YouVersion Logo
Search Icon

ကောလောသဲ 2

2
1သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​သူ​မြို့​သား​တို့​မှ​စ၍၊ ငါ့​မျက်​နှာ​ကို မ​မြင်​ဖူး​သော​သူ ရှိ​သ​မျှ​တို့​သည်၊- 2မေ​တ္တာ​ချင်း​ထုံး​ဖွဲ့၍၊ ခ​မည်း​တော်​ဘု​ရား​နှင့် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကို​နား​လည်​နိုင်​သော ဝိ​စိ​ကိ​စ္ဆာ​နှင့် ကင်း​စင်​သော ဉာဏ်၏ စည်း​စိမ်​အ​ပေါင်း​နှင့် ပြည့်​စုံ၍၊ စိတ်​နှ​လုံး​သက်​သာ​စေ​မည်​အ​ကြောင်း အ​ဘယ်​မျှ​လောက်​ကြီး​သော တိုက်​လှန်​ခြင်း​ကို ငါ​ခံ​ရ​သည်​ဟု သင်​တို့​သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 3ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။- 4အ​ဘယ်​မည်​သော​သူ​မျှ ဖြား​ယောင်း​သော စ​ကား​အား​ဖြင့် သင်​တို့​ကို မ​လှည့်​ဖြား​စေ​ခြင်း​ငှာ၊ ဤ​စ​ကား​ကို ငါ​ပြော​ဆို၏။- 5ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ၍ နေ​သော်​လည်း၊ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် လျောက်​ပတ်​စွာ စီ​ရင်​ပြု​ပြင်​တတ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၌ ခိုင်​ခံ့​စွာ ယုံ​ကြည်​သည်​ကို​လည်း​ကောင်း မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ၏။
ခ​ရစ်​တော်၌​စုံ​လင်​ခြင်း
6ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊- 7ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။
8ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- 9အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။- 10အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။- 11ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊- 12ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- 13ဒု​စ​ရိုက်​အ​ပြစ်၌​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ၏ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​ဖြစ်၌​လည်း​ကောင်း သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ၍၊ သင်​တို့ အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ၏။- 14ငါ​တို့​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့် စပ်​ဆိုင်​သော​လက်​မှတ်​ကို ချေ၍၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​လျက်၊ ငါ​တို့​စပ်​ကြား​ထဲ​က ပယ်​ရှင်း​တော်​မူ​ပြီ။- 15အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်​များ​ကို လု​ယူ​လျှင်၊ ထင်​ရှား​စွာ ထုတ်​ပြ၍ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် အောင်​ပွဲ​ကို ခံ​တော်​မူ​ပြီ။
16ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။- 17ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။- 18ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။- 19ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။
ခ​ရစ်​တော်​နှင့်​အ​တူ​သေခြင်းနှင့်​ရှင်​ခြင်း
20သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊- 21မ​တို့​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော ပ​ညတ်​စ​ကား​ကို လော​ကီ​အ​သက်​ရှင်​သေး​သ​ကဲ့​သို့၊ အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း။- 22လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။- 23ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy