YouVersion Logo
Search Icon

ဧဖက် 1

1
1ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။- 2သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ခ​ရစ်​တော်၌​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ
3ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊- 4ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- 5-6ထို​ဘု​ရား​သ​ခင်​သည် ချစ်​တော်​မူ​သော သား​တော်​ကြောင့်၊ ငါ​တို့​အား ပေး​တော်​မူ​သော ကျေး​ဇူး​တော်၏ ဘုန်း​အ​သ​ရေ​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သား​အ​ရာ​ကို ရ​မည်​အ​ကြောင်း၊ အ​လို​တော်​ရှိ​သော စေ​တ​နာ​အ​တိုင်း ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- 7-8ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။- 9ဘု​ရား​သ​ခင်​သည် နှ​လုံး​သွင်း​တော်​မူ​သော စေ​တ​နာ​တော်​နှင့် လျော်​သော အ​လို​တော်၏ နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​အား ပြ​တော်​မူ၏။- 10ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။- 11မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။- 12အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​ကို မျှော်​လင့်​နှင့်​သော ငါ​တို့​အား​ဖြင့် ဘုန်း​တော်​ကို ချီး​မွမ်း​စေ​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။- 13သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။- 14ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။
ပေါ​လု၏​ဆု​တောင်း​ပ​တ္ထ​နာ
15ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊- 16သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- 17ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊- 18ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- 19ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။- 20ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။- 21ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊- 22ခြေ​ဖ​ဝါး​တော်​အောက်​သို့ အ​လုံး​စုံ​တို့​ကို ချ​ထား​သ​ဖြင့်၊ အ​သင်း​တော်​အ​ဖို့​အ​လို​ငှာ၊ သူ့​ကို​အ​လုံး​စုံ​တို့၏ အ​ချုပ်​အ​ခြာ ဦး​ခေါင်း​ဖြစ်​စေ​တော်​မူ၏။- 23ထို​အ​သင်း​တော်​ကား၊ အ​လုံး​စုံ​တို့​ကို အ​လုံး​စုံ​တို့​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​သူ၏ ပြည့်​စုံ​ခြင်း​တည်း​ဟူ​သော ခ​ရစ်​တော်၏​ကိုယ် ဖြစ်​သ​တည်း။

Currently Selected:

ဧဖက် 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy