1
Psalms 90:12
TPV-RV (Thamma Pitakadaw)
TPV-RV
ကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း ကျွန်ုပ်တို့၏နေ့ရက်များကို မှန်ကန်စွာ ရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
Compare
Explore Psalms 90:12
2
Psalms 90:17
ကျွန်ုပ်၏အရှင်ဖြစ်တော်မူသည့် ဘုရားရှင်၏ကျေးဇူးပြုတော်မူခြင်းသည် ကျွန်ုပ်တို့အပေါ်သက်ရောက်ပါစေသော။ ကျွန်ုပ်တို့၏လက်ဖြင့်ပြုသောအမှုတို့ကို ကျွန်ုပ်တို့အတွက် မြဲမြံစေတော်မူပါ။ ဟုတ်ပါ၏။ ကျွန်ုပ်တို့၏လက်ဖြင့် ပြုသောအမှုတို့ကို မြဲမြံစေတော်မူပါ။
Explore Psalms 90:17
3
Psalms 90:14
နံနက်အချိန်၌ အရှင်၏မေတ္တာကရုဏာတော်အားဖြင့် ကျွန်ုပ်တို့ကို ပြည့်စုံကြွယ်ဝစေတော်မူပါ။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသက်တာ တစ်လျှောက်လုံး ရွှင်လနးစွာသီချင်းဆို၍ဝမ်းမြောက်ရပါလိမ့်မည်။
Explore Psalms 90:14
4
Psalms 90:2
တောင်များမဖြစ်ပေါ်မီ မြေကြီးနှင့် ကမ္ဘာလောကကို အရှင်ဖြစ်ပွားစေတော် မမူမီ ထာဝရကာလမှ ထာဝရကာလတိုင်အောင် အရှင်သည် ဘုရားရှင်ဖြစ်တော်မူ၏။
Explore Psalms 90:2
5
Psalms 90:1
အို ဘုရားရှင်၊ အရှင်သည် မျိုးဆက်အစဉ်အဆက် ကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
Explore Psalms 90:1
6
Psalms 90:4
အကြောင်းမူကား အရှင်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
Explore Psalms 90:4
Home
Bible
Plans
Videos