YouVersion Logo
Search Icon

Mark 1

1
1အယ်မိုကြောရာတို့ဟ ဘုရားရှင်ရဲ့သားတော်ယေရှုခရစ်တော်ရဲ့ ဒန်းကောဖြစ်ရယ်။ 2ပညာရှေ့ပရောဖက်ဟေရှာယ ရေးသားခဲ့ဝိုကျမ်းမှာ " ငါဟ သင်လမ်းလျှောက်ဝို့လမ်းဝို ဆင်သင့်ဖြစ်စေဝို့ ငါ၏တမန်တော်တစ်ဦးဝို သင့်ရှေ့ရနေ ကြိုတံစေလွှတ်တော်မူလိုက်ပီ။ 3သူဟ တောကန္တာရမှာ " အရှင်ကြွလာတော်မူဝို့လမ်းဝို ဆင်သင့်ပြင်ထားကေ့ပါ၊ အဲမိုအရှင်ရဲ့လမ်းဝို ဖြော့ဖြူးအော်ပြုကေ့ပါ" ဆိုပီး ကြွေးကြော်ပီးနေမယ် ဆိုပီးဖော်ပြထားလေရယ်။ 4ရေနှစ်မင်ဂလာပြုပေးသူ အရှင်ယောဟန်ဟ တောကန္တာရထဲမှာ လူပေါတို့ဝို " နန်းနို့ပြစ်ဒေတွက် နော်ဒ သံဝေဂရကေ့ပါ၊ ရေနှစ်မြင်ဂလာခံယူကေ့ပါ၊ အယ်မှသာ နန်းနို့ရဲ့ဒုစရိုက်ပြစ်ဒေဝို ဘုရားရှင်ဟ ခွမ့်လွှတ်ပေးတော်မူလိမယ်ဖြစ်ရယ်" ဆိုပီး ကြွေးကြော်ဟောပြောလေရယ်။ 5အဲမိုခါ ယေရှုရှလင်န ယုဒဒေသနေ လူထုပရိသတ်ကီးဟ ယောဟန်ဆီဝို ရော့လာပီး သူ့နို့ရဲ့ပြစ်ဒုစရိုက်ဒေဝို နော်ဒကီးစွာရကြောပြောပြခီမှာ ယောဟန်ဟ အဲမိုလူဒေဝို ယော်ဒန်မြစ်မှာ ရေနှစ်မြင်ဂလာပြုပေးလေရယ်။ 6ယောဟန်ဟ ကုလားအုတ်မွှေးဝတ်ရုံဝိုခြုံပီး သားရေခါးပတ်ဝို စဲထားတတ်ရယ်။ ကျိုင်းကောင်နပျားရည်ဝို စားသုံးမှီဝဲသူဖြစ်ရယ်။ 7"ငါ့ဆီဝို ရားဒိုင်းမြင့်မြတ်ဝို ဂိုးရှင်တဦးကြွလာလိမယ်။ ငါဟ သူ့ခေနပ်ကြိုးဝို ဖလုပေးရဝိုဆင့်နကိုမှ ထိုက်တန်ရ" 8"ငါဟ ခင်ဗျားတို့ဟို ရေနရေနှစ်မြင်ဂလာပြုပေးရယ်။ သူဟ ခင်ဗျားတို့ဝို ဘုရားဝိဉာဥ်တော်န ရေနှစ်မြင်ဂလာပြုပေးလိမယ်" ဆိုပီး ယောဟန်ဟကြွေးကြော်ဟောပြောလေရယ်။ 9အယ်မိုကာလမှာ ကိုယ်တော်ယေရှုဟ ဂါလိလဲဒေသရှေ့ နာဇရက်ဗြို့ဝိုကြွရော့လာလေရယ်။ ယောဟန်ဟ ကိုယ်တော်ယေရှုဝို ယော်ဒန်မြစ်မှာ ရေနှစ်မြင်ဂလာပြုပေးလေရယ်။ 10ကိုယ်တော်ယေရှုဝို ရေနှစ်မြင်ဂလာပြုပီးခါမှာ ချင့်ချင်းဘဲ့ ကောကံဟ ဟန်းလန်းပွမ့်သွားလေရယ်။ ဘုရားရှင်ရဲ့ ဝိဉာဥ်တော်ဟ ဂျိုးငှက်တဂေါ်သွမ်န ကိုယ်တော်ထံဝို သက်ရော့တော်မူလေရယ်။ 11အယ်မိုခါ ဘုရားရှင်ဟ မိုးကောကံမှ "သင်ဟ ငါနှစ်သက်တော်မူဒဲ့ ချစ်သားဖြစ်ရယ်" ဆိုပီး သံတော်တစ်ခုထွက်ပေါ်လာရယ်။ 12အဲခီမှာဘဲ့ ဘုရားဝိဉာဥ်တော်ဟ ကိုယ်တော်ယေရှုဝို တောကန္တာရကြီးထဲဝို ထွက်ခွာသွားစေတော်မူလေရယ်။ 13အဲနေရာမှာ ရစ်ပေါလေးဆယ်ရှေ့နေစဥ်ကိုယ်တော်ယေရှုဟ မာရ်နတ်ရဲ့ စုံစမ်းနှော့ရှစ်ဇာဝိုခံခဲ့ရရယ်။ တောရိုင်းလိဆံဒေရှေ့ပေမဲ့ ဘုရားရှင်ရဲ့နတ်စေတမန်ဒေဟ ကိုယ်တော်ဝို စော့ရှော့တော်မူလေရယ်။ 14ရေနှစ်မြင်ဂလာပေးသူဆရာယောဟန်ကျဥ်းချခံရပီးနော့ ကိုယ်တော်ယေရှုဟ ဂါလိလဲဒေသဝို ကြွလာပီး 15"ဘုရားရှင်ရဲ့သာသနာတော် ထွန်းလန်းတော့ပခီရော့လာလေပီ၊ လူပေါတို့နော်ဒသံဝေဂရပီး ဒန်းဂေါဝို ယုံကြည်ကေ့ပါ" ဆိုပီး ကြေညာဟောပြောလေရယ်။ 16ကိုယ်တော်ဟ ဂါလိလဲကမ်းခြေဝို ကြွရော့တော်မူခီမှာ ရှိမုန်နညီဖြစ်သူအန္ဒြေဝို ဗျင်တွီ့တော်မူလေရယ်။ သူ့နို့ဟ တံငါသည်ဒေဖြစ်ကေ့ပီး ပမ်လယ်ငါးဒေဝိုပိုက်ကွန်နဖမ်းယူနေကေ့ရယ်။ 17ကိုယ်တော်ယရှုဟ သူ့နို့ဝို "လာကေ့၊ ငါ့နော့ဝိုလိုက်ကေ့၊ နန်းနို့ဟ ငါးဒေများကီးဖမ်းနိုင်မျိုး၊ လူဒေဝိုလဲ စုစည်းပီး ငါ့ဆီခေါ်လာရိရအော် သန်ပေးမယ်" ဆိုပီး မိတော်မူလေရယ်။ 18ချင့်ချင်းဘဲ့ ညီကိုနှေ့ယော့လုံးဟလဲ ပိုက်ကွန်ဒေဝို စွန့်ပစ်ခဲ့ကေ့ပီး ကိုယ်တော်ယေရှုနော့တော်ဝို လိုက်ပါသွားလေရယ်။ 19ကိုယ်တော်ဟ ဆစ်လက်ပီး ခရီးဆစ်တော်မူရာ ဇေဗေဒဲ၏သားဒေဖြစ်ဝို ယာကုပ်နယောဟန်တို့ဝို တွီ့လေရယ်။ 20သူ့နို့ဝ လှေထဲမှာ ပိုက်ကွန်ဒေဝို ဖာထေးပြုပြင်နေကေ့ရယ်။ ကိုယ်တော်ဟသူ့နို့ဝိုခေါ်ခီမှာ ပိုက်ကွန်ဒေဝိုစွန့်ပစ်ပီး ကိုယ်တော်ယေရှုနော့တော်ဝို လိုက်ပါသွားကေ့လေရယ်။ 21ကိုယ်တော်ယေရှုဟ ဗြိတော်ဒေန ကပေရနောင်ဗြို့ဝိုသွားလေရယ်။ နော့တနေ့ဥပုသ်ရစ်မှာ ယုဒလူမျိုးဒေရဲ့ ဓမ္မာရုံမှာ တရားတော်ဒေဝို ပို့ခလသန်ကြားမှုစတံလေရယ်။ 22ကျမ်းတတ်ဆရာတဦးမျိုးမုဘဲန သူဟဂိုးပါဝါရှေ့သူတဦးမျိုး သန်ကြားပို့ခလရိတွက်ကြော့ လူဒိုင်းအံ့ဩကေ့လေရယ်။ 23အဲခီမှာ ဓမ္မာရုံထဲမှာ ကောဆိုးဝါးပူးကပ်ခံနေရသူတဦးဟ ရုတ်တရစ် 24"နာဇရက် ဗြို့သားရှင်ယေရှု၊ ကျော်တို့ဝို ဟဲရာလိုရှေ့ရိနူး၊ ကျော်တို့ဝိုဖျစ်စီးဝို့လာဇာလော၊ အရှင် ဟယ်သူနူးဆိုဇာဝို ကျော်တို့သိပါရယ်၊ အရှင်ဟဘုရားဆီဟကြွလာဒဲ့ မြင့်မြတ်ဝိုလူတစ်ယော့ဖြစ်ရယ်" ဆိုပီး အော်ဟစ်ငိုကြွေးပီးပြာလေရယ်။ 25ကိုယ်တော်ဟ အဲမိုကောဆိုးဝါးဝို " တိစမ်း၊ သူ့ဆီဟထွက်သွား" ဆိုပိး မိပေးလေရယ်။ 26အဲခါမှ ကောဆိုးဝါးဟ သံကျယ်ကျယ်နအော်ဟစ်ပီး ထွက်သွားလေရယ်။ 27လူထုပရိသတ်တို့ဟလဲ ရားဒိုင်းအံ့ဩသွားပီး၊ "အံ့ဩဝို့ကောင်းဝါးပေဝို၊ ခွမ့်အာဏာနဆုံးမဝို နည်းသစ်ခုဘဲ့၊ ကောဆိုးဝါးဒွေဝိုတောင် မိပေးနိုင်ဒဲ့သူပဲ" ဆိုပီး ချင်းချင်းပြောဆိုကေ့လေရယ်။ 28အဲ့ကြော့ကိုယ်တော်၏ဒန်းဟ ချင့်ချင်း ဂါလိလဲဒေသခုလုံးဝို ပလန့်နှံ့သွားလေရယ်။ 29အဲနော့ချင့်ချင်း ကိုယ်တော်ယေရှုဟ ရားဟောဓမ္မာရုံရနေ ထွက်ခွာပီး ရှိမုန်၊အန္ဒြေတို့၏အီဝို ယာကုပ်၊ ယောဟန်တို့နတူ ကြွတော်မူလေရယ်။ 30အဲအီဝိုရော့ခီမှာ ရှိမုန်၏ယောက္ခမဟ ဖျားနာပီး အိယာထဲလှဲနေလေရယ်။ အီသားဒေဟ သူမဖျားနာနေဇာဝို ကိုယ်တော်ဝို လျှောက်ထားလေရာ 31ကိုယ်တော်ဟ လူနာဆီဝို သွားပီး လက်ကိုကိုင်ပီး ထူမပေးလိုက်န လူနာဟချင့်ချင်းကောသွားပီး ကိုယ်တော်နဗြိဒေဝို သူမကိုယ်တိုင် စားသော့ဒေန ကျွေးမွေးဧည့်ခံလေရယ်။ 32အဲနေ့ညစ်နေစောင်းခီမှာ လူတို့ဟ ရောဂါသည်ဒေ၊ ကောဆိုးဝါးစွဲကပ်နေသူဒေဝို ကိုယ်တော်ဆီဝို ခေါ်လာကေ့လေရယ်။ 33ဗြို့လုံးဟ လူဒေဟ အဲအီ ခေါ့ပေါ့ရှေ့မှာ စုဝေးရော့လာကေ့ရယ်။ 34ကိုယ်တော်ယေရှုဟ လူနာအားလုံးဝိုကုသပေးခဲ့လေရယ်။ အဲလူဒေမှာစွဲကပ်နေဝိုကောဆိုးဝါးမျိုးမျိုးဒေဝိုလဲ မောထုလိုက်လေရယ်။ ကောဆိုးဝါးဒေဟ ကိုယ်တော်ဟ ဟယ်သူဖြစ်နူးဆိုဇာဝိုလဲသိကေ့ရယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟ ကောဆိုးဝါးဒေဝို ဂါးပြောခွမ့်ပေးရ။ 35နော့နေ့မိုးမလန်းမှီ ကိုယ်တော်ယေရှုဟ အိရာရနေထပီး ပါးတည်းဝတ်ပြုဆုတောနိုင်ဝို နေရာဝိုသွားရော့ဆုတောလေရယ်။ 36ရှိမုန်နပေါဖော်ဒွေဟ ကိုယ်တော်ဝိုရှာဖွီကေ့လေရယ်။ 37ကိုယ်တော်ဝို တွီ့ခါမှာ " လူတိုင်းဟ ကိုယ်တော်ဝို လိုက်ရှာနေကေ့ပါရယ်" ဆိုပီး လျှော့တံကေ့လေရယ်။ 38ကိုယ်တော်ယေရှုဟ နီးနားမှာရှေ့ဝိုဗြို့ဒွေဝိုသွားပီး ရားဟောရမှာဖြစ်ရိတွက် ကိုယ်တော်ကြွရော့လာခြင်းဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 39အဲနော့ကိုယ်တော်ဟ ဂါလိလဲဒေသ၏ ရားဓမ္မာရုံဒွေမှာ ရားဟောပြောတော်မူလေရယ်။ ကောဆိုးဝါးဒွေဝိုလဲမောထုပေးရယ်။ 40နာဂီးရောဂါသည်ဦးဟ ကိုယ်တော်ဆီဝိုရော့လာပီး ဒူးထော့ပီးလျှော့ထားတောပန်ဇာမှာ " ကိုယ်တော်ဆန္ဒရှေ့ရုံန ကျော့်ရောဂါဝို ပျော့ကမ်းအော် လုပ်ပေးနိုင်ပါရယ်" ဆိုပီး လျှော့ထားတောပန်လေရယ်။ 41ကိုယ်တော်ယေရှုဟ သူ့ပေါ်ဂရုနာသက်သွားပီး သူ့ကိုယ်ပေါ်ဝိုလက်တော်တံပီး " မင်းဝိုရောဂါပျော့ကမ်းစေလိုဒဲ့ဆန္ဒ ငါ့မှာရှေ့ပါရယ်။ ခုပဲ မင်းရောဂါ ပျော့ပါစေ" ဆိုပီး ဆိုလေရယ်။ 42ချင့်ချင်းဘဲ့ အဲလူ၏နူနာပျော့ကမ်းသွားပီး လူကောပကတိဖြစ်သွားလေရယ်။ 43အဲမိုသူဝိုလဲ အောက်ပါတိုင်း တင်းကြပ်စွာဒိပေးဂါးပြောကြားပီးနော့ သူလ ချင့်ချင်းပဲ အဲလူ၏နူနာပျော့ကမ်းသွားပီး လူကောပကတိဖြစ်သွားလေရယ်။
ာရာလမ်းတိုင်း ပလန်လည်ထွက်ခွာသွားစေရယ်။ 44အဲမိုဒိပေးဂါးဟ " အယ်မိုကိစဝို ဟယ်သူမှပြောပါန၊ ဘာသာရေးခေါ်ဆော်ဒေဆီဝိုသွားပီး နန့်ရောဂါပျော့ကမ်းသွားဇာဝို သက်သေပြလိုက်ပါ၊ မောရှကျမ်းတိုင်း လှူဖွယ်ပစ္စည်းဒေဝိုလဲပူဇော်လိုက်ပါ" ဆိုပီး မိတော်မူလေရယ်။ 45အယ်ပေမဲ့ အဲလူဟ လူများကီးဝို အဲကိစဝို ပြောပြရိတွက်ကြော့ ကိုယ်တော်ယေရှုဟ လူများဗြင်ပဲအော် မထင်မရှားနသွားလာရလေရယ်။ အဲကြော့ ကိုယ်တော်ဗြို့ထဲဝိုသွားခါမှာ လူဒေဗြင်ပဲအော် ပုန်းလျိုးကွယ်လျှိုးနသွားရလေရယ်။ အယ်ဘေမဲ့ ကိုယ်တော်ရော့လေရာနေရာဒိုင်းမှာ လူဒေကြိကြိတိုးရော့လာကေ့လေရယ်။

Currently Selected:

Mark 1: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in