YouVersion Logo
Search Icon

ကောလောသဲ 1

1
1ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊- 2ကော​လော​သဲ​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​သော​ညီ​အစ်​ကို​တို့​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ချီး​မွမ်း​ခြင်း​နှင့်​ဆု​တောင်း​ခြင်း
3-5သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။- 6ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။- 7သင်​တို့​အ​မှု​ကို စောင့်၍၊ ခ​ရစ်​တော်​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​တို့​ချစ်​သော ကျွန်​ချင်း ဧ​ပ​ဖြ​သည် သင်​တို့​ကို သွန်​သင်​သည်​အ​တိုင်း သင်​တို့​သည် ကြား၍၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ ဝန်​ခံ​သော​နေ့​မှ​စ၍ ထို​သို့​သော​အ​ကျိုး​ရှိ၏။- 8သင်​တို့၌​ရှိ​သော ဝိ​ညာဉ်​ပ​က​တိ​မေ​တ္တာ​ကို ဧ​ပ​ဖြ​သည် ငါ​တို့​အား​ပြ​ခဲ့​ပြီ။
9-11ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- 12အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။- 13မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။- 14ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။
ခ​ရစ်​တော်​၏​ကြီး​မြတ်​ခြင်း
15ထို​သား​တော်​သည် မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​ဖြစ်၏။ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​တွင်​လည်း သား​ဦး​ဖြစ်​တော်​မူ၏။- 16အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။- 17သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။- 18အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။- 19အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်၌ ကျိန်း​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 20လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။
21အ​ထက်​က ဘု​ရား​သ​ခင်​နှင့်​ကွာ​ရှင်း၍၊ ဆိုး​ညစ်​သော​အ​ကျင့်​ကို ကျင့်​သ​ဖြင့် စိတ်​နှ​လုံး၌ ရန်​သူ​ဖြစ်​သော သင်​တို့​ကို၊ ကိုယ်​ခ​န္ဓာ​တော်၌ အ​သေ​ခံ​တော်​မူ​သော အား​ဖြင့်၊ ယ​ခု မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။- 22-23အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အား ဟော​ပြော​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ မျှော်​လ​င့်​ခြင်း​မှ မ​ရွေ့​လျော့​ဘဲ၊ တိုက်​မြစ်​ကျ​ခြင်း၊ တည်​ကြည်​ခြင်း​နှင့်​တ​ကွ မြဲ​မြံ​စွာ​ယုံ​ကြည်​ကြ​လျှင်၊ သန့်​ရှင်း​စင်​ကြယ်​လျက် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​ရှိ​သော သင်​တို့​ကို ရှေ့​တော်၌ ဆက်​သ​မည်​အ​ကြောင်း​တည်း။
အ​သင်း​တော်​အ​တွက်​အ​စေ​ခံ​ခြင်း
24ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။- 25-26ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော်​လည်း၊ ယ​ခု​တွင် သန့်​ရှင်း​သူ​တို့​အား ဖော်​ပြ​သော နက်​နဲ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ကျိုး​ကို ထောက်၍၊ ငါ့​အား အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​နှင့်​အ​ညီ၊ ငါ​သည် အ​သင်း​တော်၌ ဓ​မ္မ​ဆ​ရာ၏ အ​ဖြစ်​သို့​ရောက်​ရ​ပြီ။- 27တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။- 28ခ​ရစ်​တော်​အား​ဖြင့် လူ​တိုင်း​စုံ​လင်​ခြင်း​သို့ ရောက်၍ လူ​ခပ်​သိမ်း​တို့​ကို ဆက်​သ​အံ့​သော​ငှာ၊ ငါ​တို့​သည် လူ​ခပ်​သိမ်း​တို့​ကို သ​တိ​ပေး၍ ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။- 29ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy