YouVersion Logo
Search Icon

Matthew 28

28
1ဥပုသ်နေ့လွန်ပြီးနော့ ရစ်သတ္တပတ်ရဲ့ ပထမနေ့၊ နန်းနွေနေ့၊ အာရုံတက်ခီဝို ရော့ဝိုခါမှာ မာဂဒလဗြို့သူ မာရိ န ခြားမာရိဒို့ဟ ဂူသန်းခလိုင်းတော်ဝို သွားကေ့ဂေ့လေရယ်။ 2အဲခီ ပြင်းထန်​ဝို ငလျင်ကီးလှုပ်​လေ​ရယ်။ဟဲဖြစ်ရိနူးဆိုဝါ ဘုရားရှင်ရဲ့ နတ်ဒေဝါတပါးဟ ရွှေဗြို့တော်ဟ ဆင်းသက်လာပြီး ကလော့တုံး​ဝို လှိဖယ်​ကာ အဲမိုပေါ်မှာ ထိုင်နေရိတွက်ဖြစ်ရယ်။ 3အဲမိုနတ်ဒေဝါ​ရဲ့ဆင်း​သဏ္ဌာန်​ဟ လျှပ်စီးလက်​မျိုး​ဖြစ်​ပြီး သူ့ဝတ်​ဟ နှံးပွမ့်မျိုးဖြူရယ်။ 4စော့ဒွေဟ အဲမိုနတ်ဒေဝါဝို ကြောက်ရွံ့​တူလှုပ်ရိ လူသေဒွေမျိုးကိုယ်လုံး တော့တင်းသွားလေရယ်။ 5အဲခါ နတ်ဒေဝါဟ မျိုးမီးဒွေဝို "ကြော့ရွံ့​ဇာမှေ့ဂေ့ပါန။ သင်​ဒို့ဟ လက်ဝါးကပ်တိုင်​ပေါ်ဝို တံ​ခံရ​ဝို ကိုယ်တော်ယေရှုဝို ရှာ​နေ​ဂေ့ဇာဝို ကျော်​သိ​ပါရယ်။ 6ကိုယ်တော်​ဟ အယ်မို​နေရာ​မှာမှေ့ဟန်း။ ဟဲဖြစ်ရိနူးဆိုဝါ ကိုယ်တော် မိတော်မူ​ခဲ့​တိုင်း သက်ပလန်ရှင်​တော်မူ​ပြီဖြစ်ရိတွက်ဖြစ်ရယ်။ ကိုယ်တော် လျော​တော်မူဝိုနေရာဝို လာ​ရော့ဂေ့​ရှုဂေ့​လော့။ 7ခုဘဲ့ဗြန်ဗြန်သွားပီး ဗြိတော်ဒွေဝို ကိုယ်တော်​ဟ သေခြင်းဟ သက်ပလန်ရှင်​တော်မူ​ပြီးနော့ ဂါလိလဲ​နယ်ဝို သင်​ဒို့​ထက်​ရင်ဦးဆုံး​ကြွ​နှင့်​တော်မူဝိုကြောဝို ပြောပြဂေ့လော့။ သင်​ဒို့ဟ အဲမိုရပ်မှာ ကိုယ်တော်​ဝို တွီ့ဗြင်ဂေ့ရလိမယ်၊ ငါပြောခဲ့ဇာဒွေဝို ဒိရဂေ့လော့" ဆိုပီး မိဆိုလေရယ်။ 8မျိုးမီးဒွေဟ ကြော့ရွံ့​ဂေ့ဘေမဲ့ ရားဒိုင်း​ဝမ်းမြော့ပီး ဂူသန်းခလိုင်းတော်​ဟ ဗြန်ဗြန်​ထွက်သွား​ကေ့ပီး ဗြိတော်ဒွေဝို ပြောပြဝို့ ပလေး​သွား​ဂေ့ရယ်။ 9ရုတ်တရစ် ကိုယ်တော်ယေရှုဟ သူ့နို့နတွီ့ဆုံပီး "ငြိမ်းချမ်းခြင်းရှေ့ပါစေ"​ဆိုပီး မိတော်မူလေ​ရယ်။ သူ့နို့ဟ ကိုယ်တော့်ဆီဝိုချဉ်းကပ်​ပီး ကိုယ်တော်ရဲ့​ခေတော်​ဝို ဖက်​ထား​ကာရှေ့ခိုး​ဂေ့လေရယ်။ 10အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို "ကြော့ဂေ့ပါန။ ဂါလိလဲ​ဝိုသွားပြီး ငါညီကိုဒွေဝို သွားရော့ပြောကြား​လော့။ သူ့နို့ဟ အဲမို​နေရာမှာ ငါ့ဝိုတွီ့ဗြင်ဂေ့ရလိမယ်​"​ဆိုပီး မိတော်မူရယ်။ 11အဲမိုမျိုးမီးဒွေသွားဂေ့ခီမှာ ဂူသန်းခလိုင်းဝို စော့ကြပ်ဝို စစ်သားချို့ဟ ဗြို့​ထဲဝို​လာပီး ဖြစ်ပျစ်​ခဲ့​သမျှ​ဝို ဂျူးပုရောဟိတ်​ကြီးကဲ​ဒွေဝို ပြောပြဂေ့လေရယ်။ 12အဲခါ ဂျူးပုရောဟိတ်​ကြီးကဲ​ဒွေဟ ဂျူးလူမျိုး ကြီးကဲဒွေန တိုင်ပံ​ဆွေးနွေး​ဂေ့​ပြီး စစ်သား​ဒွေဝို ငွေ​များဂီး​ပေး​ပြီး 13ည​စ်ခမ်းပိုင်း ငါ​ဒို့​အိပျော်​နေ​ခီ ကိုယ်တော် ယေရှုရဲ့ ဗြိတော်ဒွေဟ လာ​ပီး လောဝို​ခိုး​သွား​ဂေ့ရယ်"​ဆိုပီး ပြောဂေ့လော့။ 14အဲမိုဒန်းဟ ဘုရင်ခံ​၏ရဲ့နား​ဝို​ပေါ့ကြား​ခဲ့​ရင် ဘုရင်ခံဝို ငါ​ဒို့ဖျောဖျပေးမှာဖြစ်ရိ သင်​ဒို့​စိုးရီစရာ​မ​လိုရ" ဆိုပီး ပြောလေရယ်​။ 15အဲခါ စစ်သား​ဒွေဟ ငွေ​ဝို​ယူ​ပီး သူ​နို့ဝို ညွှန်ကြားထားတိုင်း ဆော်ဝက်ဂေ့လေရယ်။ အဲမျိုးနဘဲ့ အဲမိုဒန်းဟ ဂျူး​လူမျိုးဒွေကြားထဲမှာ ခုထိ​တိုင်အော် ပလန့်နှံ့လျက်ရှေ့ရယ်။ 16အဲနော့ ဗြိတော်​ဆယ့်တစ်ပါးဟ ကိုယ်တော်ယေရှုဟ သူ့နို့ဝိုသွားဝို့မိတော်မူခဲ့ဝို ဂါလိလဲဒေသဟ တော်ပေါ်ဝို တက်သွား​ဂေ့​ပြီး 17ကိုယ်တော်​ဝိုတွီ့ဗြင်ဂေ့ခါမှာ ရှေ့ခိုးဂေ့ဘေမဲ့ ဗြိတော်ချို့ဟကလလော သံသယ​ဖြစ်ခဲ့ဂေ့လေရယ်။ 18အဲခါ ကိုယ်တော်ယေရှု​ဟ သူ့နို့ဆီဝို​ချဉ်းကပ်လာ​ရိ "ကောကံနမလေဂီး​ပေါ်မှာရှေ့သမျှ​ခွမ့်​အာဏာ​ဒွေဝို ငါ့​ဝိုပေးအပ်​တော်မူ​ပီ။ 19အဲဂျော့ရိ အဖဘုရားရှင်၊ သားတော်န ဘုရားဉာဏ်လင်းတော်ရဲ့ မည်နာမမှာ ရေနှစ်မြင်ဂလာပေးပီး လူမျိုးပေါဒွေဝို ငါ့ရဲ့ဗြိဖြစ်စေဂေ့လော့။ 20နန်းနို့ဝို ငါ​ပညတ်​ထား​သမျှ​ရာ​ဂူလုံး​ဒို့ဝို စော့ထီးဝို့ သူ့နို့ဝို သွန်သန်ဂေ့လော့။ ငါ​ဟ​လည်း ကပ်ကမ္ဘာ​ကူဆုံး​ခီထိ နန်းနို့နတူ မြဲရှေ့တော်မူမယ်" ဆိုပီး မိတော်မူ​ရယ်။

Currently Selected:

Matthew 28: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in