မဿဲ 13
13
မျိုးကြဲသူ ပုံဥပမာ
1ထိုနေ့၌ပင် ကိုယ်တော်ယေရှုသည် အိမ်မှထွက်ခွာလာပြီး ဂါလိလဲရေအိုင်၏ကမ်းစပ်တွင် ထိုင်တော်မူသောအခါ 2များစွာသောလူထုပရိသတ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူလေ၏။ လူထုပရိသတ်ကြီးမှာမူ ကမ်းစပ်ပေါ်၌ ရပ်နေကြ၏။ 3ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာများကို ပုံဥပမာများဖြင့် လူထုပရိသတ်အား ဟောပြောသွန်သင်လေ၏။ ကိုယ်တော်က “လယ်သမားတစ်ဦးသည် မျိုးကြဲရန် သူ့၏လယ်ထဲကို ထွက်သွား၏။ 4ထိုလယ်သမား မျိုးကြဲလိုက်သောအခါမှာ အချို့မျိုးစေ့များသည် လူသွားလမ်းပေါ်သို့ ကျသဖြင့် ငှက်များသည် ထိုမျိုးစေ့များအား လာ၍ ကောက်စားကြ၏။ 5အချို့မျိုးစေ့များသည် မြေဆီလွှာနည်းပါးသော ကျောက်ခံမြေပေါ်သို့ ကျသွားပြီး ထိုမျိုးစေ့များသည် ပါးလွှာသောမြေဆီလွှာကြောင့် အညှောင့်များချက်ချင်းထွက်လာကြ၏။ 6သို့သော်နေမြင့်လာသောအခါ နေလောင်ဒဏ်ကြောင့် ညှိုးနွမ်းခြောက်သွေ့သွားကြ၏။ အဘယ်ကြောင့်ဆိုသော ထိုမျို့စေ့များသည် နက်နက်ရှိုင်းရှိုင်းအမြစ်မတွယ်ထားနိုင်ခြင်းကြောင့်ဖြစ်၏။ 7အချို့မျိုးစေ့များသည် ဆူးခြုံပင်များရှိသောနေရာသို့ ကျသွားကြပြီး ထိုဆူးခြုံပင်များ ကြီးထွားလာသောအခါ ထိုမျိုးစေ့ပင်တို့ကို ကာဆီးပိတ်ဆို့ထားကြ၏။ 8အချို့မျိုးစေ့တို့သည် ကောင်းသောမြေဆီလွှာပေါ်သို့ ကျရောက်ပြီး အပင်ပေါက်လာကာ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆတစ်ရာ အသီးအနှံများဖြစ်ထွန်းလာကြ၏။ 9နားရှိ၍ ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟုမိန့်တော်မူ၏။
ပုံဥပမာများ၏ရည်ရွယ်ချက်
10ထို့နောက် တပည့်တော်တို့သည် ကိုယ်တော့်ထံလာ၍ “ကိုယ်တော်သည် လူထုကို ဟောပြောသောအခါ အဘယ်ကြောင့် ပုံဥပမာများဖြင့် ဟောပြောရပါသနည်း” ဟုမေးလျှောက်ကြ၏။
11ထိုအခါ ကိုယ်တော်က သူတို့အား “သင်တို့အား ရွှေမြို့တော်သာသနာတော်၏လျှို့ဝှက်ချက်များကို သိခွင့်ပေးထားသော်လည်း အခြားသူများကိုမူ သိခွင့်မပေးထားသောကြောင့်ပင်ဖြစ်၏ 12သင်တို့အား ငါဆိုမည်။ တစ်စုံတစ်ရာရှိ၍ ထိုအရာကို တိုးပွားအောင်လုပ်နိုင်သူကို ပို၍ပေးမည်။ သို့သော် တိုးပွားအောင်မလုပ်နိုင်သောသူထံမှ သူ၌ရှိသောအရာတို့ကိုပင် သိမ်းယူခံရမည်။ 13ထို့ကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့် ဟောပြောရခြင်းဖြစ်၏။ အကြောင်းမူကား သူတို့သည် ကြည့်သော်လည်း မမြင်နိုင်ကြ၊ ကြားသော်လည်း နားမလည်နိုင်ကြခြင်းကြောင့်ဖြစ်၏။ 14ထိုလူတို့ပြုမူကြသောအရာများသည် အရိယာသူတော်စင်ဟေရှာယမှတဆင့် ဘုရားရှင်ဟောကြားခဲ့သည်များ ပြည့်စုံမှန်ကန်စေရန် ဖြစ်ပျက်လာခြင်းဖြစ်၏။ ထိုဟောပြောချက်သည် ‘ငါပြောသည့်စကားအား ကြားရသော်လည်း သင်တို့သည်နားမလည်ကြ။ ငါပြုမူတဲ့အရာများကို သင်တို့သည်မြင်ကြသော်လည်း သတိမူမိမည်မဟုတ်။ 15အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးသည် လေးလံထုံထိုင်းပြီး နားသည်လည်းမကြား၊ မျက်စိသည်လည်းမမြင်ခြင်းကြောင့်ဖြစ်၏။ ထို့သို့မဟုတ်ဘဲ ငါလုပ်ဆောင်ပြသည့်အရာများကိုရိပ်မိပြီး ငါပြောသမျှတို့အားကြားကာ အပြစ်ရှိသော အသက်တာမှ ရှောင်ထွက်ပြီး ငါ၏ဘက်သို့လှည့်လာမည်ဆိုလျှင် သူတို့၏အပြစ်များအားလုံးမှ ငါသည်ကယ်တင်မည်’” ဟုမိန့်တော်မူ၏။ 16တဖန် ကိုယ်တော်ယေရှုက တပည့်တော်တို့အား မိန့်တော်မူသည်မှာ “သို့သော် သင်တို့၏ မျက်လုံးများသည် မြင်နိုင်ကြပြီး နားများသည်လည်း ကြားနိုင်သည့်အတွက်ကြောင့် မင်္ဂလာရှိပါပေ၏။ 17သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောအရိယာသူတော်စင်များနှင့် ဖြောင့်မတ်မှန်ကန်သူများသည် သင်တို့မြင်ရသောအရာများအား မြင်လိုကြသော်လည်း မမြင်နိုင်ကြသကဲ့သို့ သင်တို့ကြားနေရသောအရာများကို ကြားချင်ကြသော်လည်း မကြားနိုင်ခဲ့ကြ။
မျိုးကြဲသူပုံဥပမာအား ရှင်းပြခြင်း
18ထို့ကြောင့် ဤမျိုးကြဲသူပုံဥပမာ၏ဆိုလိုရင်းကို နားထောင်ကြလော့။ 19မည်သူမဆို ဘုရားရှင်၏သာသနာတော်အကြောင်း ကြားသိရသော်လည်း ထိုအရာများကို နားမလည်နိုင်ဖြစ်နေကြပြီး မာရ်နတ်သည်လည်း ရောက်လာ၍ သူတို့၏စိတ်နှလုံးထဲမှ ကြားသိထားသမျှတို့ကို လုယူသွား၏။ လူသွားလမ်းပေါ်သို့ ကျသောမျိုးစေ့များမှာ ထိုသူတို့ကို ဆိုလိုခြင်းဖြစ်၏။ 20ကျောက်ခံမြေပေါ်သို့ ကျပြီး ပေါက်လာသည့်အပင်များဆိုသည်မှာ တရားတော်ကိုကြားနာရပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် ချက်ခြင်းလက်ခံကြသောသူများကို ဆိုလိုခြင်းဖြစ်၏။ 21သို့သော် အမြစ်များမစွဲကပ်နိုင်ခြင်းကြောင့် ခဏသာ ရှင်သန်နိုင်ကြပြီး သူတို့သည် နှိပ်စက်ညှင်းပန်းမှုများနှင့် ကြုံတွေ့လာရသောအခါ၌ စိတ်ပျက်ကြ၍ သူတို့၏ယုံကြည်မှုများအား ချက်ချင်းပင် စွန့်လွှတ်တတ်ကြသောသူများကို ဆိုလို၏။ 22ဆူးခြုံပင်များကြားထဲသို့ ကျသောမျိုးစေ့များဆိုသည်မှာ ဘုရားရှင်သာသနာတော်အကြောင်း ကြားသိကြရသော်လည်း နေ့စဉ်ဘဝနေထိုင်ရေးအတွက် စိုးရိမ်ပူပန်မှုနှင့် လောကီစည်းစိမ်များကို လိုချင်တပ်မက်သောလောဘများက ကြားသိထားသည့်အကြောင်းအရာများအား ပိတ်ဆို့လိုက်သည့်အတွက် အသီးမသီးနိုင်သောအပင်များကဲ့သို့ ဖြစ်သွားသောသူများကို ဆိုလိုခြင်းဖြစ်သည်။ 23မြေဩဇာကောင်းသောမြေဆီလွှာပေါ်သို့ ကျသောမျိုးစေ့များဆိုသည်မှာ သာသနာတော်အကြောင်းကို ကြားနိုင်၊ သိနိုင်၊ နားလည်နိုင်ပြီး အသီးအပွင့်များ အဆပေါင်းတစ်ရာ၊ ခြောက်ဆယ်၊ တစ်ရာမက ပွားများနိုင်သူများကိုဆိုလိုသည်” ဟုမိန့်တော်မူ၏။
ပေါင်းပင်ပုံဥပမာ
24ထို့နောက် ကိုယ်တော်ယေရှုသည် အခြားသောပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ “ရွှေမြို့တော်၏သာသနာတော်ဆိုသည်မှာ မိမိ၏လယ်တွင် ကောင်းမွန်သောစပါးမျိုးစေ့ကိုကြဲရန်အတွက် စေလွှတ်သည့် မြေပိုင်ရှင်နှင့်တူ၏။ 25သို့သော် ထိုလယ်သမားနှင့်သူ၏အစေခံများ အိပ်ပျော်နေချိန်၌ သူ၏ရန်သူသည် လယ်ထဲသို့လာ၍ ပေါင်းပင်မျိုးစေ့များကို စပါးစေ့များအပေါ်တွင် ကြဲပြီး ထွက်သွားလေ၏။ 26အပင်များပေါက်လာကြပြီး အသီးအနှံများထွက်လာသောအခါ၊ ပေါင်းပင်များသည်လည်း အတူပေါက်လာလေ၏။
27ထိုအခါ အိမ်၏အစေခံခေါင်းဆောင်သည် ပိုင်ရှင်လယ်သမားထံသို့လာ၍ ‘သခင်၊ သခင်၏လယ်ထဲမှာ ကောင်းမွန်သောမျိုးစေ့များကိုသာ ကြဲခဲ့သည်မဟုတ်လော။ ဤသို့ဆိုလျှင် သခင်၏လယ်ထဲ၌ များစွာသောပေါင်းပင်များ မည်ကဲ့သို့ ပေါက်လာရသနည်း’ ဟုမေးလေ၏။
28ထို့နောက် လယ်သမားကလည်း ‘ထိုအရာကို ရန်သူက လုပ်ဆောင်သွားခြင်းဖြစ်သည်’ ဟုဆိုလေ၏။ ထိုအခါ အစေခံက ‘သခင်၊ အကျွန်ုပ်တို့ကို ထိုပေါင်းပင်များအား သွား၍ ဖယ်ရှားပေးစေလိုပါသလား’ ဟုမေးလေ၏။
29သို့သော် လယ်သမားက ‘ထို့သို့မလုပ်ကြနှင့်။ သင်တို့ ပေါင်းပင်များအား ဆွဲနှုတ်ယူချိန်သောအခါ စပါးပင်များကိုပါ ရောပြီးအမြစ်မှ ဆွဲနှုတ်မိလိမ့်မည်။ 30ရိတ်သိမ်းချိန်မတိုင်ခင်အထိ ထိုအပင်တို့အတူတူကြီးထွားကြစေလော့။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းမည့်သူတို့အား ပေါင်းပင်များကို အရင်ရိပ်သိမ်းကာ စု၍မီးရှို့ရန် အစည်းလိုက် ချည်ထားခိုင်းပြီး စပါးပင်များကိုတော့ ငါ၏ကျီထဲတွင် စုပြီးသိမ်းခိုင်းလိုက်မည်’ ဟုဆိုလေ၏” ဟုမိန့်တော်မူ၏။
မုန်ညင်းနက်စေ့နှင့်တဆေး ပုံဥပမာ
31ထို့နောက် ကိုယ်တော်ယေရှုသည် သူတို့အား အခြားပုံဥပမာတစ်ခုဖြင့် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်က “ရွှေမြို့တော်၏သာသနာတော်သည် အသေးဆုံးမျိုးစေ့ဖြစ်သော မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ သူ၏လယ်ထဲတွင် စိုက်ပျိုး၏။ 32ထိုမျိုးစေ့သည် အခြားမျိုးစေ့များ အားလုံးထက် လွန်စွာသေးငယ်သော်လည်း ၎င်းကြီးထွားလာသည့်အခါ လယ်ထဲတွင်ရှိသောအပင်များအားလုံးထက် ကြီးမားလာကာ အပင်ကြီးတစ်ပင် ဖြစ်လာပြီး ငှက်များသည်လည်း ထိုအပင်၏သစ်ကိုင်းများတွင် အသိုက်များလာဆောက်ကြသည်” ဟုမိန့်တော်မူ၏။
33ကိုယ်တော်သည် သူတို့အား နောက်ထပ်ပုံဥပမာတစ်ခုဖြင့် ဟောပြောလေသည်မှာ “ရွှေမြို့တော်၏သာသနာတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးက ထိုတဆေးကို ယူ၍ ဂျုံမှုန့်အများအပြားနှင့်ရောနှောလိုက်သောအခါ ထိုတဆေးသည် ဂျုံမှုန့်များအား ဖောင်းပွသွားစေ၏” ဟုမိန့်တော်မူ၏။
34ကိုယ်တော်ယေရှုသည် လူထုပရိသတ်အား အကြောင်းအရာအလုံးစုံကို ဟောပြောရာ၌ ပုံဥပမာများဖြင့်သာ ဟောပြောသွန်သင်လေ၏။ ပုံဥပမာများမပါဘဲ လူတို့အား ဟောပြောသွန်သင်ခြင်းမပြုပေ။ 35ဤသို့ဖြင့် အရိယာသူတော်စင်များဟောကြားခဲ့သော “ငါသည် ပုံဥပမာများအား ငါ၏နှုတ်မှဖွင့်ဆိုလျက် ကမ္ဘာမြေကြီးစတင်တည်ရှိချိန်မှစ၍ ကွယ်ဝှက်ထားသောအရာများကို ထုတ်ဖော်ပြောဆိုမည်” ဟူသောစကားသည် ပြည့်စုံမှန်ကန်လေ၏။
ပေါင်းပင်ဥပမာကို ရှင်းပြခြင်း
36ကိုယ်တော်ယေရှုသည် လူအုပ်ကြီးကိုထားခဲ့ပြီး အိမ်ထဲသို့ဝင်တော်မူလေ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ယေရှုအနီးသို့ ချဉ်းကပ်၍ “လယ်ခင်းထဲမှ ပေါင်းပင်များအကြောင်းပုံဥပမာကို ရှင်းပြတော်မူပါ” ဟုလျှောက်တင်လေ၏။
37ထိုအခါ ကိုယ်တော်က “ကောင်းသည့်မျိုးစေ့ကိုကြဲသောသူသည် ဘုရားရှင်စေလွှတ်တော်မူသည့် ငါလူ့သားတော်နှင့်တူပြီး 38လယ်ကွင်းသည် ကမ္ဘာမြေကြီးနှင့်တူ၏။ ကောင်းသောမျိုးစေ့များသည် ဘုရားရှင်၏သာသနာတော်နှင့် သက်ဆိုင်သူများနှင့်တူပြီး ပေါင်းပင်များသည် ဆိုးယုတ်သော ဒုစရိုက်အပြစ်သားများနှင့်တူ၏။ 39ပေါင်းပင်မျိုးစေ့များအားကြဲသောရန်သူသည် မာရ်နတ်ကိုကိုယ်စားပြု၏။ စပါးရိတ်သူ ရိတ်သိမ်းမည့်အချိန်သည် ကမ္ဘာမြေကြီးအဆုံးသတ်မည့်အချိန်ကို ကိုယ်စားပြုခြင်းဖြစ်၏။ ရိတ်သိမ်းသောသူများသည် နတ်ဒေဝါများကို ကိုယ်စားပြု၏။
40ပေါင်းပင်များအား စုဝေးပြီး မီးထဲ၌ရှို့သကဲ့သို့ ဤကမ္ဘာအဆုံးသတ်ချိန်မှာလည်း ထိုကဲ့သို့ပင် ဖြစ်ပျက်လိမ့်မည်။ 41ဘုရားရှင်စေလွှတ်တော်မူသောလူ့သားတော်သည် နတ်ဒေဝါများအား စေလွှတ်ပြီး အပြစ်ကျူးလွန်သူများနှင့် ပညတ်တော်များကို မလိုက်နာကြသူအားလုံးအား သူ၏နိုင်ငံတော်အတွင်းမှ နှင်ထုတ်ရန် စုဝေးခေါ်ယူလာစေမည်ဖြစ်၏။ 42ထိုလူများအား မည်သည့်အခါမှ မငြိမ်းနိုင်သောမီးထဲသို့ ပစ်ချလိမ့်မည်။ ထိုလူတို့သည် ခံပြင်းစွာ ငိုယို၍ အံကြိတ်နေကြရလိမ့်မည်။ 43ထို့နောက် ဖြောင့်မတ်မှန်ကန်ကြသူများသည် အဖဘုရားရှင်၏သာသနာတော်တွင် နေရောင်ခြည်ကဲ့သို့ ထွန်းလင်းတောက်ပနေကြလိမ့်မည်။ နားရှိ၍ ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့။
ဝှက်ထားသောရတနာသိုက် ပုံဥပမာ
44ရွှေမြို့တော်၏သာသနာတော်သည် လယ်ထဲ၌ဝှက်ထားသော အဖိုးတန်ရတနာများနှင့်တူ၏။ လူတစ်ယောက်သည် ထိုအရာများကို မြင်သောအခါ ပြန်လည်ဝှက်ထားပြီးနောက် သူသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထွက်သွားကာ သူပိုင်ဆိုင်သမျှတို့အား ရောင်းချ၍ ထိုလယ်ကို ဝယ်လေ၏။ 45တစ်ဖန် ရွှေမြို့တော်၏သာသနာတော်သည် လွန်စွာတန်ဖိုးကြီးသောပုလဲကို ရှာဖွေနေသည့်ကုန်သည်နှင့်တူ၏။ 46အလွန်အဖိုးထိုက်တန်သော ပုလဲတစ်လုံးကိုတွေ့သည့်အခါ ထိုကုန်သည်က ထိုပုလဲလုံးအား ဝယ်ယူရန်အတွက် ရှိသမျှအားလုံး ရောင်းလိုက်ပြီး ထိုပုလဲကိုဝယ်လေ၏။
ငါးဖမ်းပိုက်ကွန် ပုံဥပမာ
47တဖန် ရွှေမြို့တော်၏သာသနာတော်သည် ပင်လယ်ထဲတွင်ချထားသော ငါးမျိုးစုံကို ဖမ်းမိနေသောပိုက်ကွန်နှင့်တူ၏။ 48ငါးများအပြည့်ဖမ်းမိသောအခါ ထိုပိုက်ကွန်အား ကမ်းပေါ်သို့ဆွဲတင်၍ ကောင်းသည့်ငါးများအား ထိုင်ပြီးရွေးချယ်ကာ ခြင်းတောင်းထဲသို့ ထည့်ပြီး မကောင်းသည့်ငါးများကို စွန့်ပစ်လိုက်ကြ၏။ 49ဤကမ္ဘာမြေကြီးအဆုံးသတ်ချိန်တွင် ထိုကဲ့သို့ ဖြစ်လိမ့်မည်။ နတ်ဒေဝါများသည် လာ၍ ကောင်းသည့်အကျင့်ကို ကျင့်သောသူများနှင့် မကောင်းမှုပြုသူ ဒုစရိုက်အပြစ်သားများအားလုံးကို ရွေးချယ်၍ခွဲထုတ်လိမ့်မည်။ 50ထို့နောက် ထိုဒုစရိုက်အပြစ်သားများအားလုံးကို မငြိမ်းနိုင်သည့်မီးထဲသို့ ပစ်ချလိမ့်မည်။ သူတို့သည် ထိုနေရာတွင် ခံပြင်းငိုကြွေးပြီး အံကြိတ်နေကြရလိမ့်မည်” ဟုမိန့်တော်မူ၏။
51ထို့နောက် ကိုယ်တော်ယေရှုသည် “ငါဆိုသည်တို့ကို သင်တို့နားလည်ကြသလော” ဟုမေးတော်မူရာ တပည့်တော်တို့ကလည်း “နားလည်ပါသည်” ဟုပြန်လျှောက်ကြ၏။
52ကိုယ်တော်ကလည်း “ရွှေမြို့တော်၏သာသနာတော်တွင် တပည့်တော်ဖြစ်လာသော ပညတ်တော်ဟောပြောသူတိုင်းသည် သူတို့၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့် အဟောင်းအား ထုတ်ယူသည့်အိမ်ရှင်နှင့်တူသည်” ဟုမိန့်တော်မူ၏။ 53ကိုယ်တော်ယေရှုသည် ထိုသို့ပုံဥပမာများဖြင့် သွန်သင်ဟောပြောပြီးသောအခါ ထိုအရပ်ဒေသမှ ထွက်ခွာတော်မူ၏။
နာဇရက်မြို့၌ ငြင်းပယ်ခံရခြင်း
54ထို့နောက် ကိုယ်တော်ယေရှုသည် မိမိ၏ဇာတိမြို့သို့ကြွတော်မူ၍ ဓမ္မာရုံ၌လူတို့အား ဟောပြောသွန်သင်တော်မူလေ၏။ လူအများတို့သည် ကိုယ်တော်၏သွန်သင်ဟောပြောချက်များကို ကြားကြသောအခါ အံ့ဩသွားကြပြီး “ဤသူသည် ဤကဲ့သို့သော ဉာဏ်ပညာနှင့် အံ့ဖွယ်အမှုများအား လုပ်ဆောင်နိုင်သည့်တန်ခိုးတော်အား မည်သည့်နေရာမှရသနည်း။ 55ဤလူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိမဟုတ်လော။ သူ၏ညီများသည် ယာကုပ်၊ ယောသေ၊ ရှိမုန်နှင့် ယုဒတို့မဟုတ်လော။ 56သူ၏ ညီမများကလည်း ကျွန်ုပ်တို့နှင့်အတူ ဤမြို့၌ရှိနေသည်မဟုတ်လော။ ဤသို့ဆိုလျှင် သူသည် ဤအံ့ဖွယ်အမှုကိစ္စအားလုံးအား မည်သည့်နေရာကနေရသနည်း” ဟုပြောဆိုကြပြီး ကိုယ်တော်ယေရှုအပေါ် ဘဝင်မကျဖြစ်နေကြလေ၏။ 57ထိုအခါ ကိုယ်တော်ယေရှုကလည်း “အရိယာသူတော်စင်များသည် သူတို့၏ဇာတိမြို့နှင့် သူတို့၏နေအိမ်မှလွဲ၍ တခြားအရပ်ဒေသတိုင်းတွင် ရိုသေလေးစားခြင်းခံရ၏” ဟုမိန့်တော်မူလေ၏။ 58လူများ၏မယုံကြည်မှုကြောင့် ကိုယ်တော်သည် နာဇရက်မြို့၌ အံ့ဖွယ်အမှုတို့ကို များစွာပြုလုပ်တော်မမူပေ။
Currently Selected:
မဿဲ 13: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: