YouVersion Logo
Search Icon

တမန်တော် 27

27
ရော​မ​မြို့​သို့​သင်္ဘော​နှင့်​ကူး​ခြင်း
1ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။- 2အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။- 3နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။- 4ထို​မြို့​မှ​ထွက်၍ လေ​မ​သင့်​သော​ကြောင့်၊ ကု​ပ​ရု​ကျွန်း​မြောက်​ဘက်​နား​သို့​လျှောက်​သွား​သ​ဖြင့် ကိ​လိ​ကိ​ပြည်၊- 5ပမ်​ဖု​လိ​ပြည်​နှင့် စပ်​သော​ပင်​လယ်​ကို​ကူး၍၊ လု​ကိ​ပြည်၊ မု​ရ​မြို့​သို့ ရောက်​ကြ၏။- 6ထို​မြို့၌ ဣ​တ​လိ​ပြည်​သို့ ကူး​သော အာ​လေ​ဇ​န္ဒြိ သင်္ဘော​ကို တပ်​မှူး​သည်​တွေ့၍၊ ထို​သင်္ဘော​ထဲ​သို့ ငါ​တို့​ကို သွင်း​ထား​လေ၏။- 7နှေး​နှေး​သာ​သွား၍ နေ့​ရက်​ကာ​လ​ကြာ​သော​အ​ခါ၊ ပင်​ပန်း​စွာ ကြိုး​စား၍ က​နိဒ်​မြို့​နှင့်​တည့်​တည့်​ရောက်​ပြီး​မှ၊ လေ​မ​သင့်​သော​ကြောင့် က​ရေ​တေ​ကျွန်း အ​ရှေ့​ဘက်၊ သာ​လ​မုန်​အ​ငူ​နှင့်​တည့်​တည့်​သို့ ပင်​ပန်း​စွာ လျှောက်​သွား၍၊- 8လာ​သဲ​မြို့​နှင့်​အ​နီး၊ ကာ​လု​လိ​မင်း​အ​မည်​ရှိ​သော အ​ရပ်​သို့ ရောက်​ကြ၏။
9ကာ​လ​ကြာ​သည်​ရှိ​သော်၊ ကြီး​စွာ​သော​ဥ​ပုသ်​နေ့​လွန်၍ ပင်​လယ်​မ​ကူး​သင့်​သော လ​ဥ​တု​အ​ချိန်​ဖြစ်​သည်​ကို ပေါ​လု​သည် ထောက်၍၊- 10အ​ချင်း​လူ​တို့၊ ယ​ခု​မှာ​ပင်​လယ်​ကူး​လျှင် သင်္ဘော​နှင့်​ကုန်​များ​တို့​သည် ဆုံး​ရှုံး​သည်​သာ​မ​က၊ ငါ​တို့ အ​သက်​ပျက်​စီး​ရာ​သော ဘေး​အ​န္တ​ရာယ်​ရောက်​မည်​ကို ငါ​ထင်​မြင်​သည်​ဟု သ​တိ​ပေး၏။- 11သို့​သော်​လည်း၊ တပ်​မှူး​သည် ပေါ​လု​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ တက်​မ​ကိုင်​စ​ကား​နှင့် သင်္ဘော​သူ​ကြီး စ​ကား​ကို နား​ထောင်၏။- 12ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။
လေ​ပြင်း​မုန်​တိုင်း​ကျ​ခြင်း
13တောင်​လေ​သည် ဖြည်း​ညင်း​စွာ​လာ​သော​အ​ခါ၊ ယ​ခု​မီ​နိုင်​သည်​ဟု စိတ်​ထင်​နှင့်​လွှင့်၍၊ က​ရေ​တေ​ကျွန်း​နား​သို့ လျှောက်​သွား​ကြ၏။- 14ကာ​လ​မ​ကြာ​မ​မြင့်​မီ ဥ​ရု​က​လု​ဒုန် အ​မည်​ရှိ​သော လေ​ပြင်း​မုန်​တိုင်း​သည် သင်္ဘော​ကို တိုက်၍၊- 15တစ်​ဟုန်​တည်း ဆောင်​သွား​သ​ဖြင့်၊ သင်္ဘော​သည် ထို​လေ​ကို​မ​ခံ​နိုင်​သော​ကြောင့်၊ ငါ​တို့​သည် အား​လျော့၍ လေ​တိုက်​ရာ​သို့ ပါ​လွင့်​ကြ၏။- 16က​လော​ဒေ​ကျွန်း​နား​မှာ ပြေး​စဉ်​တွင်၊ သ​မ္ဗန်​ကို မ​ပျက်​စေ​ခြင်း​ငှာ ပင်​ပန်း​စွာ ကြိုး​စား၍၊- 17သင်္ဘော​ပေါ်​သို့ တင်​ပြီး​လျှင်၊ သင်္ဘော​ကို​ခိုင်​ခံ့​စေ​ခြင်း​ငှာ ကြိုး​နှင့်​ပတ်​စည်း​ကြ၏။ သောင်​ပေါ်​မှာ တင်​မည်​ကို​လည်း စိုး​ရိမ်​သော​ကြောင့် ရွက်​ကို​သိမ်း​သ​ဖြင့် လေ​တိုက်​ရာ​သို့​ပါ​လွင့်​ကြ၏။- 18လှိုင်း​ထ​အား​ကြီး​သော​ကြောင့် အ​လွန်​တုန်​လှုပ်၍၊ နက်​ဖြန်​နေ့၌ ဝန်​ကို​ထုတ်​ပစ်​ကြ၏။- 19သုံး​ရက်​မြောက်​သော​နေ့၌ သင်္ဘော​တန်​ဆာ​များ​ကို ကိုယ်​လက်​နှင့် ကိုင်​ယူ၍ ပစ်​လိုက်​ကြ၏။- 20နေ၊ လ၊ ကြယ်​န​က္ခတ်​တို့​ကို တာ​ရှည်​စွာ မ​မြင်​ရ၍ မိုး​သက်​မုန်​တိုင်း အား​ကြီး​သေး​သ​ဖြင့်၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​စ​ရာ​အ​ခွင့် အ​လျှင်း​မ​ရှိ။
21အ​စာ​ကို​မ​စား​ဘဲ ကြာ​မြင့်​စွာ နေ​ကြ​ပြီး​မှ၊ ပေါ​လု​သည် ထို​သူ​တို့၏ အ​လယ်၌​ထ၍၊ အ​ချင်း​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ က​ရေ​တေ​ကျွန်း​မှ မ​လွှင့်​ဘဲ​နေ​လျှင် ဤ​ပျက်​စီး​ဆုံး​ရှုံး​ခြင်း​နှင့် ကင်း​လွတ်​ရ​ကြ၏။- 22ယ​ခု​တွင် စိတ်​သက်​သာ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်္ဘော​ဆုံး​ခြင်း​မှ​တစ်​ပါး သင်​တို့​တွင် အ​ဘယ်​သူ​မျှ အ​သက်​မ​ဆုံး​ရ၊- 23အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊- 24ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။- 25ထို​ကြောင့် အ​ချင်း​လူ​တို့ သက်​သာ​ခြင်း ရှိ​ကြ​လော့။ ငါ့​အား မိန့်​တော်​မူ​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်​ဟု ငါ​သည်​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ယုံ​ခြင်း​ရှိ၏။- 26သို့​သော်​လည်း တစ်​စုံ​တစ်​ခု​သော​ကျွန်း​ပေါ်​မှာ သင်္ဘော​တင်၍ ပျက်​ရ​မည်​ဟု ပေါ​လု​ဆို၏။
27တစ်​ဆယ်​လေး​ရက်​မြောက်​သော​နေ့ ည​ရောက်​သော​အ​ခါ၊ ငါ​တို့​သည် အာ​ဒြိ​ပင်​လယ်​တွင် အ​ရပ်​လေး​မျက်​နှာ​သို့ လူး​လာ​သွား​ကြ​စဉ်၊ သန်း​ခေါင်​အ​ချိန်၌ တစ်​စုံ​တစ်​ခု​သော ကမ်း​အ​နီး​သို့ ရောက်​လု​သည်​ဟု သင်္ဘော​သား​တို့​သည် ထင်​မှတ်​သ​ဖြင့်၊- 28ရေ​ကို​စမ်း​လျှင် အ​လံ​နှစ်​ဆယ်​ရှိ​သည်​ကို တွေ့​ကြ၏။ ထို​မှ စိုး​စည်း​လွန်​ပြန်​လျှင်၊ တစ်​ဖန်​ရေ​ကို​စမ်း၍ တစ်​ဆယ်​ငါး​လံ​ရှိ​သည်​ကို တွေ့​ကြ၏။- 29ကျောက်​ကို တိုက်​မိ​မည်​စိုး​ရိမ်​သော​ကြောင့် သင်္ဘော​ပဲ့​မှ ကျောက်​ဆူး​လေး​လက်​ကို​ချ၍ မိုး​လင်း​ပါ​စေ​ဟု ဆု​တောင်း​ကြ၏။- 30သင်္ဘော​သား​တို့​သည် သင်္ဘော​ကို စွန့်​သွား​မည်​ဟု အ​ကြံ​ရှိ​သည်​နှင့် သင်္ဘော​ဦး​သို့​သွား၍ ကျောက်​ဆူး ချ​ဟန်​ပြု​လျက် သ​မ္ဗန်​ကို​လျှော့​စဉ်​တွင်၊- 31ပေါ​လု​က၊ ဤ​သူ​တို့​သည် သင်္ဘော​ပေါ်၌ မ​နေ​လျှင် သင်​တို့​သည် ချမ်း​သာ​မ​ရ​နိုင်​ကြ​ဟု တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​အား ဆို၏။- 32ထို​အ​ခါ စစ်​သူ​ရဲ​တို့​သည် သ​မ္ဗန်​ကြိုး​ကို ခုတ်​ဖြတ်၍ ချ​လိုက်​ကြ၏။
33မိုး​လင်း​လု​သော​အ​ခါ အ​စာ​ကို​စား​စေ​ခြင်း​ငှာ ပေါ​လု​သည် လူ​အ​ပေါင်း​တို့​ကို​တိုက်​တွန်း​လျက်၊ သင်​တို့​သည် တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မျှော်​လင့်၍ ယ​နေ့​တိုင်​အောင် အ​စာ​မ​စား​ဘဲ ငတ်​မွတ်​လျက်​နေ​ကြ၏။- 34ထို​ကြောင့် အ​စာ​စား​ကြ​လော့။ စား​လျှင် ချမ်း​သာ​ရ​ခြင်း​အ​ကြောင်း ဖြစ်​လိမ့်​မည်။- 35သင်​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ​ဟု​ဆို​ပြီး​လျှင်၊ ပေါ​လု​သည် မုန့်​ကို​ယူ၍ ထို​သူ​များ​ရှေ့၌ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ စား​လေ၏။- 36ထို​သူ​အ​ပေါင်း​တို့​သည်​လည်း စိတ်​သက်​သာ​ခြင်း​ရှိ၍ အ​စာ​ကို စား​ကြ၏။- 37ထို​သင်္ဘော၌ ပါ​သော​သူ​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ရာ​ခု​နစ်​ကျိပ်​ခြောက်​ယောက် ရှိ​သ​တည်း။- 38ဝ​စွာ​စား​ပြီး​မှ ဆန်​စ​ပါး​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ၍ သင်္ဘော​ကို ပေါ့​စေ​ကြ၏။
သင်္ဘော​ပျက်​ခြင်း
39မိုး​လင်း​သော​အ​ခါ ထို​အ​ရပ်​ကို မ​သိ​သော်​လည်း၊ ထောင့်​ကွေ့​တစ်​ခု၌ သင်္ဘော​ဆိပ်​ရှိ​သည်​ကို မြင်​သော​ကြောင့်၊ သင်္ဘော​ကို အ​ထဲ​သို့​သွင်း​နိုင်​လျှင် သွင်း​မည်​ဟု အ​ကြံ​ရှိ​ကြ၏။- 40ကျောက်​ဆူး​တို့​ကို လွှတ်၍ ပင်​လယ်​ထဲ​သို့ ချ​လိုက်​ပြီး​မှ တက်​မ​တို့​ကို ဆိုင်း​သော​ကြိုး​များ​ကို ဖြည်၍၊ ရွက်​ကို​လေ၌ ဖြန့်​ဖွင့်​လျက် ကမ်း​နား​သို့ တိုက်​သွား​ကြ၏။- 41ရေ​ဆိုင်​ရာ​သို့​ရောက်​လျှင်၊ သင်္ဘော​ကို သောင်​ပေါ်​မှာ တင်​စေ၍ ဦး​မ​လှုပ်​ဘဲ​နေ​သ​ဖြင့် ပဲ့​ကို​လှိုင်း​တံ​ပိုး ရိုက်​သော​ကြောင့် ကျိုး၏။- 42ထို​အ​ခါ အ​ကျဉ်း​ခံ​သော​သူ​တို့​သည် ကုန်း​သို့​ကူး၍ ပြေး​မည်​ကို စိုး​ရိမ်​သော​ကြောင့် စစ်​သူ​ရဲ​တို့​သည် သတ်​မည်​ဟု​အ​ကြံ​ရှိ​ကြ၏။- 43တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 44ကြွင်း​သော​သူ​တို့​သည် ပျဉ်​ပြား​မှ​စ၍ သင်္ဘော​တန်​ဆာ​များ​ကို စီး​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​လေ၏။ ထို​သို့ လူ​အ​ပေါင်း​တို့​သည် ဘေး​နှင့် လွတ်၍ ကုန်း​ပေါ်​သို့ ရောက်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy