YouVersion Logo
Search Icon

ဧဖက် 2

2
သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့
1-2သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။- 3ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။- 4သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- 5ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။- 6ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ကို ထ​မြောက်​စေ၍ ကောင်း​ကင်​အ​ရပ်၌ နေ​ရာ​ပေး​တော်​မူ​ပြီ။- 7အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။- 8ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။- 9ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။- 10အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။
ခ​ရစ်​တော်၌​တစ်​လုံး​တစ်​ဝ​တည်း
11ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊- 12ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။- 13သင်​တို့​သည် အ​ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။- 14အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။- 15ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊- 16ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။- 17ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။- 18ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။
19ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။- 20အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။- 21ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။- 22ထို​ဗိ​မာန်​တော်၌​လည်း၊ ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ကျိန်း​ဝပ်​တော်​မူ​ခြင်း​အ​လို​ငှာ၊ သင်​တို့​သည် ငါ​တို့​နှင့်​အ​တူ တည်​ဆောက်​လျက်​ရှိ​ကြ၏။

Currently Selected:

ဧဖက် 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy