မူ၏။
Currently Selected:
မဿဲ 15: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: