YouVersion Logo
Search Icon

Popular Bible Verses from ဧဖက် 1

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။- ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။- ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊

ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​ဘု​ရား​သ​ခင်​သည် ချစ်​တော်​မူ​သော သား​တော်​ကြောင့်၊ ငါ​တို့​အား ပေး​တော်​မူ​သော ကျေး​ဇူး​တော်၏ ဘုန်း​အ​သ​ရေ​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သား​အ​ရာ​ကို ရ​မည်​အ​ကြောင်း၊ အ​လို​တော်​ရှိ​သော စေ​တ​နာ​အ​တိုင်း ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။

Free Reading Plans and Devotionals related to ဧဖက် 1

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy