YouVersion Logo
Search Icon

ဖိလိပ္ပိ 4

4
ညွှန်​ကြား​ချက်​များ
1ထို​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ ငါ့​ဦး​ရစ်​သ​ရ​ဖူ​တည်း​ဟူ​သော၊ ငါ​ချစ်၍ အ​လွန်​လွမ်း​သော ညီ​အစ်​ကို​တို့၊ ငါ​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း သ​ခင်​ဘု​ရား၌ တည်​နေ​ကြ​လော့၊ ငါ့​ချစ်​သူ​တို့။- 2ဧ​ဝေါ​ဒိ​နှင့်​သု​န္တုတ်​တို့​သည် သ​ခင်​ဘု​ရား၌ သ​ဘော တ​ညီ​တ​ညွတ်​တည်း ဖြစ်​ရ​ကြ​မည်​အ​ကြောင်း​ကို ငါ​တောင်း​ပန် သွေး​ဆောင်​ပါ၏။- 3အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။
4သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။- 5လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။- 6အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။- 7ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။
8ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။- 9သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။
အ​လှူ​အ​တွက်​ကျေး​ဇူး​တင်​ခြင်း
10ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။- 11ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။- 12ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- 13ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။- 14သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။- 15အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။- 16သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။- 17ထို​သို့​ငါ​ဆို​သော်၊ အ​လှူ​ကို ရှာ​သည်​မ​ဟုတ်၊ သင်​တို့၌ ကြွယ်​ဝ​သော​အ​ကျိုး​ကို ရှာ၏။- 18ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။- 19ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။- 20ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။
နောက်​ဆုံး​နှုတ်​ဆက်​စ​ကား
21ယေ​ရှု​ခ​ရစ်၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။- 22ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။- 23ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။
ဖိ​လိ​ပ္ပိ​ဩ​ဝါ​ဒ​စာ​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy