YouVersion Logo
Search Icon

တမန်တော် 26

26
အ​ဂြိ​ပ္ပ​မင်း​ရှေ့​ပေါ​လု​ချေ​ပ​ခြင်း
1ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။- 2အ​ဂြိ​ပ္ပ​မင်း​ကြီး၊- 3ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​သ​မျှ​သော​အ​ရာ​မှာ၊ ရှေ့​တော်၌ အ​ပြစ်​ဖြေ​စ​ရာ​စ​ကား​ကို ယ​နေ့​ပြော​ရ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်​တော်​သည် ယု​ဒ​ထုံး​တမ်း၊ ပု​စ္ဆာ​အ​မေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ထောက်၍ ကိုယ်၌​မင်္ဂ​လာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​မှတ်​ပါ၏။ ထို​ကြောင့် သည်း​ခံ​သော စိတ်​တော်​နှင့် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။
4ယေ​ရု​ရှ​လင်​မြို့​တွင် ကိုယ်​အ​မျိုး​သား​ချင်း​တို့၏​အ​ထဲ၌ အ​ကျွန်ုပ်​နေ​သ​ဖြင့်၊ ငယ်​သော​အ​သက်​အ​ရွယ်​မှ​စ၍၊ အ​ကျွန်ုပ်၏​အ​နေ အ​ထိုင်​အ​ပြု​အ​မူ​များ​ကို ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။- 5အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။-#တ၊ ၂၃:၆။ ဖိ၊ ၃:၅။ 6ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။- 7ယု​ဒ​လူ​တစ်​ဆယ်​နှစ်​မျိုး​တို့​သည် နေ့​ည​မ​ပြတ် ကြိုး​စား၍ ဘု​ရား​ဝတ်ကို​ပြု​သ​ဖြင့်၊ ထို​က​တိ​တော်​အ​တိုင်း ခံ​ရ​မည်​ဟု မျှော်​လင့်​ခြင်း​ရှိ​ကြ၏။ အို​အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ထို​မျှော်​လင့်​ခြင်း​တ​ရား​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​ကြ​ပါ၏။- 8သေ​လွန်​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​မည်​ဟူ​သော အ​ယူ​ကို​မ​ယူ​အပ်​ဟု သင်​တို့​သည် အ​ဘယ်​ကြောင့် ထင်​ကြ​ပါ​သ​နည်း။
9နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-#တ၊ ၈:၃၊ ၂၂:၄-၅။ 10ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။- 11ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို နှုတ်​ဖြင့် ပြစ်​မှား​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် အ​နိုင်​အ​ထက်​ပြု၍၊ ခပ်​သိမ်း​သော​တ​ရား​ဇ​ရပ်​တို့၌ ကြိမ်​ဖန်​များ​စွာ ဒဏ်​ပေး​ပါ၏။ ပြင်း​စွာ​သော အ​မျက်​ဒေါ​သ​နှင့် ယစ်​မူး​သ​ဖြင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တိုင်​အောင် သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ပါ၏။
ပြောင်း​လဲ​ခြင်း
(တ၊ ၉:၁-၁၉။ ၂၂:၆-၁၆)
12ထို​သို့​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ပေး​သော အ​ခွင့်​အ​ရာ​နှင့် အ​ကျွန်ုပ်​သည် ဒ​မာ​သက်​မြို့​သို့ သွား​စဉ်​တွင်၊- 13နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။- 14အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊- 15သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ဖြစ်​သ​တည်း။- 16သို့​သော်​လည်း၊ ထ၍​မတ်​တတ်​နေ​လော့။- 17ငါ​သည်​ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​မှ သင့်​ကို​ကယ်​လွှတ်၍၊- 18သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။
ပေါ​လု​၏​သက်​သေ​ခံ​ချက်
19အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကောင်း​ကင်​က​ဖြစ်​သော ထို​ဗျာ​ဒိတ်​တော်​ကို အ​ကျွန်ုပ်​သည် နား​မ​ထောင်​ဘဲ မ​နေ​ရ​ပါ။- 20လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။-#တ၊ ၉:၂၀။ ၂၈-၂၉။ 21ထို​အ​ကြောင်း​များ​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ အ​ကျွန်ုပ်​ကို​ဖမ်း​ဆီး၍ ကွပ်​မျက်​ခြင်း​ငှာ အား​ထုတ်​ကြ​ပါ၏။- 22သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- 23ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။#၁​ကော၊ ၁၅:၂၀။ ဟေ​ရှာ၊ ၄၂:၆-၄၉:၆။
24ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။- 25ပေါ​လု​က​လည်း၊ မြတ်​တော်​မူ​သော​ဖေ​တ္တု​မင်း၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ သ​မ္မာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကောင်း​သော​စိတ်​နှင့်​လည်း​ကောင်း၊ ယှဉ်​သော​စ​ကား​ကို ပြော​ပါ၏။- 26ဤ​အ​ရာ​များ​ကို အ​ဂြိ​ပ္ပ​မင်း​ကြီး သိ​တော်​မူ၏။ ထို​မင်း​ရှေ့​တော်၌ အ​ကျွန်ုပ်​အ​တည့်​အ​လင်း လျှောက်​ဝံ့​ပါ၏။ ဤ​အ​မှုအ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မင်း​ကြီး​မ​သိ​ဘဲ နေ​တော်​မ​မူ​ဟု အ​ကျွန်ုပ်​ထင်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဤ​အ​မှု​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ပြု​သော​အ​မှု မ​ဟုတ်​ပါ။- 27အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကိုယ်​တော်​သည် အ​နာ​ဂ​တ္တိ​ကျမ်း​စာ​ကို ယုံ​တော်​မူ​သ​လော။ ယုံ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်၏။- 28အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ သင်​သည် ဖြား​ယောင်း​သွေး​ဆောင်​သော​အား​ဖြင့်၊ ငါ​သည်​ခ​ရစ်​ယာန်​ဖြစ်​လု​ပြီ​ဟု ပေါ​လု​အား ပြော​ဆို​လျှင်၊- 29ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။- 30ထို​အ​ခါ မင်း​ကြီး​နှင့် ဗေ​ရ​နိတ်​သည် ထ၍ မြို့​ဝန်​မင်း​မှ​စ​သော အ​ပေါင်း​အ​ဖော်​များ​တို့​နှင့်​တ​ကွ၊- 31အ​ခြား​သို့​သွား​ပြီ​လျှင်၊ ဤ​သူ​သည် အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း ခံ​ထိုက်​သော​အ​မှု​ကို မ​ပြု​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- 32အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ဤ​သူ​သည် ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​မ​ဆို​မိ​လျှင် လွှတ်​သင့်​သည်​ဟု ဖေ​တ္တု​မင်း​အား​ဆို၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy